မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက်

မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက်

ကလေး၊ ဧပြီ ၂၄-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာကို ခြောက်ကြိမ်မြောက် ဆေးစစ်မှုပြုလုပ်ခဲ့အပြီးမှာတော့ Negative အဖြေထွက်ခဲ့တယ်လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်ကပြောပါတယ်။

လူနာအမှတ်(၁) ရဲ့ ခြောက်ကြိမ်မြောက် ဆေးစစ်တဲ့ အဖြေရလဒ်ကို ဒီကနေ့မနက်မှာ သိရှိခဲ့ရတာ ဖြစ်ပြီး လူနာအမှတ်(၁)ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ရက်ပေါင်း(၃၁) ရက်မြောက်နေ့မှာ ကူးစက်ခံထားရတဲ့ပိုး မရှိတော့ဘူးလို့ အဖြေရရှိခဲ့တာဖြစ်ပါတယ်။

“သူကတော့ အစထဲက ကျန်းမာရေးကောင်းမွန်နေတဲ့သူပါ။ အခု Negative ထွက်တော့
ဒုတိယအကြိမ် ထပ်စစ်လို့ Negative ထပ် ထွက်တယ်ဆိုရင်တော့ သူက ဆေးရုံကနေ ဆင်းလို့ရပြီလို့ ဆရာဝန်ကြီးတွေကပြောပါတယ်”လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင် က ပြောပါတယ်။

တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသူ စုစုပေါင်း
၅ ဦး ရှိပါတယ်။

အဲ့ဒီထဲကမှ လူနာအမှတ်(၁) က Negative အဖြေထွက်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ၄ ဦး ကတော့ positiveအဖြေ ထွက်နေဆဲဖြစ်ပါတယ်။

သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေ ကတော့ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး
ကူးစက်ခံထားရတဲ့ လူနာတွေ တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ တီးတိန်မြို့နယ်က ကပ်တဲလ်ကျေးရွာကို Lockdown သတ်မှတ်ခဲ့ပြီး တီးတိန်မြို့ကိုတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #တီးတိန် #ပထမဆုံးကြိဗစ်လူနာ #Negativeအဖြေထွက်

Zawgyi

ျမန္မာႏိုင္ငံရဲ႕ COVID-19 ပထမဆုံးလူနာ Negative အေျဖထြက္

ကေလး၊ ဧၿပီ ၂၄-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနတဲ့ ျမန္မာႏိုင္ငံရဲ႕ COVID-19 ပထမဆုံးလူနာကို ေျခာက္ႀကိမ္ေျမာက္ ေဆးစစ္မႈျပဳလုပ္ခဲ့အၿပီးမွာေတာ့ Negative အေျဖထြက္ခဲ့တယ္လို႔ တီးတိန္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဂိုဆြင္းခိုင္ကေျပာပါတယ္။

လူနာအမွတ္(၁) ရဲ႕ ေျခာက္ႀကိမ္ေျမာက္ ေဆးစစ္တဲ့ အေျဖရလဒ္ကို ဒီကေန႔မနက္မွာ သိရွိခဲ့ရတာ ျဖစ္ၿပီး လူနာအမွတ္(၁)ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း ရက္ေပါင္း(၃၁) ရက္ေျမာက္ေန႔မွာ ကူးစက္ခံထားရတဲ့ပိုး မရွိေတာ့ဘူးလို႔ အေျဖရရွိခဲ့တာျဖစ္ပါတယ္။

“သူကေတာ့ အစထဲက က်န္းမာေရးေကာင္းမြန္ေနတဲ့သူပါ။ အခု Negative ထြက္ေတာ့
ဒုတိယအႀကိမ္ ထပ္စစ္လို႔ Negative ထပ္ ထြက္တယ္ဆိုရင္ေတာ့ သူက ေဆး႐ုံကေန ဆင္းလို႔ရၿပီလို႔ ဆရာဝန္ႀကီးေတြကေျပာပါတယ္”လို႔ တီးတိန္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဂိုဆြင္းခိုင္ က ေျပာပါတယ္။

တီးတိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ခံယူေနရသူ စုစုေပါင္း
၅ ဦး ရွိပါတယ္။

အဲ့ဒီထဲကမွ လူနာအမွတ္(၁) က Negative အေျဖထြက္ခဲ့တာျဖစ္ၿပီး က်န္တဲ့ ၄ ဦး ကေတာ့ positiveအေျဖ ထြက္ေနဆဲျဖစ္ပါတယ္။

သူတို႔အားလုံးရဲ႕ က်န္းမာေရးအေျခအေန ကေတာ့ ေကာင္းမြန္လ်က္ရွိတယ္လို႔ သိရပါတယ္။

တီးတိန္ၿမိဳ႕နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး
ကူးစက္ခံထားရတဲ့ လူနာေတြ ေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္မွာေတာ့ တီးတိန္ၿမိဳ႕နယ္က ကပ္တဲလ္ေက်း႐ြာကို Lockdown သတ္မွတ္ခဲ့ၿပီး တီးတိန္ၿမိဳ႕ကိုေတာ့ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #တီးတိန္ #ပထမဆုံးႀကိဗစ္လူနာ #Negativeအေျဖထြက္

Related posts

Leave a Comment

VOM News

FREE
VIEW