ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ်

#VOM #voiceofmyanmar #မႏၲေလး #ရာဇာစိုး #ေငြစုေငြေခ်း

ရာဇာစိုးငွေစုငွေချေးအသင်းမှာ ငွေစုသူတွေ သူတို့ငွေပြန်မရသေးလို့ ရှင်းလင်းပွဲလုပ်

မန္တလေး၊ မတ် ၂၀-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ ၈၁လမ်းနဲ့ ၄၁လမ်းထောင့်မှာဖွင့်ထားတဲ့ ရာဇာစိုးငွေစုငွေချေးလုပ်ငန်းက ငွေစုသူတွေရဲ့ ငွေတွေကို ငွေကြေးမလည်ပတ်နိုင်တဲ့အတွက် ငွေထုတ်တဲ့လုပ်ငန်းကိုရပ်တန့်တယ်လို့ ဖေဖော်ဝါရီလ ၃ရက်နေ့ကကြေညာခဲ့ပါတယ်။

အဲ့ဒီလိုကြေညာတဲ့နေ့ကစပြီး ငွေစုသူတွေရဲ့ ငွေတွေကို ဒီကနေ့အချိန်ထိ ပြန်လည်ထုတ်ပေးခြင်းမရှိတဲ့အတွက် နစ်နာသူတွေဟာ သူတို့ရဲ့ငွေတွေ‌ကိုပြန်လိုချင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက မန္တလေးလူထုစင်တာမှာ ရှင်းလင်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

“ဒီရာဇာစိုးအသင်းမှာ ကျွန်တော်တို့ အသင်းသား/သူ နှစ်ထောင့် ခုနှစ်ရာကျော် နစ်နာသူတွေရဲ့ ငွေကြေးတွေကို ပြန်လိုချင်တယ်၊ ကျွန်တော်တို့ရဲ့ ချွေးနည်းစာ ၊ တရားဝင်နစ်နာတဲ့အချက်တွေကို ရိုးသားစွာ မီဒီယာကနေတဆင့်ပြောပြချင်တဲ့အတွက် ခုလိုရှင်းလင်းပွဲပြုလုပ်တာပါ”လို့ ရာဇာစိုးငွေစုငွေချေးအသင်းသား ဦးမြင့်ထူးကပြောပါတယ်။

ခုလိုဖြစ်နေတဲ့အကြောင်းအရာတွေကို အသင်းရဲ့တာဝန်ရှိသူတွေက ဒီကနေ့အချိန်ထိ ငွေကြေးဘယ်လောက်ရှိနေတယ်၊ အမြတ်ငွေဘယ်လောက်ရနေသလဲ၊ ဘာကြောင့် အခုလို ဖြစ်ပျက်သွားလဲဆိုတာတွေကို တရားဝင်အသိပေးစာထုတ်ပြန်တာ မရှိသေးဘူးလို့ အသင်းသူ/သားတွေက ပြောပါတယ်။

ငွေစုတဲ့သူတွေထဲက သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးအရိယာဝံသမိန့်တာက” ဆရာတော်တို့က နဝကမ္မအလှူငွေတွေကို အပ်နှံထားတာဖြစ်တယ်၊ ဆရာတော်တို့လုပ်နေတဲ့ ကျောင်းသား ၄၀၀ကျော်ကို နှစ်စဉ်ထောက်ပံ့တာလုပ်တယ်၊ ခုလို ငွေရေးကြေးရေးပြဿနာတွေဖြစ်လိုက်တော့ ကျောင်းသားတွေရော အကုန်ဒုက္ခရောက်ကုန်တယ်။ ဆရာတော်‌တို့‌အနေနဲ့ကတော့ ဝမ်းနည်ပါတယ်”လို့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အသင်းသား/သူတွေဟာ အစိုးရဆီကို အကူအညီတောင်းထားပြီး မတ်လ၂၄ရက်နေ့မှာ အသင်းသားစုံညီ အစည်းအဝေးခေါ်ပေးဖို့အတွက် တောင်းဆိုမှုတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။

ရာဇာစိုးငွေစုငွေချေးလုပ်ငန်းဟာ ၁၉၉၅ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး အသင်းပိုင်ရှင်ဦးရာစိုးသေပြီးနောက် သားဖြစ်သူ ဦးကျော်ကျော်စိုးက ဆက်လက်တာဝန်ယူပြီး ခုလိုငွေကြေး မလည်ပတ်နိုင်တဲ့ ပြဿနာတွေဖြစ်လာတာပါ။

လက်ရှိမှာ အသင်းသားတစ်ဦးကို အနည်းဆုံးသိန်းပေါင်းရာချီနဲ့ အများဆုံး သိန်းထောင်ချီစုထားတဲ့သူတွေရှိနေပြီး ငွေစုသူတွေအများစုကတော့ အစိုးရအငြိမ်းစား၊ သာသနာ့ဝန်ထမ်းနဲ့ စာပေလုပ်ငန်းရှင်တွေ ငွေစုတာဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ရာဇာစိုး #ငွေစုငွေချေး

zawgyi

ရာဇာစိုးေငြစုေငြေခ်းအသင္းမွာ ေငြစုသူေတြ သူတို႔ေငြျပန္မရေသးလို႔ ရွင္းလင္းပြဲလုပ္

မႏၲေလး၊ မတ္ ၂၀-၂၀၂၀
လင္းခိုင္(VOM)

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ ၊ ၈၁လမ္းနဲ႔ ၄၁လမ္းေထာင့္မွာဖြင့္ထားတဲ့ ရာဇာစိုးေငြစုေငြေခ်းလုပ္ငန္းက ေငြစုသူေတြရဲ႕ ေငြေတြကို ေငြေၾကးမလည္ပတ္ႏိုင္တဲ့အတြက္ ေငြထုတ္တဲ့လုပ္ငန္းကိုရပ္တန႔္တယ္လို႔ ေဖေဖာ္ဝါရီလ ၃ရက္ေန႔ကေၾကညာခဲ့ပါတယ္။

အဲ့ဒီလိုေၾကညာတဲ့ေန႔ကစၿပီး ေငြစုသူေတြရဲ႕ ေငြေတြကို ဒီကေန႔အခ်ိန္ထိ ျပန္လည္ထုတ္ေပးျခင္းမရွိတဲ့အတြက္ နစ္နာသူေတြဟာ သူတို႔ရဲ႕ေငြေတြ‌ကိုျပန္လိုခ်င္တဲ့အတြက္ ဒီကေန႔မနက္ပိုင္းက မႏၲေလးလူထုစင္တာမွာ ရွင္းလင္းမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။

“ဒီရာဇာစိုးအသင္းမွာ ကြၽန္ေတာ္တို႔ အသင္းသား/သူ ႏွစ္ေထာင့္ ခုႏွစ္ရာေက်ာ္ နစ္နာသူေတြရဲ႕ ေငြေၾကးေတြကို ျပန္လိုခ်င္တယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ေခြၽးနည္းစာ ၊ တရားဝင္နစ္နာတဲ့အခ်က္ေတြကို ႐ိုးသားစြာ မီဒီယာကေနတဆင့္ေျပာျပခ်င္တဲ့အတြက္ ခုလိုရွင္းလင္းပြဲျပဳလုပ္တာပါ”လို႔ ရာဇာစိုးေငြစုေငြေခ်းအသင္းသား ဦးျမင့္ထူးကေျပာပါတယ္။

ခုလိုျဖစ္ေနတဲ့အေၾကာင္းအရာေတြကို အသင္းရဲ႕တာဝန္ရွိသူေတြက ဒီကေန႔အခ်ိန္ထိ ေငြေၾကးဘယ္ေလာက္ရွိေနတယ္၊ အျမတ္ေငြဘယ္ေလာက္ရေနသလဲ၊ ဘာေၾကာင့္ အခုလို ျဖစ္ပ်က္သြားလဲဆိုတာေတြကို တရားဝင္အသိေပးစာထုတ္ျပန္တာ မရွိေသးဘူးလို႔ အသင္းသူ/သားေတြက ေျပာပါတယ္။

ေငြစုတဲ့သူေတြထဲက သံဃာေတာ္တစ္ပါးျဖစ္တဲ့ ဦးအရိယာဝံသမိန႔္တာက” ဆရာေတာ္တို႔က နဝကမၼအလႉေငြေတြကို အပ္ႏွံထားတာျဖစ္တယ္၊ ဆရာေတာ္တို႔လုပ္ေနတဲ့ ေက်ာင္းသား ၄၀၀ေက်ာ္ကို ႏွစ္စဥ္ေထာက္ပံ့တာလုပ္တယ္၊ ခုလို ေငြေရးေၾကးေရးျပႆနာေတြျဖစ္လိုက္ေတာ့ ေက်ာင္းသားေတြေရာ အကုန္ဒုကၡေရာက္ကုန္တယ္။ ဆရာေတာ္‌တို႔‌အေနနဲ႔ကေတာ့ ဝမ္းနည္ပါတယ္”လို႔ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အသင္းသား/သူေတြဟာ အစိုးရဆီကို အကူအညီေတာင္းထားျပီး မတ္လ၂၄ရက္ေန႔မွာ အသင္းသားစုံညီ အစည္းအေဝးေခၚေပးဖို႔အတြက္ ေတာင္းဆိုမႈေတြ လုပ္သြားမယ္လို႔လည္း သိရပါတယ္။

ရာဇာစိုးေငြစုေငြေခ်းလုပ္ငန္းဟာ ၁၉၉၅ခုႏွစ္ကတည္းက စတင္တည္ေထာင္ခဲ့ၿပီး အသင္းပိုင္ရွင္ဦးရာစိုးေသျပီးေနာက္ သားျဖစ္သူ ဦးေက်ာ္ေက်ာ္စိုးက ဆက္လက္တာ၀န္ယူၿပီး ခုလိုေငြေၾကး မလည္ပတ္ႏိုင္တဲ့ ျပႆနာေတြျဖစ္လာတာပါ။

လက္ရွိမွာ အသင္းသားတစ္ဦးကို အနည္းဆုံးသိန္းေပါင္းရာခ်ီနဲ႔ အမ်ားဆုံး သိန္းေထာင္ခ်ီစုထားတဲ့သူေတြရွိေနၿပီး ေငြစုသူေတြအမ်ားစုကေတာ့ အစိုးရအၿငိမ္းစား၊ သာသနာ့ဝန္ထမ္းနဲ႔ စာေပလုပ္ငန္းရွင္ေတြ ေငြစုတာျဖစ္တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မႏၲေလး #ရာဇာစိုး #ေငြစုေငြေခ်း

Related posts

Leave a Comment

VOM News

FREE
VIEW