ထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

#voiceofmyanmar #VOM #ထိုုင္းေရာက္ျမန္မာ၂ေယာက္ကိုုရိုုနာကူးစက္ခံရ

ထိုင်းရောက်မြန်မာနိုင်ငံသား ၂ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

 

မတ် ၂၀ -၂၀၂၀

သိင်္ဂီ (VOM)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာနိုင်ငံသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။

အဆိုပါ ရောဂါကူးစက်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးကို ဆေးရုံမှာ ဆေးကုသစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

” ထိုင်းနိုင်ငံ ဘန်ကောက်ကပါ။ အဲ့ဒါပဲပြောလို့ရမယ်။ လောလောဆယ် ဆေးရုံမှာကုသမှုခံယူနေတယ်။ ဘယ်အရပ်ဒေသကလဲ ဘယ်ကလာလဲဆိုတာတော့ မသိနိုင်သေးဘူး။ အလုပ်သမားတွေအကုန်လုံးက ထိုင်းမှာဖြစ်တယ် မြန်မာမှာမဟုတ်ဘူး ဒီတော့ မြန်မာပြည်က ဝန်ကြီးဌာန အနေနဲ့ ထိုင်းမှာရှိတဲ့ သူတွေကို ဘယ်လိုကွန်တကိလုပ်ပြီးသွားလုပ်မလဲ ။ ခုလည်းဝန်ကြီးဌာနချင်းပူးပေါင်းနေလို့ ရောဂါဖြစ်တဲ့အခြေအနေကိုသိရတာပေါ့” လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၀ ဦး ထပ်တိုးလာကြောင်းနဲ့ ဒီထပ်တိုး ၅၀ ထဲမှာ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို အလုပ်လာလုပ်တဲ့ အလုပ်သမား ၂ ယောက် ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီ အလုပ်သမား နှစ်ယောက်ဟာ လူထူထပ်တဲ့ နေရာမှာ အလုပ်လုပ်နေကြရသူတွေ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပေမယ့် ဒီအလုပ်သမား နှစ်ယောက်ဟာ ထိုင်းနိုင်ငံ ရဲ့ ဘယ်နေရာမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံဘယ်အရပ်ဒေသက လာတယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဒီမြန်မာနိုင်ငံသား နှစ်ယောက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကိုချိတ်ဆက် အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

” ကြိုတင်ကာကွယ်တဲ့အနေနဲ့လုပ်တာတွေပဲရှိတယ်။ တကယ်တမ်းဖြစ်ပြီဆိုရင်တော့ ဒီကိုလည်းပြန်လာလို့မရတော့ဘူး။ဟိုမှာပဲ သီးသန့်စစ်တာ ကုသတာတွေလုပ်ရမယ်။အဓိက သက်ဆိုင်ရာ သံရုံး၊အလုပ်သမားဌာန အားလုံးချိတ်ဆက်ပူးပေါင်းလုပ်ရမှာပါ” လို့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ မြန်မာနိုင်ငံကနေ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို ရက်အကန့်အသတ်မရှိပိတ်သိမ်းခဲ့သလို ထိုင်းမှာရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့လည်း ဧပြီလကုန်အထိ မြန်မာနိုင်ငံထဲကို ပြန်မလာဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ထိုင်းဘက်ကနေ မြန်မာနိုင်ငံသားတချို့ ပြန်လာမှုတွေရှိနေတယ်လို့ အလုပ်သမား ဝန်ကြီးဌာနကသိရပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာမတ်လ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်အထိ ကူးစက်နေပြီး ဓာတ်ခွဲအတည်ပြုလူနာ ၂ သိန်းကျော်အထိရှိလာနေကာ သေဆုံး သူပေါင်းက ၈၀၀၀ ကျော်ထိရှိလာနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထိုင်းရောက်မြန်မာ၂ယောက်ကိုရိုနာကူးစက်ခံရ

 

ထိုုင္းေရာက္ျမန္မာနိုုင္ငံသား ၂ေယာက္ ကိုုရိုုနာဗိုုင္းရပ္စ္ကူးစက္ခံရ

 

မတ္၂၀-၂၀၂၀

သိဂႌ(VOM)

 

ထိုင္းႏိုင္ငံဘန္ေကာက္မွာျမန္မာႏိုင္ငံသား၂ဦးကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရတယ္လို႔ထိုင္းႏိုင္ငံက်န္းမာေရးဝန္ၾကီးဌာနနဲ႔ျမန္မာႏိုင္ငံကက်န္းမာေရးဝန္ႀကီးဌာနကအတည္ျပဳေျပာဆိုလိုက္ပါတယ္။

 

အဆိုပါေရာဂါကူးစက္ခံရသူျမန္မာႏိုင္ငံသား၂ဦးကိုေဆး႐ုံမွာေဆးကုသစစ္ေဆးမႈေတြျပဳလုပ္ေနၿပီျဖစ္တယ္လို႔သိရပါတယ္။

 

“ထိုင္းႏိုင္ငံဘန္ေကာက္ကပါ။ အဲ့ဒါပဲေျပာလို႔ရမယ္။ ေလာေလာဆယ္ေဆး႐ုံမွာကုသမႈခံယူေနတယ္။ ဘယ္အရပ္ေဒသကလဲဘယ္ကလာလဲဆိုတာေတာ့မသိႏိုင္ေသးဘူး။ အလုပ္သမားေတြအကုန္လုံးကထိုင္းမွာျဖစ္တယ္ျမန္မာမွာမဟုတ္ဘူးဒီေတာ့ျမန္မာျပည္ကဝန္ႀကီးဌာနအေနနဲ႔ထိုင္းမွာ႐ွိတဲ့သူေတြကိုဘယ္လိုကြန္တကိလုပ္ၿပီးသြားလုပ္မလဲ။ခုလည္းဝန္ႀကီးဌာနခ်င္းပူးေပါင္းေနလို႔ေရာဂါျဖစ္တဲ့အေျခအေနကိုသိရတာေပါ့” လို႔ျပည္သူ႔က်န္းမာေရးဦးစီးဌာနကဒုတိယညႊန္ၾကားေရးမွဴးေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

 

ထိုင္းႏိုင္ငံက်န္းမာေရးဝန္ၾကီးဌာနကေတာ့ဒီေန႔ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာထိုင္းႏိုင္ငံထဲကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ၅၀ဦးထပ္တိုးလာေၾကာင္းနဲ႔ဒီထပ္တိုး၅၀ထဲမွာျမန္မာႏိုင္ငံကထိုင္းႏိုင္ငံကိုအလုပ္လာလုပ္တဲ့အလုပ္သမား၂ေယာက္ပါတယ္လို႔ထုတ္ျပန္ထားပါတယ္။

 

ဒီအလုပ္သမားႏွစ္ေယာက္ဟာလူထူထပ္တဲ့ေနရာမွာအလုပ္လုပ္ေနၾကရသူေတြျဖစ္တယ္လို႔ထိုင္းက်န္းမာေရးဝန္ၾကီးဌာနကဆိုထားေပမယ့္ဒီအလုပ္သမားႏွစ္ေယာက္ဟာထိုင္းႏိုင္ငံရဲ့ဘယ္ေနရာမွာအလုပ္လုပ္ၿပီးျမန္မာႏိုင္ငံဘယ္အရပ္ေဒသကလာတယ္ဆိုတာကိုေတာ့အေသးစိတ္ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ဒီျမန္မာႏုိင္ငံသားႏွစ္ေယာက္နဲ႔ပတ္သက္ျပီးျမန္မာႏိုင္ငံက်န္းမာေရးဝန္ၾကီးဌာနကိုခ်ိတ္ဆက္အေၾကာင္းၾကားထားျပီးျဖစ္တယ္လို႔သိရပါတယ္။

 

“ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔လုပ္တာေတြပဲ႐ွိတယ္။တကယ္တမ္းျဖစ္ၿပီဆိုရင္ေတာ့ဒီကိုလည္းျပန္လာလို႔မရေတာ့ဘူး။ဟိုမွာပဲသီးသန္႔စစ္တာကုသတာေတြလုပ္ရမယ္။အဓိကသက္ဆိုင္ရာသံ႐ုံး၊အလုပ္သမားဌာနအားလုံးခ်ိတ္ဆက္ပူးေပါင္းလုပ္ရမွာပါ” လို႔အလုပ္သမားဝန္ႀကီးဌာနကအျမဲတမ္းအတြင္းဝန္ဦးမ်ိဳးေအာင္ကေျပာပါတယ္။

 

ၿပီးခဲ့တဲ့ရက္ကပဲျမန္မာႏိုင္ငံကေနျပည္ပသြားေရာက္အလုပ္လုပ္ကိုင္ခြင့္ကိုရက္အကန္႔အသတ္မ႐ွိပိတ္သိမ္းခဲ့သလိုထိုင္းမွာေရာက္႐ွိေနတဲ့ျမန္မာေတြအေနနဲ႔လည္းဧၿပီလကုန္အထိျမန္မာႏိုင္ငံထဲကိုျပန္မလာဖို႔အသိေပးထုတ္ျပန္ထားပါတယ္။

 

ဒါေပမယ့္လည္းထိုင္းဘက္ကေနျမန္မာႏိုင္ငံသားတခ်ိဳ႕ျပန္လာမႈေတြ႐ွိေနတယ္လို႔အလုပ္သမားဝန္ႀကီးဌာနကသိရပါတယ္။လက္႐ွိကို႐ိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈဟာမတ္လကမၻာ့ႏိုင္ငံေပါင္း၁၆၀ေက်ာ္အထိကူးစက္ေနၿပီးဓာတ္ခြဲအတည္ျပဳလူနာ၂သိန္းေက်ာ္အထိ႐ွိလာေနကာေသဆုံးသူေပါင္းက၈၀၀၀ေက်ာ္ထိ႐ွိလာေနၿပီျဖစ္ပါတယ္။

 

#voiceofmyanmar #VOM #ထိုုင္းေရာက္ျမန္မာ၂ေယာက္ကိုုရိုုနာကူးစက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW