Quarantineလုပ်ခံရတဲ့အမျိုးသားတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထား

Quarantineလုပ်ခံရတဲ့အမျိုးသားတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အမှုဖွင့်အရေးယူထား

ဝက်လက်၊ မတ် ၃၀-၂၀၂၀
ရှိုင်းအောင် (VOM)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာ အထက်တန်းကျောင်းခွဲမှာ COVID- 19 ရောဂါမပြန့်ပွားစေဖို့ ၁၄ ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့သူတစ်ဦး ထွက်ပြေးခဲ့တဲ့အတွက် အဲ့ဒီလူနာကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသားဟာ ထိုင်းနိုင်ငံကနေ ပြန်လာတာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့၊ ညပိုင်းအချိန်မှာ စောင့်ကြည့်သူတွေထားတဲ့ အထက်တန်းကျောင်းခွဲကို ရောက်လာတာဖြစ်ပါတယ်။

“မတ်လ ၂၈ ရက်နေ့ည ၈ နာရီလောက်မှာ လက်ပံလှက သူ့ယောက္ခမတွေရှိတဲ့ဆီ ထွက်ပြေးတော့ နောက်တစ်ရက် မတ်လ ၂၉ ရက်နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေနဲ့ ပြန်ခေါ်ခဲ့တယ်” လို့ ဝက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်း က ပြောပါတယ်။

ထွက်ပြေးခဲ့တဲ့ အမျိုးသားကို ၂၀၁၃ ခုနှစ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပြီး အဲ့ဒီပြစ်မှုဟာ အနည်ဆုံး ထောင် ၆ လ အများဆုံး ၂ နှစ်အထိ အရေးယူနိုင်တဲ့အပြင် ထောင်ဒဏ်၊ငွေဒဏ်နှစ်ခုလုံး ချလို့ရတယ်လို့ သိရပါတယ်။

ဝက်လက်မြို့ကို နိုင်ငံခြားနဲ့ နယ်စပ်ကပြန်လာတဲ့သူ ၂၃၉ ယောက်၊ Home Quarantine သတ်မှတ်ခံရသူ ၁၃၅ ယောက်နဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စောင့်ကြည့်ခံရသူ ၉၈ ယောက်ရှိပြီး ၁၄ ရက် Quarantine ပြည့်တဲ့သူ ၂၇ ယောက် ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #ဝက်လက် #စောင့်ကြည့်လူနာ #ထွက်ပြေး #အမှုဖွင့်အရေးယူ

Zawgyi

Quarantineလုပ္ခံရတဲ့အမ်ိဳးသားတစ္ဦး ထြက္ေျပးခဲ့တဲ့အတြက္ အမႈဖြင့္အေရးယူထား

ဝက္လက္၊ မတ္ ၃၀-၂၀၂၀
ရႈိင္းေအာင္ (VOM)

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ သစ္ဆိမ့္ႀကီးေက်း႐ြာ အထက္တန္းေက်ာင္းခြဲမွာ COVID- 19 ေရာဂါမျပန႔္ပြားေစဖို႔ ၁၄ ရက္ေစာင့္ၾကည့္လူနာအျဖစ္ထားရွိတဲ့သူတစ္ဦး ထြက္ေျပးခဲ့တဲ့အတြက္ အဲ့ဒီလူနာကို ျပည္သူ႔က်န္းမာေရးဦးစီးဌာနက အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ ထိုင္းႏိုင္ငံကေန ျပန္လာတာျဖစ္ၿပီး မတ္လ ၂၇ ရက္ေန႔၊ ညပိုင္းအခ်ိန္မွာ ေစာင့္ၾကည့္သူေတြထားတဲ့ အထက္တန္းေက်ာင္းခြဲကို ေရာက္လာတာျဖစ္ပါတယ္။

“မတ္လ ၂၈ ရက္ေန႔ည ၈ နာရီေလာက္မွာ လက္ပံလွက သူ႔ေယာကၡမေတြရွိတဲ့ဆီ ထြက္ေျပးေတာ့ ေနာက္တစ္ရက္ မတ္လ ၂၉ ရက္ေန႔မွာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ၊ ရဲေတြနဲ႔ ျပန္ေခၚခဲ့တယ္” လို႔ ဝက္လက္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးဝင္းထြန္း က ေျပာပါတယ္။

ထြက္ေျပးခဲ့တဲ့ အမ်ိဳးသားကို ၂၀၁၃ ခုႏွစ္သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀ (က) နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရၿပီး အဲ့ဒီျပစ္မႈဟာ အနည္ဆုံး ေထာင္ ၆ လ အမ်ားဆုံး ၂ ႏွစ္အထိ အေရးယူႏိုင္တဲ့အျပင္ ေထာင္ဒဏ္၊ေငြဒဏ္ႏွစ္ခုလုံး ခ်လို႔ရတယ္လို႔ သိရပါတယ္။

ဝက္လက္ၿမိဳ႕ကို ႏိုင္ငံျခားနဲ႔ နယ္စပ္ကျပန္လာတဲ့သူ ၂၃၉ ေယာက္၊ Home Quarantine သတ္မွတ္ခံရသူ ၁၃၅ ေယာက္နဲ႔ စာသင္ေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ေစာင့္ၾကည့္ခံရသူ ၉၈ ေယာက္ရွိၿပီး ၁၄ ရက္ Quarantine ျပည့္တဲ့သူ ၂၇ ေယာက္ ရွိၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #ဝက္လက္ #ေစာင့္ၾကည့္လူနာ #ထြက္ေျပး #အမႈဖြင့္အေရးယူ

Related posts

Leave a Comment

VOM News

FREE
VIEW