ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာကို တရားစွဲဆိုထားတဲ့အမှု တပ်မတော်ဖက်က အပြီးသတ်ရုတ်သိမ်း

ဧရာဝတီသတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာကို တရားစွဲဆိုထားတဲ့အမှု တပ်မတော်ဖက်က အပြီးသတ်ရုတ်သိမ်း

ရန်ကုန်၊ မတ် ၁၈-၂၀၂၀
ကိုထွန်း၊ လင်းခိုင်

ရခိုင်သွားသတင်းထောက်တယောက်ရဲ့ မြောက်ဦးမှတ်တမ်းဆောင်းပါးကို ဧရာဝတီမြန်မာပိုင်းမှာရေးသားဖေါ်ပြခဲ့တဲ့ ဧရာဝတီသတင်းဌာနက တာဝန်ခံအယ်ဒီတာဦးရဲနည်ကို တပ်မတော်က ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုအား ဒီကနေ့မှာ တပ်မတော်ဖက်ကနေ အမှုကိုအပြီးသတ်ရုတ်သိမ်းလိုက်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“အဓိကကတော့ သတင်းမီဒီယာကောင်စီရဲ့ မေတ္တာရပ်ခံကြားဝင်မှုကြောင့်ရယ်၊ စတုတ္ထမဏ္ဏိုင်အနေနဲ့ ဘက်မလိုက်ပဲ ခိုင်ခိုင်မာမာရပ်တည်နိုင်စေရေး၊ ဘက်လိုက်မှုမရှိဘဲ သတင်းကိုမှန်ကန်မျှတစွာ ရေးနိုင်စေရေး၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခဲ့တာဖြစ်တယ်။ မီဒီယာအနေနဲ့လည်း တပ်မတော်ရဲ့သတင်းတွေကိုရေးရင် ပြည်သူလူထုထင်ရောင်ထင်မှားဖြစ်အောင် မရေးဖို့အတွက်တော့ ကျွန်တော်ကတိုက်တွန်းချင်ပါတယ်။ အမှုကို အပြီးသတ်ရုတ်သိမ်းလိုက်တာပါ၊ ကျွန်တော်တို့အနေနဲ့ လူတိုင်းကိုလည်း တရားမစွဲဘူး ၊ ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်စေမယ့် အရာတွေကိုတော့ ထိုက်သင့်တဲ့ဥပဒေအရဆောင်ရွက်သွားဖို့တော့ ရှိပါတယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက VOMကို အတည်ပြုပြောပါတယ်။

တရားစွဲဆိုခံရတဲ့ ဧရာဝတီသတင်းဌာနက တာဝန်ခံအယ်ဒီတာ ဦးရဲနည်ကိုကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဘာမှအကြောင်းကြားတာမရှိသေးတော့၊ သေချာမသိရသေးဘူး။ လောလောဆယ် ဘာမှမပြောနိုင်သေးဘူး”လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ဧရာဝတီသတင်းဌာနက တာဝန်ခံအယ်ဒီတာဦးရဲနည်ရဲ့ အမှုကို မတ်လ၁၆ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံးမှာ စတင်ကြားနာစစ်ဆေးခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အမှုကိုအပြီးသတ်ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

Photo – ရွှေအင်းသားခင်မောင်ဝင်း
#VOM #voiceofmyanmar #ရန်ကုန် #ဧရာဝတီတာဝန်ခံအယ်ဒီတာအမှု #တပ်မတော်အပြီးသတ်ရုတ်သိမ်း

Zawgyi

ဧရာဝတီသတင္းဌာနရဲ႕ တာဝန္ခံအယ္ဒီတာကို တရားစြဲဆိုထားတဲ့အမွဳ တပ္မေတာ္ဖက္က အၿပီးသတ္ရုတ္သိမ္း

ရန္ကုန္၊ မတ္ ၁၈-၂၀၂၀
ကိုထြန္း၊ လင္းခုိင္

ရခိုင္သြားသတင္းေထာက္တေယာက္ရဲ႕ ေျမာက္ဦးမွတ္တမ္းေဆာင္းပါးကို ဧရာဝတီျမန္မာပိုင္းမွာေရးသားေဖၚျပခဲ့တဲ့ ဧရာဝတီသတင္းဌာနက တာဝန္ခံအယ္ဒီတာဦးရဲနည္ကို တပ္မေတာ္က ၆၆(ဃ)နဲ႔ တရားစြဲဆိုထားတဲ့အမွဳအား ဒီကေန႔မွာ တပ္မေတာ္ဖက္ကေန အမွဳကိုအၿပီးသတ္ရုတ္သိမ္းလုိက္တယ္လုိ႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“အဓိကကေတာ့ သတင္းမီဒီယာေကာင္စီရဲ႕ ေမတၱာရပ္ခံၾကားဝင္မွဳေၾကာင့္ရယ္၊ စတုတၳမဏၰိဳင္အေနနဲ႔ ဘက္မလိုက္ပဲ ခိုင္ခိုင္မာမာရပ္တည္ႏုိင္ေစေရး၊ ဘက္လုိက္မွဳမရိွဘဲ သတင္းကိုမွန္ကန္မွ်တစြာ ေရးႏုိင္ေစေရး၊ မီဒီယာဖြံ႕ၿဖိိဳးတုိးတက္ေရး ရည္ရြယ္ခ်က္နဲ႔ေဆာင္ရြက္ခဲ့တာျဖစ္တယ္။ မီဒီယာအေနနဲ႔လည္း တပ္မေတာ္ရဲ႕သတင္းေတြကိုေရးရင္ ျပည္သူလူထုထင္ေရာင္ထင္မွားျဖစ္ေအာင္ မေရးဖုိ႔အတြက္ေတာ့ ကၽြန္ေတာ္ကတုိက္တြန္းခ်င္ပါတယ္။ အမွဳကို အၿပီးသတ္ရုတ္သိမ္းလုိက္တာပါ၊ ကၽြန္ေတာ္တုိ႔အေနနဲ႔ လူတုိင္းကုိလည္း တရားမစြဲဘူး ၊ ျပည္သူလူထုကို ထင္ေရာင္ထင္မွားျဖစ္ေစမယ့္ အရာေတြကိုေတာ့ ထုိက္သင့္တဲ့ဥပေဒအရေဆာင္ရြက္သြားဖို႔ေတာ့ ရိွပါတယ္”လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက VOMကို အတည္ျပဳေျပာပါတယ္။

တရားစြဲဆုိခံရတဲ့ ဧရာဝတီသတင္းဌာနက တာဝန္ခံအယ္ဒီတာ ဦးရဲနည္ကိုကုိ ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ဘာမွအေၾကာင္းၾကားတာမရိွေသးေတာ့၊ ေသခ်ာမသိရေသးဘူး။ ေလာေလာဆယ္ ဘာမွမေျပာႏုိင္ေသးဘူး”လုိ႔ ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။

ဧရာဝတီသတင္းဌာနက တာဝန္ခံအယ္ဒီတာဦးရဲနည္ရဲ႕ အမႈကို မတ္လ၁၆ရက္ေန႔ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္တရား႐ုံးမွာ စတင္ၾကားနာစစ္ေဆးခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ အမွဳကိုအၿပီးသတ္ရုတ္သိမ္းလုိက္တာျဖစ္ပါတယ္။

Photo – ေရႊအင္းသားခင္ေမာင္ဝင္း
#VOM #voiceofmyanmar #ရန္ကုန္ #ဧရာဝတီတာဝန္ခံအယ္ဒီတာအမွဳ #တပ္မေတာ္အၿပီးသတ္ရုတ္သိမ္း

Related posts

Leave a Comment

VOM News

FREE
VIEW