မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး

မြောက်ဦးခရိုင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်ကဖမ်းဆီး

ကျောက်တော်၊ မတ် ၁၉-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းက မျောက်တောင်ကျေးရွာမှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တပ်မတော်စစ်ကြောင်းက ဒီကနေ့မနက်ပိုင်းမှာ ဖမ်ဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုတွေကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူဟာ မြောက်ဦးခရိုင်ကျန်းမာရေးဌာန၊ ငှက်ဖျားဌာနခွဲတာဝန်ခံ ဦးလှမောင်သိန်းဖြစ်ပြီး ကျောက်တော်ကနေ စာမေးပွဲဖြေဆိုကာ ပြန်လာတဲ့သမီးကို သွားကြိုတဲ့အချိန် တပ်မတော်စစ်ကြောင်းက ကျေးရွာထိပ်ကနေ ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မြောက်ဦးဆရာဝန်ကြီးကပြောပါတယ်။

“ကျွန်တော်တို့သိရတာက ဖမ်းဆီးခံရတာဟုတ်တယ်။ သူကမိန်းမနဲ့အတူ ကလေးသွားခေါ်ဖို့အတွက် ဆိုင်ကယ်နဲ့လာတဲ့အချိန် ရွာထဲနားမှာ ဖမ်းဆီးခံရတယ်လို့သိရတယ်။”လို့ မြောက်ဦးဆေးရုံက ဆရာဝန်ကြီး ဒေါက်တာခင်မောင်သန်းကပြောပါတယ်။

အဲ့ဒီကျန်းမာရေးဝန်ထမ်းကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာနဲ့ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူတွေကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

“အခုလိုဖမ်းဆီးခံလိုက်ရတယ်ဆိုတော့ စိုးရိမ်မိတာပေါ့နော်။ ကျွန်မယောက်ျားက ဘာအပြစ်မှမရှိပေမယ့် သူ့ကိုသတ်မှာလား။ ရိုက်မှာလား။ တော်တော်လေးကိုစိတ်ပူနေပါတယ်။ ကျွန်မနဲ့အတူသွားနေတာမှာ စစ်ဆေးပြီး ရွာနောက်က တောင်ပေါ်ကိုခေါ်သွားတာပါ။ ကျွန်မကိုကျန်ခဲ့ဆိုပြီးထားခဲ့တာပါ။”လို့ ဖမ်းဆီးခံရသူရဲ့ဇနီးဖြစ်သူ ဒေါ်အောင်နုကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရသူ ဦးလှမောင်သိန်းနဲ့ အဆက်အသွယ်မရရှိသေးပေမယ့် ဌာနအနေနဲ့ အဆက်အသွယ်ရရှိဖို့အတွက် ကြိုးစားနေတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #ကျန်းမာရေးဝန်ထမ်း #တပ်မတော်ဖမ်းဆီး

Zawgyi

ေျမာက္ဦးခရိုင္ က်န္းမာေရးဝန္ထမ္းတစ္ဦးကုိ တပ္မေတာ္ကဖမ္းဆီး

ေက်ာက္ေတာ္၊ မတ္ ၁၉-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေမ်ာက္ေတာင္ေက်းရြာမွာ က်န္းမာေရးဝန္ထမ္းတစ္ဦးကို တပ္မေတာ္စစ္ေၾကာင္းက ဒီကေန႔မနက္ပိုင္းမွာ ဖမ္ဆီးေခၚေဆာင္သြားခဲ့တယ္လို႔ မိသားစုေတြကေျပာပါတယ္။

ဖမ္းဆီးခံလိုက္ရသူဟာ ေျမာက္ဦးခရိုင္က်န္းမာေရးဌာန၊ ငွက္ဖ်ားဌာနခြဲတာဝန္ခံ ဦးလွေမာင္သိန္းျဖစ္ၿပီး ေက်ာက္ေတာ္ကေန စာေမးပြဲေျဖဆိုကာ ျပန္လာတဲ့သမီးကို သြားႀကိဳတဲ့အခ်ိန္ တပ္မေတာ္စစ္ေၾကာင္းက ေက်းရြာထိပ္ကေန ဖမ္းဆီးသြားခဲ့တာျဖစ္တယ္လို႔ ေျမာက္ဦးဆရာဝန္ႀကီးကေျပာပါတယ္။

“ကၽြန္ေတာ္တို႔သိရတာက ဖမ္းဆီးခံရတာဟုတ္တယ္။ သူကမိန္းမနဲ႔အတူ ကေလးသြားေခၚဖုိ႔အတြက္ ဆိုင္ကယ္နဲ႔လာတဲ့အခ်ိန္ ရြာထဲနားမွာ ဖမ္းဆီးခံရတယ္္လို႔သိရတယ္။”လို႔ ေျမာက္ဦးေဆးရံုက ဆရာဝန္ႀကီး ေဒါက္တာခင္ေမာင္သန္းကေျပာပါတယ္။

အဲ့ဒီက်န္းမာေရးဝန္ထမ္းကို တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးသြားခဲ့တာနဲ႔ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရသူေတြကို ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားခဲ့ျခင္းမရွိပါဘူး။

“အခုလိုဖမ္းဆီးခံလိုက္ရတယ္ဆိုေတာ့ စိုးရိမ္မိတာေပါ့ေနာ္။ ကၽြန္မေယာက္်ားက ဘာအျပစ္မွမရွိေပမယ့္ သူ႔ကိုသတ္မွာလား။ ရိုက္မွာလား။ ေတာ္ေတာ္ေလးကိုစိတ္ပူေနပါတယ္။ ကၽြန္မနဲ႔အတူသြားေနတာမွာ စစ္ေဆးၿပီး ရြာေနာက္က ေတာင္ေပၚကိုေခၚသြားတာပါ။ ကၽြန္မကိုက်န္ခဲ့ဆိုၿပီးထားခဲ့တာပါ။”လို႔ ဖမ္းဆီးခံရသူရဲ႕ဇနီးျဖစ္သူ ေဒၚေအာင္ႏုကေျပာပါတယ္။

ဖမ္းဆီးခံလိုက္ရသူ ဦးလွေမာင္သိန္းနဲ႔ အဆက္အသြယ္မရရွိေသးေပမယ့္ ဌာနအေနနဲ႔ အဆက္အသြယ္ရရွိဖုိ႔အတြက္ ႀကိဳးစားေနတယ္လို႔ ေဒါက္တာခင္ေမာင္သန္းက ေျပာပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #က်န္းမာေရးဝန္ထမ္း #တပ္မေတာ္ဖမ္းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW