မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ(၆)နာရီကစပြီး ဝင်ထွက်ခွင့်ပိတ်မယ်

မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ(၆)နာရီကစပြီး ဝင်ထွက်ခွင့်ပိတ်မယ်

မြဝတီ၊ မတ် ၂၃-၂၀၂၀
သူရိန်(VOM)

မဲဆောက်-မြဝတီနယ်စပ်ဂိတ်ကို ဒီကနေ့ညနေ (၆)နာရီကနေစတင်ပြီး မြန်မာလူမျိုးများနဲ့ မည်သူ့ကိုမှ ဝင်ထွက်ခွင့်ပိတ်တော့မှာဖြစ်တယ်လို့ မဲဆောက်အလုပ်သမားသံအရာရှိကပြောပါတယ်။

မြန်မာ – ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး တံတားအမှတ် (၂ )ကနေ ပြောင်းလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း စက်ရုံများပိတ်သိမ်းမှုနဲ့ သင်္ကြန်ပိတ်ရက်များအတွက် နေရပ်ပြန်လုပ်သားများ အလုံးအရင်းနဲ့ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

အခုလိုဝင်ေရောက်လာတဲ့အတွက် နယ်စပ်ဝင်ပေါက်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂) တွင် ယာဉ်မောင်းတစ်ဦးပါတဲ့ ကုန်တင်ယာဉ် (၁)စီးကိုသာ ဖြတ်သန်းခွင့်ပေးမှာဖြစ်ပြီး အခြားမည်သည့်ယာဉ်ကိုမှ ဖြတ်သန်းခွင့်ပေးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ချစ်ကြည်ရေးတံတားကနေ ရွေ့ပြောင်းမြန်မာလုပ်သားတွေကို တစ်ဦးကို သုံးပေအကွာကနေ စနစ်တကျတန်းစီးပြီး လိုအပ်တဲ့စစ်ဆေးမှု‌တွေကို ပြုလုပ်ပေးနေသလို ကိုယ်ရေးအချက်အလက်တွေ တောင်းခံပြီး သက်ဆိုင်ရာဒေသကို ပြန်လည်ရောက်ရှိပါကလည်း ကျန်းမာရေးကောင်းမွန်တာမရှိလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးတွေကို ပြန်လည်ဆက်သွယ်ကြဖို့ကိုလည်း မှာကြားတာတွေပြုလုပ်နေတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မြဝတီ #မဲဆောက် #ဂိတ်အဝင်အထွက် #ဒီကနေ့ညနေပိတ်မယ်

Zawgyi

မဲေဆာက္-ျမဝတီနယ္စပ္ဂိတ္ကို ဒီကေန႔ညေန(၆)နာရီကစၿပီး ဝင္ထြက္ခြင့္ပိတ္မယ္

ျမဝတီ၊ မတ္ ၂၃-၂၀၂၀
သူရိန္(VOM)

မဲေဆာက္-ျမဝတီနယ္စပ္ဂိတ္ကို ဒီကေန႔ညေန (၆)နာရီကေနစတင္ၿပီး ျမန္မာလူမ်ိဳးမ်ားနဲ႔ မည္သူ႔ကိုမွ ဝင္ထြက္ခြင့္ပိတ္ေတာ့မွာျဖစ္တယ္လုိ႔ မဲေဆာက္အလုပ္သမားသံအရာရိွကေျပာပါတယ္။

ျမန္မာ – ထိုင္းႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး တံတားအမွတ္ (၂ )ကေန ေျပာင္းလုပ္သားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံအတြင္း စက္႐ုံမ်ားပိတ္သိမ္းမႈနဲ႔ သၾကၤန္ပိတ္ရက္မ်ားအတြက္ ေနရပ္ျပန္လုပ္သားမ်ား အလုံးအရင္းနဲ႔ဝင္ေရာက္ေနတယ္လုိ႔လည္း သိရပါတယ္။

အခုလိုဝင္ေေရာက္လာတဲ့အတြက္ နယ္စပ္ဝင္ေပါက္မွာလည္း က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဝန္ထမ္းမ်ားက က်န္းမာေရးစစ္ေဆးမႈကို ျပဳလုပ္ေပးေနတာျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရး တံတားအမွတ္(၂) တြင္ ယာဥ္ေမာင္းတစ္ဦးပါတဲ့ ကုန္တင္ယာဥ္ (၁)စီးကိုသာ ျဖတ္သန္းခြင့္ေပးမွာျဖစ္ၿပီး အျခားမည္သည့္ယာဥ္ကိုမွ ျဖတ္သန္းခြင့္ေပးမွာမဟုတ္ဘူးလုိ႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ ခ်စ္ၾကည္ေရးတံတားကေန ေ႐ြ႕ေျပာင္းျမန္မာလုပ္သားေတြကို တစ္ဦးကို သုံးေပအကြာကေန စနစ္တက်တန္းစီးၿပီး လိုအပ္တဲ့စစ္ေဆးမႈ‌ေတြကို ျပဳလုပ္ေပးေနသလို ကိုယ္ေရးအခ်က္အလက္ေတြ ေတာင္းခံၿပီး သက္ဆိုင္ရာေဒသကို ျပန္လည္ေရာက္ရွိပါကလည္း က်န္းမာေရးေကာင္းမြန္တာမရိွလွ်င္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႈးေတြကို ျပန္လည္ဆက္သြယ္ၾကဖို႔ကိုလည္း မွာၾကားတာေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ျမဝတီ #မဲေဆာက္ #ဂိတ္အဝင္အထြက္ #ဒီကေန႔ညေနပိတ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW