မန္တလေးလေဆိပ်ကဝန်ထမ်းတွေကို အိမ်ကနေတာဝန်ထမ်းဆောင်ဖို့ ညွန်ကြား

မန္တလေးလေဆိပ်ကဝန်ထမ်းတွေကို အိမ်ကနေတာဝန်ထမ်းဆောင်ဖို့ ညွန်ကြား

မန္တလေး မတ် ၃၀-၂၀၂၀
ဖြူဖြူ (VOM)

လတ်တလောဖြစ်ပေါ်နေတဲ့ COVID 19 ရောဂါကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝန်ထမ်းတွေကို ဧပြီလ ၁ ရက်ကစပြီး အိမ်ကနေသာ လုပ်ငန်းတာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားတယ်လို့ လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ဦးတင်မောင်ကျော်က ပြောပါတယ်။

“သူတို့ကို အိမ်ကနေပဲ viber တို့ email တို့ဖွင့်ခိုင်းထားပြီး အလုပ်လုပ်ကြဖို့ ပြောထားတာပေါ့။ လိုအပ်တဲ့သူတွေလောက်ပဲ အလှည့်ကျနဲ့ ရုံးတက်ခိုင်းထားတာပါ။ ဝန်ထမ်းလျှော့ချလိုက်တဲ့သဘောပဲ၊ လျှော့ချတယ်ဆိုတာ အလုပ်ထုတ်လိုက်တာ၊ လစာမဲ့ ခွင့်ပေးလိုက်တာမျိုး မဟုတ်ပါဘူး။”လို့ ဦးတင်မောင်ကျော်ကပြောပါတယ်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲမှုပိုင်း၊ လုံခြုံရေးပိုင်း၊ ဝန်ဆောင်မှုပိုင်းတွေ ခွဲခြားသတ်မှတ်ထားပြီး ဝန်ထမ်းစုစုပေါင်း ၇၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ကနဦး စည်းဝေးဆုံးဖြတ်ချက်အရ ဧပြီလ ၃၀ ရက်အထိ ရုံးတက်စရာမလိုဘဲ အိမ်ကနေသာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်းပိုင်းကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့လာတဲ့ COVID 19 ရောဂါဟာ နိုင်ငံတကာကိုပါ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း မတ်လ ၂၃ ရက်က ရောဂါပိုးတွေ့လူနာ စတင်အတည်ပြုထုတ်ပြန်ခဲ့ရာ မတ်လ ၂၉ ရက်မှာတော့ ၁၀ ဦးအထိရှိလာနေပါပြီ။

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့ အစီအမံတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ခရီးသည်တွေကိုလည်း မတ်လ ၂၉ ရက်ကစပြီး ပြည်ဝင်ခွင့်ပိတ်ထားလိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။

#VOM #voiceofmyanmar #မန္တလေး #လေဆိပ်ဝန်ထမ်းများ #နေအိမ်မှာတာဝန်ထမ်းဖို့ #ညွန်ကြား

Zawgyi

မႏၱေလးေလဆိပ္ကဝန္ထမ္းေတြကို အိမ္ကေနတာဝန္ထမ္းေဆာင္ဖို႔ ညြန္ၾကား

မႏၲေလး မတ္ ၃၀-၂၀၂၀
ျဖဴျဖဴ (VOM)

လတ္တေလာျဖစ္ေပၚေနတဲ့ COVID 19 ေရာဂါေၾကာင့္ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္က ဝန္ထမ္းေတြကို ဧၿပီလ ၁ ရက္ကစၿပီး အိမ္ကေနသာ လုပ္ငန္းတာဝန္ထမ္းေဆာင္ဖို႔ ၫႊန္ၾကားထားတယ္လို႔ ေလဆိပ္ေျပာေရးဆိုခြင့္ရွိသူ ဦးတင္ေမာင္ေက်ာ္က ေျပာပါတယ္။

“သူတို႔ကို အိမ္ကေနပဲ viber တို႔ email တို႔ဖြင့္ခိုင္းထားၿပီး အလုပ္လုပ္ၾကဖို႔ ေျပာထားတာေပါ့။ လိုအပ္တဲ့သူေတြေလာက္ပဲ အလွည့္က်နဲ႔ ႐ုံးတက္ခိုင္းထားတာပါ။ ဝန္ထမ္းေလွ်ာ့ခ်လိုက္တဲ့သေဘာပဲ၊ ေလွ်ာ့ခ်တယ္ဆိုတာ အလုပ္ထုတ္လိုက္တာ၊ လစာမဲ့ ခြင့္ေပးလိုက္တာမ်ိဳး မဟုတ္ပါဘူး။”လို႔ ဦးတင္ေမာင္ေက်ာ္ကေျပာပါတယ္။

မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ အုပ္ခ်ဳပ္ေရးပိုင္း၊ စီမံခန္႔ခြဲမႈပိုင္း၊ လုံၿခဳံေရးပိုင္း၊ ဝန္ေဆာင္မႈပိုင္းေတြ ခြဲျခားသတ္မွတ္ထားၿပီး ဝန္ထမ္းစုစုေပါင္း ၇၀၀ ခန္႔ရွိတယ္လို႔ သိရပါတယ္။

ကနဦး စည္းေဝးဆုံးျဖတ္ခ်က္အရ ဧၿပီလ ၃၀ ရက္အထိ ႐ုံးတက္စရာမလိုဘဲ အိမ္ကေနသာ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္းပိုင္းကစၿပီး တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔လာတဲ့ COVID 19 ေရာဂါဟာ ႏိုင္ငံတကာကိုပါ ကူးစက္ပ်ံ႕ႏွံ႔ေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာလည္း မတ္လ ၂၃ ရက္က ေရာဂါပိုးေတြ႕လူနာ စတင္အတည္ျပဳထုတ္ျပန္ခဲ့ရာ မတ္လ ၂၉ ရက္မွာေတာ့ ၁၀ ဦးအထိရွိလာေနပါၿပီ။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း COVID-19 ကူးစက္ေရာဂါျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္တဲ့ အစီအမံေတြ ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ဖို႔ရည္႐ြယ္ၿပီး ကမာၻ႔ႏိုင္ငံအသီးသီးကေန ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတဲ့ ခရီးသည္ေတြကိုလည္း မတ္လ ၂၉ ရက္ကစၿပီး ျပည္ဝင္ခြင့္ပိတ္ထားလိုက္ၿပီလို႔ ထုတ္ျပန္ထားပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ေလဆိပ္ဝန္ထမ္းမ်ား #ေနအိမ္မွာတာဝန္ထမ္းဖို႔ #ညြန္ၾကား

Related posts

Leave a Comment

VOM News

FREE
VIEW