စစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ်

စစ်ကိုင်းတံတားနှစ်စင်းလုံးကို COVID_19ရောဂါအခြေအနေဆိုးရွားလာရင် ပိတ်သွားမယ်

စစ်ကိုင်း ၊ မတ် ၂၈-၂၀၂၀
ရှိုင်းအောင် (VOM)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားလာတာဆိုရင် ဒီကနေ့မတ်လ ၂၈ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိနေပြီး အဲ့ဒီထက်အခြေအနေဆိုးရွားလာရင် စစ်ကိုင်းတံတားနှစ်စင်းလုံးကို ဘလောက်တုံးတွေချကာ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။

“အဆိုးရွားဆုံးအခြေအနေကိုလည်း ကျွန်တော်တို့ မျှော်လင့်ပြီးသားဖြစ်ပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင်လည်း တစ်မြို့လုံးကိုပိတ်လိုက်မှာပါ၊ အဲ့ဒါကိုလဲ ပြည်သူတွေက လိုက်နာဖို့လိုပါတယ်။ ဆိုင်တွေပိတ်ဖို့ဆိုတာက ဆိုင်တိုင်းကို လျှောက်ပြီးပိတ်ဖို့ မလိုပါဘူး စားနပ်ရိက္ခာရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ သူတို့ကို ပိတ်လိုက်ရင် ပြဿနာရှိပါတယ်။ ပါဆယ်ရောင်းဖို့သာ ညွှန်ကြားထားပါတယ်။ KTV တွေ အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေကတော့ ပိတ်သွားပါပြီ။ လူအမြောက်အများသာထားမယ်ဆို အနှစ် ၇၀၀ ကွင်းမှာထားမယ်။ နောက်တစ်နည်းက သူ့ရဲ့အရပ်ဒေသက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ရှိပါတယ်။ အဲ့ဒီနေရာတွေမှာ ထားပါမယ်။ သူတို့ကို စုပြီးထားမယ်ဆိုရင် တစ်ယောက်ဖြစ်လိုက်ပြီဆိုတာနဲ့ ကျန်တဲ့ သူတွေပါ ဖြစ်မှာကိုလည်းစိုးရိမ်တဲ့အတွက် ၃ ယောက်စီထားမယ် “လို့ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

စစ်ကိုင်းမြို့မှာ COVID-19ရောဂါနဲ့ပါတ်သက်ပြီး နေ့စဉ်စစ်ဆေးနေတာတွေလဲ ရှိတဲ့အပြင် မြို့ရဲ့ အဝင်အထွက်နေရာတွေကိုလည်း ရောဂါစစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး Volunteer အဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။

” စစ်ကိုင်းမြို့မှာ အကြီးအကျယ်ဖြစ်ပြီဆို ပိတ်ချရမှာလေ၊ ဒါပေမယ့် လုံးလုံးကို အဝင်အထွက် မရှိရတော့ဘူးလားဆိုတာတော့ မဟုတ်ပါဘူး။ ကုန်တင်ကားတွေ စားနပ်ရိက္ခာတင်တဲ့ကားတွေ အရေးပေါ်လူနာတင်တဲ့ကားတွေ သက်ဆိုင်ရာအာဏာပိုင်တွေ ဆရာဝန်တွေ ဆရာမတွေ ကိုတော့ စီစစ်ပြီး ဝင်ခွင့်ပြုမှာဖြစ်ပြီး၊ အကြောင်းအရာမရှိပဲ သွားလည်မယ့်သူတွေကို ပိတ်မှာပါ။ စစ်ကိုင်းကနေ ဖြတ်သွားမယ့် ကားတွေကိုတော့ လွှတ်ပေးမှာပါ၊ ကုန်သွယ်မှုကိစ္စတွေကို ပိတ်ပင်မှု ပြုလုပ်မှာ မဟုတ်ဘူး ” လို့ ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

နေရပ်ကိုပြန်လာတဲ့သူတွေကိုလဲ ၁၄ ရက်စောင့်ကြည့်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အစီအမံတိုင်းပဲ ပြုလုပ်သွားမှာဖြစ်တဲ့အပြင် စစ်ကိုင်းဆေးရုံကြီးမှာလည်း စောင့်ကြည့်လူနာတွေထားရှိဖို့ ကုတင် ၂၅ လုံး ပြင်ဆင်ထားကာ ပိုးသတ်ဆေးတွေဖြန်းထားတယ်လို့သိရပါတယ်။

နိုင်ငံခြားက ပြန်လာတဲ့လူနည်းစုကိုတော့ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာထားဖို့ ရပ်ရွာရဲ့အကူအညီနဲ့ပဲ စောင့်ကြည့်သွားမှာဖြစ်ပြီး မြို့အဝင်အထွက်မှာစစ်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်မယ့်အတွက် စစ်ကိုင်းမှာဆင်းမယ့်သူတွေနဲ့ ဆင်းမယ့်နေရာတွေမှာ လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။

မတ်လ ၂၆ ရက်နေ့မှာ COVID-19 ရောဂါတွေ့ခဲ့တ အသက် ၆၀ အရွယ်ရှိ Tour guide အမျိုးသမီးဟာ မတ်လ ၁၆ ရက်နေ့မှာ စစ်ကိုင်းမြို့က ဦးဘမှင် ငွေထည်လုပ်ငန်းနဲ့ စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်စေတီကိုလည်း သွားရောက်ခဲ့တာကြောင့် ဦးဘမှင် ငွေထည်လုပ်ငန်းမိသားစုကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်ရက်ပဲ ကျန်တော့တဲ့အတွက် နေအိမ်မှာပဲနေခိုင်းထားတယ်လို့ သိရပါတယ်။

ဆွမ်းဦးပုညရှင်စေတီတော်ကိုတော့ CCTV မှတ်တမ်းအရ သူနဲ့ထိတွေ့တဲ့သူတွေကို စစ်ဆေးသွားမှာဖြစ်ပြီး စေတီတော်ကိုတော့ ဘုရားဖူးဝင်ထွက်ခွင့်ပိတ်ပင်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့မှာ နိုင်ငံခြားကနေပြန်လာတဲ့သူ ၈၉ ယောက်ရှိရာ၊ (၁၄)ရက်စောင့်ကြည့်ပြီးတဲ့သူ အယောက်၂၀ ရှိတာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့တဲ့သူဟာ ရန်ကုန်မြို့မှာ ၅ ယောက်၊ မန္တလေးမှာ ၁ ယောက်၊ နေပြည်တော်မှာ ၁ ယောက်၊ ချင်းပြည်နယ်မှာ ၁ ယောက် စုစုပေါင်း ၈ ယောက်ရှိနေပြီဖြစ်ပါတယ်။

#VOM #voiceofmyanmar #စစ်ကိုင်းတံတား #COVIDအခြေအနေဆိုးလာရင် #တံတားနှစ်စင်းလုံးပိတ်မယ်

Zawgyi

စစ္ကိုင္းတံတားႏွစ္စင္းလုံးကို COVID_19ေရာဂါအေျခအေနဆိုး႐ြားလာရင္ ပိတ္သြားမယ္

စစ္ကိုင္း ၊ မတ္ ၂၈-၂၀၂၀
ရႈိင္းေအာင္ (VOM)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါျပန္႔ပြားလာတာဆိုရင္ ဒီကေန႔မတ္လ ၂၈ ရက္ေန႔မွာ ေရာဂါပိုးေတြ႔ရိွသူ (၈)ဦးရွိေနၿပီး အဲ့ဒီထက္အေျခအေနဆိုး႐ြားလာရင္ စစ္ကိုင္းတံတားႏွစ္စင္းလုံးကို ဘေလာက္တုံးေတြခ်ကာ ပိတ္ထားမယ္လို႔ စစ္ကိုင္းခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဝင္းလႈိင္ ကေျပာပါတယ္။

“အဆိုး႐ြားဆုံးအေျခအေနကိုလည္း ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ၿပီးသားျဖစ္ပါတယ္။ အဲ့လိုျဖစ္လာခဲ့ရင္လည္း တစ္ၿမိဳ႕လုံးကိုပိတ္လိုက္မွာပါ၊ အဲ့ဒါကိုလဲ ျပည္သူေတြက လိုက္နာဖို႔လိုပါတယ္။ ဆိုင္ေတြပိတ္ဖို႔ဆိုတာက ဆိုင္တိုင္းကို ေလွ်ာက္ၿပီးပိတ္ဖို႔ မလိုပါဘူး စားနပ္ရိကၡာေရာင္းတဲ့ဆိုင္ေတြ ရွိတယ္၊ သူတို႔ကို ပိတ္လိုက္ရင္ ျပႆနာရွိပါတယ္။ ပါဆယ္ေရာင္းဖို႔သာ ၫႊန္ၾကားထားပါတယ္။ KTV ေတြ အဝတ္အထည္ေရာင္းတဲ့ ဆိုင္ေတြကေတာ့ ပိတ္သြားပါၿပီ။ လူအေျမာက္အမ်ားသာထားမယ္ဆို အႏွစ္ ၇၀၀ ကြင္းမွာထားမယ္။ ေနာက္တစ္နည္းက သူ႔ရဲ႕အရပ္ေဒသက စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြ ရွိပါတယ္။ အဲ့ဒီေနရာေတြမွာ ထားပါမယ္။ သူတို႔ကို စုၿပီးထားမယ္ဆိုရင္ တစ္ေယာက္ျဖစ္လိုက္ၿပီဆိုတာနဲ႔ က်န္တဲ့ သူေတြပါ ျဖစ္မွာကိုလည္းစိုးရိမ္တဲ့အတြက္ ၃ ေယာက္စီထားမယ္ “လို႔ ဦးေက်ာ္ဝင္းလႈိင္က ေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕မွာ COVID-19ေရာဂါနဲ႔ပါတ္သက္ၿပီး ေန႔စဥ္စစ္ေဆးေနတာေတြလဲ ရွိတဲ့အျပင္ ၿမိဳ႕ရဲ႕ အဝင္အထြက္ေနရာေတြကိုလည္း ေရာဂါစစ္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး Volunteer အဖြဲ႕ေတြကိုလည္း ပူးေပါင္းပါဝင္ကူညီေပးဖို႔ ဖိတ္ေခၚထားတယ္လို႔သိရပါတယ္။

” စစ္ကုိင္းၿမိဳ႕မွာ အႀကီးအက်ယ္ျဖစ္ၿပီဆုိ ပိတ္ခ်ရမွာေလ၊ ဒါေပမယ့္ လုံးလုံးကုိ အဝင္အထြက္ မရွိရေတာ့ဘူးလားဆုိတာေတာ့ မဟုတ္ပါဘူး။ ကုန္တင္ကားေတြ စားနပ္ရိကၡာတင္တဲ့ကားေတြ အေရးေပၚလူနာတင္တဲ့ကားေတြ သက္ဆုိင္ရာအာဏာပုိင္ေတြ ဆရာဝန္ေတြ ဆရာမေတြ ကုိေတာ့ စီစစ္ၿပီး ဝင္ခြင့္ျပဳမွာျဖစ္ၿပီး၊ အေၾကာင္းအရာမရွိပဲ သြားလည္မယ့္သူေတြကုိ ပိတ္မွာပါ။ စစ္ကုိင္းကေန ျဖတ္သြားမယ့္ ကားေတြကုိေတာ့ လႊတ္ေပးမွာပါ၊ ကုန္သြယ္မႈကိစၥေတြကုိ ပိတ္ပင္မႈ ျပဳလုပ္မွာ မဟုတ္ဘူး ” လုိ႔ ဦးေက်ာ္ဝင္းလႈိင္က ေျပာပါတယ္။

ေနရပ္ကိုျပန္လာတဲ့သူေတြကုိလဲ ၁၄ ရက္ေစာင့္ၾကည့္မွာျဖစ္ၿပီး နုိင္ငံေတာ္ရဲ႕ အစီအမံတုိင္းပဲ ျပဳလုပ္သြားမွာျဖစ္တဲ့အျပင္ စစ္ကုိင္းေဆးရံုႀကီးမွာလည္း ေစာင့္ၾကည့္လူနာေတြထားရိွဖို႔ ကုတင္ ၂၅ လုံး ျပင္ဆင္ထားကာ ပုိးသတ္ေဆးေတြျဖန္းထားတယ္လုိ႔သိရပါတယ္။

နုိင္ငံျခားက ျပန္လာတဲ့လူနည္းစုကိုေတာ့ စာသင္ေက်ာင္းေတြ ဘုန္းႀကီးေက်ာင္းေတြမွာထားဖုိ႔ ရပ္ရြာရဲ႕အကူအညီနဲ႔ပဲ ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ၿမိဳ႕အဝင္အထြက္မွာစစ္မယ္ဆုိရင္ ယာဥ္ေၾကာပိတ္ဆုိ႔မႈျဖစ္မယ့္အတြက္ စစ္ကုိင္းမွာဆင္းမယ့္သူေတြနဲ႔ ဆင္းမယ့္ေနရာေတြမွာ လုိက္လံစစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

မတ္လ ၂၆ ရက္ေန႔မွာ COVID-19 ေရာဂါေတြ႔ခဲ့တ အသက္ ၆၀ အရြယ္ရွိ Tour guide အမ်ိုးသမီးဟာ မတ္လ ၁၆ ရက္ေန႔မွာ စစ္ကုိင္းၿမိဳ႕က ဦးဘမွင္ ေငြထည္လုပ္ငန္းနဲ႔ စစ္ကုိင္းေတာင္ေပၚက ဆြမ္းဦးပုညရွင္ေစတီကုိလည္း သြားေရာက္ခဲ့တာေၾကာင့္ ဦးဘမွင္ ေငြထည္လုပ္ငန္းမိသားစုကုိ က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ခဲ့တာျဖစ္ၿပီး နွစ္ရက္ပဲ က်န္ေတာ့တဲ့အတြက္ ေနအိမ္မွာပဲေနခုိင္းထားတယ္လုိ႔ သိရပါတယ္။

ဆြမ္းဦးပုညရွင္ေစတီေတာ္ကုိေတာ့ CCTV မွတ္တမ္းအရ သူနဲ႔ထိေတြ႔တဲ့သူေတြကုိ စစ္ေဆးသြားမွာျဖစ္ၿပီး ေစတီေတာ္ကုိေတာ့ ဘုရားဖူးဝင္ထြက္ခြင့္ပိတ္ပင္ဖုိ႔ ညႊန္ၾကားထားတယ္လုိ႔ သိရပါတယ္။

စစ္ကိုင္းၿမိဳ႕မွာ ႏိုင္ငံျခားကေနျပန္လာတဲ့သူ ၈၉ ေယာက္ရွိရာ၊ (၁၄)ရက္ေစာင့္ၾကည့္ၿပီးတဲ့သူ အေယာက္၂၀ ရွိတာျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးေတြ႔တဲ့သူဟာ ရန္ကုန္ၿမိဳ႕မွာ ၅ ေယာက္၊ မႏၲေလးမွာ ၁ ေယာက္၊ ေနျပည္ေတာ္မွာ ၁ ေယာက္၊ ခ်င္းျပည္နယ္မွာ ၁ ေယာက္ စုစုေပါင္း ၈ ေယာက္ရွိေနၿပီျဖစ္ပါတယ္။

#VOM #voiceofmyanmar #စစ္ကိုင္းတံတား #COVIDအေျခအေနဆုိးလာရင္ #တံတားႏွစ္စင္းလံုးပိတ္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW