ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး တောင်ဗွေရွာက အရပ်သား ၅ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျည်ကျပြီး တောင်ဗွေရွာက အရပ်သား ၅ ဦးဒဏ်ရာရ

ကျောက်တော်၊ မတ် ၂၁- ၂၀၂၀
ခိုင်လင်းစံ (VOM)

ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် ၇ နာရီကျော်လောက်က လက်နက်ကြီးကျည်စထိမှန်ပြီး တောင်ဗွေ(ရွာသစ်)ကျေးရွာက ဒေသခံအရပ်သား အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက် (၉) နှစ်အရွယ်မိန်းကလေး ဆူနီး ဆိုသူမှာ တင်ပါးဒဏ်ရာ နဲ့ ယောင်္ကျားလေး ဆာဒေဆိုသူမှာ ခြေထောက်ဒဏ်ရာ၊ ဒေါ်နိုကိုလိမ်းဆိုတဲ့ အသက် (၇၅) နှစ်မှာ မျက်နှာမှာ ဒဏ်ရာ၊ ဟာတေ ဆိုသူမှာ အသက် (၃၇) နှစ်အမျိုးသားမှာ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ခေနီးဆိုသူမှာ ခြေထောက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့မပို့ဘဲ မိမိတို့ရဲ့ရွာမှာ ကုသနေကြောင်းနဲ့ ဒဏ်ရာရရှိသူတွေဟာ အခြေအနေအလွန်အမင် စိုးရိမ်စရာမရှိကြောင်း တောင်ဗွေကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

” ဒီကနေ့ ၇ နာရီခွဲလောက်မှာဖြစ်တာပါ။ တောင်ဗွေရွာ ရွာသစ်မှာဖြစ်တာပါ။ လက်နက်ကြီးက လေယာဉ်ကနေကျလာတာ။ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာကမစိုးရိမ်ရဘူး။ ကိုယ့်ရွာမှာ ကုသနေပါတယ်။ အဲ့ဒီအထဲမှာ ၉ နှစ်အရွယ် ကလေးနှစ်ယောက်ပါပါတယ်။ ပစ်တာက ရဟတ်ယာဉ်တွေနဲ့ တခြားလေယာဉ်တွေပါတယ်။ ”
လို့ အမည်မဖော်လိုသူ အဲ့ဒီဒေသခံကပြောပါတယ်။

ကျောက်တော်မြို့နယ်ဖက်မှာ ယခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းထန်နေပြီး တောင်ဗွေကျေးရွာနဲ့ ၂ ဖာလုံလောက်ကွာဝေးတဲ့ ကုလားတန်မြစ်ထဲမှာလည်း တပ်မတော်စစ်ရေယာဉ် သွားလာလှုပ်ရှားနေကာ ပစ်ခတ်မှုတွေလည်းဖြစ်ပွားနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်ဦးစီး တို့ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ကျောက်တော်မြို့နယ်မှာ မနေ့မတ်လ ၂၀ ရက်နေ့မှာလည်း ကုလားတန်မြစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ကျောက်တော်မြို့၊ ကစ္စပနဒီတံတားလည်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ကျောက်တော် #လက်နက်ကြီးကျည်ကျ #အရပ်သား၅ဦးထိခိုက်

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္က်ၿပီး ေတာင္ေဗြရြာက အရပ္သား ၅ ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ မတ္ ၂၁- ၂၀၂၀
ခိုင္လင္းစံ (VOM)

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၇ နာရီေက်ာ္ေလာက္က လက္နက္ႀကီးက်ည္စထိမွန္ၿပီး ေတာင္ေဗြ(ရြာသစ္)ေက်းရြာက ေဒသခံအရပ္သား အမ်ိဳးသမီး ၃ ေယာက္နဲ႔ အမ်ိဳးသား ၂ ေယာက္ဒဏ္ရာရ႐ွိသြားတယ္လုိ႔ သတင္းရ႐ွိပါတယ္။

ဒဏ္ရာရ႐ွိသူေတြထဲမွာ အသက္ (၉) ႏွစ္အရြယ္မိန္းကေလး ဆူနီး ဆုိသူမွာ တင္ပါးဒဏ္ရာ နဲ႔ ေယာက်ၤားေလး ဆာေဒဆိုသူမွာ ေျခေထာက္ဒဏ္ရာ၊ ေဒၚႏိုကိုလိမ္းဆိုတဲ့ အသက္ (၇၅) ႏွစ္မွာ မ်က္ႏွာမွာ ဒဏ္ရာ၊ ဟာေတ ဆိုသူမွာ အသက္ (၃၇) ႏွစ္အမ်ိဳးသားမွာ ဦးေခါင္းဒဏ္ရာနဲ႔ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေခနီးဆုိသူမွာ ေျခေထာက္ဒဏ္ရာေတြ အသီးသီးရ႐ွိခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီ ဒဏ္ရာရ႐ွိသူေတြကို ေဆးရံုသို႔မပို႔ဘဲ မိမိတို႔ရဲ႕ရြာမွာ ကုသေနေၾကာင္းနဲ႔ ဒဏ္ရာရ႐ွိသူေတြဟာ အေျခအေနအလြန္အမင္ စိုးရိမ္စရာမ႐ွိေၾကာင္း ေတာင္ေဗြေက်းရြာ ေဒသခံတစ္ဦးကေျပာပါတယ္။

” ဒီကေန႔ ၇ နာရီခြဲေလာက္မွာျဖစ္တာပါ။ ေတာင္ေဗြရြာ ရြာသစ္မွာျဖစ္တာပါ။ လက္နက္ႀကီးက ေလယာဥ္ကေနက်လာတာ။ အမ်ိဳးသမီး ၃ ေယာက္နဲ႔ အမ်ိဳးသား ၂ ေယာက္ဒဏ္ရာရသြားတယ္။ ဒဏ္ရာကမစိုးရိမ္ရဘူး။ ကိုယ့္ရြာမွာ ကုသေနပါတယ္။ အဲ့ဒီအထဲမွာ ၉ ႏွစ္အရြယ္ ကေလးႏွစ္ေယာက္ပါပါတယ္။ ပစ္တာက ရဟတ္ယာဥ္ေတြနဲ႔ တျခားေလယာဥ္ေတြပါတယ္။ ”
လို႔ အမည္မေဖာ္လိုသူ အဲ့ဒီေဒသခံကေျပာပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ဖက္မွာ ယခုရက္ပိုင္းအတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြျပင္းထန္ေနၿပီး ေတာင္ေဗြေက်းရြာနဲ႔ ၂ ဖာလံုေလာက္ကြာေဝးတဲ့ ကုလားတန္ျမစ္ထဲမွာလည္း တပ္မေတာ္စစ္ေရယာဥ္ သြားလာလႈပ္႐ွားေနကာ ပစ္ခတ္မႈေတြလည္းျဖစ္ပြားေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္ဦးစီး တို႔ကိုဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရ႐ွိခဲ့ပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔မတ္လ ၂၀ ရက္ေန႔မွာလည္း ကုလားတန္ျမစ္ေၾကာင္းက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား ၅ ဦးထက္မနည္း ဒဏ္ရာရ႐ွိၿပီး ေက်ာက္ေတာ္ၿမိဳ႕၊ ကစၥပနဒီတံတားလည္း ပ်က္စီးမႈေတြ႐ွိခဲ့တယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာက္ေတာ္ #လက္နက္ႀကီးက်ည္က် #အရပ္သား၅ဦးထိခိုက္

Related posts

Leave a Comment

VOM News

FREE
VIEW