မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား

မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်ခွင့် ယာယီပိတ်ထား

မန္တလေး၊ မတ် ၁၉-၂၀၂၀
ဖြူဖြူ(VOM)

လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တဲ့အနေနဲ့ မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းက မဟာဂန္ဓာရုံကျောင်းတိုက်ကို ပြည်တွင်းပြည်ပခရီးသွားတွေ ဝင်ရောက်လေ့လာခွင့်ကို ယာယီပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

” ကျန်းမာရေးအတွက် ရှေးရှုပြီး တားမြစ်လိုက်တာပါ။ မလာစေချင်တာမျိုးကြောင့် မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ရောဂါ(COVID 19) အခြေအနေအရ တားမြစ်တာပါ။ မဖြစ်ခင်ကြိုတင်ကာကွယ် ဆိုသလိုပဲ ဆရာတော်ကြီးက ကြိုတင်ကာကွယ်တဲ့ သဘောပိတ်တာပါ။ ” လို့ မဟာဂန္ဓာရုံ ကျောင်းတိုက်အနုနာယက ဂဏဝါစက စာချဆရာတော် အရှင်ဝဏ္ဏိဿရ က မိန့်ပါတယ်။

COVID 19 ရောဂါကို ကမ္ဘ့ာကပ်ရောဂါအဖြစ် WHO ကကြေညာလိုက်ပြီးနောက် ပွဲလမ်းသဘင် ၊ အခမ်းအနားနဲ့ လူစုလူဝေးဖြစ်စေတဲ့ အခြေအနေတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတရုံးကနေ မတ် ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်မှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေကိုလည်း ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်နိုင်အောင် မတ်လ ၁၈ ရက်ကစပြီး ဝင်ရောက်ခွင့်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလိုထုတ်ပြန်ပြီး နောက်တစ်ရက် မတ်လ ၁၉ ရက်မှာတော့ လာရောက်လေ့လာတဲ့ ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိဘူးလို့လည်း သိရပါတယ်။

COVID 19 ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့အနေအထားဖြစ်ကြောင်း သက်ဆိုင်ရာ အစိုးရဌာနတွေက ညွှန်ကြားချက်တွေ ထွက်ရှိလာမှသာ ဝင်ရောက်လေ့လာခွင့်ကို ပြန်လည် ခွင့်ပြုပေးသွားမယ်လို့ ဆရာတော် အရှင်ဝဏ္ဏိဿရ က မိန့်ကြားပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်ဟာ တောင်သမန်အင်းအနောက်ဘက်ခြမ်းမှာရှိပြီး ပုံမှန်အားဖြင့် ဆရာတော် သံဃာတော်တွေကို ဖူးမြော်ရင်း လာရောက်လေ့လာတဲ့ ပြည်တွင်းပြည်ပခရီးသွား ၂၀၀၀ ကျော် နေ့စဉ်ဝင်ရောက်မှု ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #မဟာဂန္ဓာရုံကျောင်းတိုက် #ဧည့်သည်ဝင်ခွင့် #ယာယီပိတ်

Zawgyi

မဟာဂႏၶာ႐ုံေက်ာင္းတိုက္အတြင္း ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္ဝင္ေရာက္ခြင့္ ယာယီပိတ္ထား

မႏၲေလး၊ မတ္ ၁၉-၂၀၂၀
ျဖဴျဖဴ(VOM)

လတ္တေလာျဖစ္ေပၚေနတဲ့ COVID 19 ကူးစက္ပ်ံ႕ႏွံ႔မႈကို ကာကြယ္တဲ့အေနနဲ႔ မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္အတြင္းက မဟာဂႏၶာ႐ုံေက်ာင္းတိုက္ကို ျပည္တြင္းျပည္ပခရီးသြားေတြ ဝင္ေရာက္ေလ့လာခြင့္ကို ယာယီပိတ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

” က်န္းမာေရးအတြက္ ေရွးရႈၿပီး တားျမစ္လိုက္တာပါ။ မလာေစခ်င္တာမ်ိဳးေၾကာင့္ မဟုတ္ပါဘူး။ ျဖစ္ပ်က္ေနတဲ့ေရာဂါ(COVID 19) အေျခအေနအရ တားျမစ္တာပါ။ မျဖစ္ခင္ႀကိဳတင္ကာကြယ္ ဆိုသလိုပဲ ဆရာေတာ္ႀကီးက ႀကိဳတင္ကာကြယ္တဲ့ သေဘာပိတ္တာပါ။ ” လို႔ မဟာဂႏၶာ႐ုံ ေက်ာင္းတိုက္အႏုနာယက ဂဏဝါစက စာခ်ဆရာေတာ္ အရွင္ဝဏၰိႆရ က မိန႔္ပါတယ္။

COVID 19 ေရာဂါကို ကမၻ့ာကပ္ေရာဂါအျဖစ္ WHO ကေၾကညာလိုက္ၿပီးေနာက္ ပြဲလမ္းသဘင္ ၊ အခမ္းအနားနဲ႔ လူစုလူေဝးျဖစ္ေစတဲ့ အေျခအေနေတြကို ရပ္ဆိုင္းဖို႔ ႏိုင္ငံေတာ္သမၼတ႐ုံးကေန မတ္ ၁၃ ရက္က ထုတ္ျပန္ခဲ့ပါတယ္။

မဟာဂႏၶာ႐ုံေက်ာင္းတိုက္မွာရွိတဲ့ ဆရာေတာ္၊ သံဃာေတာ္ေတြကိုလည္း ကူးစက္ပ်ံ႕ႏွံ႔မႈကေန ကာကြယ္ႏိုင္ေအာင္ မတ္လ ၁၈ ရက္ကစၿပီး ဝင္ေရာက္ခြင့္ကန္႔သတ္လိုက္တာ ျဖစ္ပါတယ္။

အဲဒီလိုထုတ္ျပန္ၿပီး ေနာက္တစ္ရက္ မတ္လ ၁၉ ရက္မွာေတာ့ လာေရာက္ေလ့လာတဲ့ ခရီးသြားဧည့္သည္ဝင္ေရာက္မႈ မရွိဘူးလို႔လည္း သိရပါတယ္။

COVID 19 ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈနဲ႔ ပတ္သက္ၿပီး စိတ္ခ်ရတဲ့အေနအထားျဖစ္ေၾကာင္း သက္ဆိုင္ရာ အစိုးရဌာနေတြက ၫႊန္ၾကားခ်က္ေတြ ထြက္ရွိလာမွသာ ဝင္ေရာက္ေလ့လာခြင့္ကို ျပန္လည္ ခြင့္ျပဳေပးသြားမယ္လို႔ ဆရာေတာ္ အရွင္ဝဏၰိႆရ က မိန္႔ၾကားပါတယ္။

မဟာဂႏၶာ႐ုံေက်ာင္းတိုက္ဟာ ေတာင္သမန္အင္းအေနာက္ဘက္ျခမ္းမွာရွိၿပီး ပုံမွန္အားျဖင့္ ဆရာေတာ္ သံဃာေတာ္ေတြကို ဖူးေျမာ္ရင္း လာေရာက္ေလ့လာတဲ့ ျပည္တြင္းျပည္ပခရီးသြား ၂၀၀၀ ေက်ာ္ ေန႔စဥ္ဝင္ေရာက္မႈ ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #မဟာဂႏၶာ႐ုံေက်ာင္းတိုက္ #ဧည့္သည္ဝင္ခြင့္ #ယာယီပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW