နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ်

နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ်

ဧပြီ ၂၄၊ ၂၀၂၀
VOM

မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ ခရီးသွားလာ၊ ဖြတ်သန်းခွင့်တွေကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်အစိုးရက ကြေငြာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၀ ကျော်လာတဲ့အချိန်မှာ ရောဂါပြန့်နှံ့ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရေးအတွက် အခုလို ယာယီပိတ်ပင်ရပ်ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံထဲကို မသွားဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို၊ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တရုတ်နိုင်ငံထဲကို မဝင်လာဖို့၊ ခိုးဝင် ခိုးထွက်တာတွေ မိခဲ့ရင် ထောင်ဒဏ်နဲ့ အရေးယူမှာ ဖြစ်သလို၊ တရုတ်နိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းပေးနိုင်ရင်၊ သတင်းပေးနိုင်ရင် တရုတ်ယွမ်ငွေ တထောင်၊ ဆုချီးမြှင့်မယ်လို့ တရုတ်ဖက်က ထုတ်ပြန်ကြေငြာထားပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ရဲအင်အားကိုလည်း တိုးချဲ့ချထားပြီးတော့ ညပိုင်းမှာတော့ တရုတ်စစ်တပ်က အင်အား ၆၀၀ နဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေ အားလုံးမှာ စောင့်ကြပ်ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့လည်း တရုတ်ဖက်က ကြေငြာထားတယ်လို့ သိရပါတယ်။

ဒီလိုယာယီဖြတ်သန်းခရီးသွားလာခွင့် ပိတ်ထားတာဟာ ဒီနေ့ ဧပြီ ၂၄ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့အထိ ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့ကူးစက်မှု အခြေအနေအပေါ် မူတည်ပြီးတော့ ရက်ထပ်တိုးတာ၊ ရက်လျှော့တာတွေ လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်တွေကနေ ယာယီဖြတ်ကျော်ခရီးသွားခွင့် ပိတ်တာမှာ ကုန်စည်စီးဆင်းမှု မထိခိုက်စေရေးအတွက် ကုန်ကားတွေကိုတော့ ဖြတ်သန့်ခွင့် ပြုမှာ ဖြစ်ပါတယ်။

မြန်မာဖက်က ကုန်ကားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ ရပ်ရမှာဖြစ်ပြီး ဒရိုင်ဘာက ကားပေါ်ကဆင်း၊ တရုတ်ဖက်က ကျန်းမာရေး စစ်ဆေးပြီးတဲ့ ထောက်ခံချက်ရ ဒရိုင်ဘာက အဲ့ဒီကားကို တရုတ်ဖက်ကို မောင်းယူသွား၊ ကုန်တွေအတင်အချ လုပ်ပြီးတာနဲ့ သတ်မှတ်နေရာ ပြန်ရပ်၊ ပြီးမှ အဲ့ဒီကားကို သတ်မှတ်နေရာကို ပြန်မောင်းပြီး မြန်မာဖက်က ဒရိုင်ဘာက ကားကို ပြန်မောင်းယူ ဆိုတဲ့ စနစ်ပုံစံမျိုးနဲ့ ကုန်တင်ကုန်လုပ်ဖို့ သတ်မှတ်လုပ်ဆောင်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

“ကိုဗစ်ကာကွယ်ရေးအတွက် လုပ်တာဆိုတော့လည်း လိုက်နာရတာပဲ။ ကုန်ပို့တာ ကုန်တင်တာတော့ နည်းနည်းတော့ အချိန်နှေးသွားတာပဲ ရှိတာပါ။ ကုန်စည်စီးဆင်းမှုကတော့ ကိုဗစ် စဖြစ်ကတည်းက ကျသွားလိုက်တာ အခုချိန်ထိလည်း ဒီတိုင်းပါပဲ၊ သစ်သီးလိုင်းက ပြန်ဖွင့်ပြီး အရောင်းအဝယ်ကလည်း ဖြစ်ပေမယ့် အေးတော့ အေးနေတာပေါ့။ ခုက နှစ်ဖက် ကုန်သည်တွေက မဝင်မထွက်ရတော့ဘူးဆိုတော့ တရုတ်ဖက်မှာ ရှိနေတဲ့ ပွဲစားတွေနဲ့ ချိတ်ပြီးတဆင့်ခံ လုပ်ရတာလေးတွေ ရှိလာတာပေါ့” လို့ မူဆယ်မြို့ သစ်သီးဒိုင်က ဦးစိုင်းမြင့်ဘိုက VOM ကို ပြောပါတယ်။

လက်တလောမှာတော့ နယ်စပ်ကုန်သွယ်မှု အဓိက နေရာဖြစ်တဲ့ မူဆယ်ဂိတ်ကနေ မြန်မာဖက်က ဖရဲသီး၊ သခွားသီးတွေ တရုတ်ပြည်ဖက်ကို တင်ပို့တာရှိနေပြီး တရုတ်ပြည်ဖက်ကနေ အထည်အလိပ်၊ ဆေးပစ္စည်းအချို့နဲ့ စားသောက်ကုန်အချို့တို့ ပြန်လည်တင်သွင်းတာလောက်ပဲ ရှိနေသေးတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

#VoiceOfMyanmar #VOM #နယ်စပ်ဂိတ် #တရုတ်နယ်စပ် #မူဆယ်

…..,

zawgyi

နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားလာခြင့္ကို တရုတ္ႏိုင္ငံဖက္က ရက္ ၆၀ ပိတ္

ဧျပီ ၂၄၊ ၂၀၂၀
VOM

ျမန္မာႏိုင္ငံနဲ႔ ဆက္သြယ္ထားတဲ့ နယ္စပ္ဂိတ္ေတြကေန ခရီးသြားလာ၊ ျဖတ္သန္းခြင့္ေတြကို ရက္ ၆၀ ၾကာ ယာယီရပ္ဆိုင္းလိုက္တယ္လို႔ တရုတ္ႏိုင္ငံ ယူနယ္ျပည္နယ္အစိုးရက ေၾကျငာပါတယ္။

ျမန္မာႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၃၀ ေက်ာ္လာတဲ့အခ်ိန္မွာ ေရာဂါျပန္႔ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ အခုလို ယာယီပိတ္ပင္ရပ္ဆိုင္းရတာျဖစ္တယ္လို႔ ဆိုပါတယ္။

တရုတ္ႏိုင္ငံသားေတြအေနနဲ႔ ျမန္မာႏိုင္ငံထဲကို မသြားဖို႔ တင္းတင္းၾကပ္ၾကပ္ တားျမစ္ထားသလို၊ ျမန္မာႏိုင္ငံသားေတြအေနနဲ႔လည္း တရုတ္ႏိုင္ငံထဲကို မဝင္လာဖို႔၊ ခိုးဝင္ ခိုးထြက္တာေတြ မိခဲ့ရင္ ေထာင္ဒဏ္နဲ႔ အေရးယူမွာ ျဖစ္သလို၊ တရုတ္ႏိုင္ငံထဲ ခိုးဝင္တဲ့ ျမန္မာႏိုင္ငံသားေတြကို ဖမ္းေပးႏိုင္ရင္၊ သတင္းေပးႏိုင္ရင္ တရုတ္ယြမ္ေငြ တေထာင္၊ ဆုခ်ီးျမွင့္မယ္လို႔ တရုတ္ဖက္က ထုတ္ျပန္ေၾကျငာထားပါတယ္။

ဒါ့အျပင္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔နဲ႔ ရဲအင္အားကိုလည္း တိုးခ်ဲ႕ခ်ထားျပီးေတာ့ ညပိုင္းမွာေတာ့ တရုတ္စစ္တပ္က အင္အား ၆၀၀ နဲ႔ ျမန္မာ-တရုတ္ နယ္စပ္ဂိတ္ေတြ အားလံုးမွာ ေစာင့္ၾကပ္ၾကည့္ရႈဖို႔ စီစဥ္ထားတယ္လို႔လည္း တရုတ္ဖက္က ေၾကျငာထားတယ္လို႔ သိရပါတယ္။

ဒီလိုယာယီျဖတ္သန္းခရီးသြားလာခြင့္ ပိတ္ထားတာဟာ ဒီေန႔ ဧျပီ ၂၄ ရက္ေန႔ကေန ဇြန္လ ၂၄ ရက္ေန႔အထိ ျဖစ္ျပီး၊ ျမန္မာႏိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ႏွံ႔ကူးစက္မႈ အေျခအေနအေပၚ မူတည္ျပီးေတာ့ ရက္ထပ္တိုးတာ၊ ရက္ေလွ်ာ့တာေတြ လုပ္ဖို႔ရွိတယ္လို႔ သိရပါတယ္။

နယ္စပ္ဂိတ္ေတြကေန ယာယီျဖတ္ေက်ာ္ခရီးသြားခြင့္ ပိတ္တာမွာ ကုန္စည္စီးဆင္းမႈ မထိခိုက္ေစေရးအတြက္ ကုန္ကားေတြကိုေတာ့ ျဖတ္သန္႔ခြင့္ ျပဳမွာ ျဖစ္ပါတယ္။

ျမန္မာဖက္က ကုန္ကားေတြ အေနနဲ႔ သတ္မွတ္ထားတဲ့ ေနရာမွာ ရပ္ရမွာျဖစ္ျပီး ဒရိုင္ဘာက ကားေပၚကဆင္း၊ တရုတ္ဖက္က က်န္းမာေရး စစ္ေဆးျပီးတဲ့ ေထာက္ခံခ်က္ရ ဒရိုင္ဘာက အဲ့ဒီကားကို တရုတ္ဖက္ကို ေမာင္းယူသြား၊ ကုန္ေတြအတင္အခ် လုပ္ျပီးတာနဲ႔ သတ္မွတ္ေနရာ ျပန္ရပ္၊ ျပီးမွ အဲ့ဒီကားကို သတ္မွတ္ေနရာကို ျပန္ေမာင္းျပီး ျမန္မာဖက္က ဒရိုင္ဘာက ကားကို ျပန္ေမာင္းယူ ဆိုတဲ့ စနစ္ပံုစံမ်ိဳးနဲ႔ ကုန္တင္ကုန္လုပ္ဖို႔ သတ္မွတ္လုပ္ေဆာင္ေနတယ္လို႔ နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။

“ကိုဗစ္ကာကြယ္ေရးအတြက္ လုပ္တာဆိုေတာ့လည္း လိုက္နာရတာပဲ။ ကုန္ပို႔တာ ကုန္တင္တာေတာ့ နည္းနည္းေတာ့ အခ်ိန္ေႏွးသြားတာပဲ ရွိတာပါ။ ကုန္စည္စီးဆင္းမႈကေတာ့ ကိုဗစ္ စျဖစ္ကတည္းက က်သြားလိုက္တာ အခုခ်ိန္ထိလည္း ဒီတိုင္းပါပဲ၊ သစ္သီးလိုင္းက ျပန္ဖြင့္ျပီး အေရာင္းအဝယ္ကလည္း ျဖစ္ေပမယ့္ ေအးေတာ့ ေအးေနတာေပါ့။ ခုက ႏွစ္ဖက္ ကုန္သည္ေတြက မဝင္မထြက္ရေတာ့ဘူးဆိုေတာ့ တရုတ္ဖက္မွာ ရွိေနတဲ့ ပြဲစားေတြနဲ႔ ခ်ိတ္ျပီးတဆင့္ခံ လုပ္ရတာေလးေတြ ရွိလာတာေပါ့” လို႔ မူဆယ္ျမိဳ႕ သစ္သီးဒိုင္က ဦးစိုင္းျမင့္ဘိုက VOM ကို ေျပာပါတယ္။

လက္တေလာမွာေတာ့ နယ္စပ္ကုန္သြယ္မႈ အဓိက ေနရာျဖစ္တဲ့ မူဆယ္ဂိတ္ကေန ျမန္မာဖက္က ဖရဲသီး၊ သခြားသီးေတြ တရုတ္ျပည္ဖက္ကို တင္ပို႔တာရွိေနျပီး တရုတ္ျပည္ဖက္ကေန အထည္အလိပ္၊ ေဆးပစၥည္းအခ်ိဳ႕နဲ႔ စားေသာက္ကုန္အခ်ိဳ႕တို႔ ျပန္လည္တင္သြင္းတာေလာက္ပဲ ရွိေနေသးတယ္လို႔ နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။

#VoiceOfMyanmar #VOM #နယ္စပ္ဂိတ္ #တရုတ္နယ္စပ္ #မူဆယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW