မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး

မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး

မန္တလေး၊ ဧပြီ ၂၅၊ ၂၀၂၀။
ရှိုင်းအောင် (VOM)

မန္တလေးမြို့ပြည်သူဆေးရုံကြီးမှာ သံသယလူနာအဖြစ် စောင့်ကြည့်ခံထားရတဲ့ သူတွေထဲက ၇ ယောက်ဟာ မနေ့ ဧပြီ ၂၄ ရက်နေ့မှာပဲ သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ပြောပါတယ်။

စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ သံသယလူနာ ၇ ယောက်ထဲက တစ်ချို့ဟာ ရောဂါအခံ ုပြင်းပြင်းထန်ထန်ရှိတဲ့အတွက်ကြောင့် သေဆုံးသွားတာဖြစ်ပြီး ဓာတ်ခွဲနမူနာပေးပို့ထားတဲ့ အထဲက ၃ ယောက်က Negative ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်ရဲ့ အဖြေကိုတော့ မသိရသေးဘူးလို့ ဒေါက်တာဒေါ်စုစုထွေး က ပြောပါတယ်။

” တစ်ကိုယ်ရည် ရောဂါအခံရှိတဲ့သူတွေကျတော့လည်း သူရဲ့ကိုယ်ခံအားကျနေတဲ့အတွက် COVID-19 ဗိုင်းရပ်စ်ပိုးက သူ့အတွက်ကိုလည်း ကူးဆက်ဖို့ အခွင့်အရေးကများတာပဲ အဲ့လိုလူတွေကိုလည်း စောင့်ကြည့်လူနာထားတဲ့နေရာမှာထားပြီး ကုသပေးထားတာ” လို့ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

သေဆုံးသူတွေဟာ ပြင်ဦးလွင်၊ မတ္တရာ၊ တန့်ဆည်၊ ကောလင်း၊ သပိတ်ကျင်းမြို့နယ်တွေနဲ့ အောင်မြေသာစံမြို့နယ် နေထိုင်သူတွေ ဖြစ်ကြပါတယ်။

COVID -19 ကူးစက်ရောဂါကာလမှာ ဆေးရုံကို လာပြတဲ့ လူနာတွေထဲမှာ ပုံမှန်အားဖြင့် ဖျားနာနဲ့ပါတ်သက်တဲ့လူနာ၊ ခွဲစိတ်နဲ့ ပါတ်သက်တဲ့လူနာဆိုပြီး အကြမ်းအားဖြင့် နှစ်ပိုင်းခွဲခြားထားတယ်လို့ သိရပါတယ်။

ခွဲစိတ်နဲ့ပါတ်သက်တဲ့ ဆိုင်ကယ်အက်ဆီးဒင့်၊ ကားအက်ဆီးဒင့်၊ တိုက်ပေါ်ကပြုတ်ကျ၊ ခြေကျိုး လက်ကျိုး ခေါင်းပေါက် စတဲ့လူနာတွေထဲက ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေ အပါအဝင်၊
နှာစေး၊ ချောင်းဆိုး၊ ကျောက်ကပ်၊ အဆုတ်၊ မကောင်းတဲ့သူတွေ ဆီးချိုရောဂါရှိတဲ့သူတွေ ထဲက ပြင်းပြင်းထန်ထန် ရောဂါဖြစ်တဲ့သူတွေကို ဒီကာလအတွင်းမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ် ကုသပေးနေတာလို့ သိရပါတယ်။

ဒီလို ရောဂါအခြေအနေ ပြင်းထန်သူ လူနာအများစုဟာ အခုလို ကာလမှာ COVID-19 ရောဂါကူးစက်နိုင်ခြေ များသလို ကင်ဆာနဲ့ရောဂါအခံရှိတဲ့သူတွေမှာလဲ ကူးစက်နိုင်မှုနှုန်း မြင့်တာကြောင့် အဲ့ဒီလို လူနာတွေမှာ ဖျားပြီး နှာစေး ချောင်းဆိုးဖြစ်တတာတွေ ရှိတာနဲ့ သူတို့ကို စောင့်ကြည့်လူနာအဖြစ် ထားရှိတယ်လို့ ဒေါက်တာစုစုဒွေးက ရှင်းပြပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဧပြီ ၂၄ ရက်နေ့ အထိ စောင့်ကြည့်လူနာဦးရေ ၂၇၆ ယောက်ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၁၆၇ ယောက်ရှိပါတယ်။ မန္တလေးဆေးရုံကြီးမှာ COVID19 Positive လူနာ ၂ ယောက်နဲ့ ပြည်သူ့ကျန်းမာရေးဌာနကစောင့်ကြည့်ထားတဲ့ ထဲက Positive ၁ ယောက် စုစုပေါင်း မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရောဂါကူးစက်ခံရတဲ့သူ ၃ ယောက် ရှိတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #COVID19
#မန္တလေး #စောင့်ကြည်လူနာသေဆုံး

………………

zawgyi

 

မႏၲေလးေဆး႐ုံႀကီးမွာ တရက္အတြင္း ေစာင့္ၾကည့္လူနာ ၇ ေယာက္ ေသဆုံး

မႏၲေလး၊ ဧၿပီ ၂၅၊ ၂၀၂၀။
ရႈိင္းေအာင္ (VOM)

မႏၲေလးၿမိဳ႕ျပည္သူေဆး႐ုံႀကီးမွာ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ခံထားရတဲ့ သူေတြထဲက ၇ ေယာက္ဟာ မေန႔ ဧၿပီ ၂၄ ရက္ေန႔မွာပဲ ေသဆုံးခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးက ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚစုစုေဒြးက ေျပာပါတယ္။

ေစာင့္ၾကည့္လူနာအျဖစ္ထားရွိတဲ့ သံသယလူနာ ၇ ေယာက္ထဲက တစ္ခ်ိဳ႕ဟာ ေရာဂါအခံ ုျပင္းျပင္းထန္ထန္ရွိတဲ့အတြက္ေၾကာင့္ ေသဆုံးသြားတာျဖစ္ၿပီး ဓာတ္ခြဲနမူနာေပးပို႔ထားတဲ့ အထဲက ၃ ေယာက္က Negative ျဖစ္ၿပီး က်န္တဲ့ ၄ ေယာက္ရဲ႕ အေျဖကိုေတာ့ မသိရေသးဘူးလို႔ ေဒါက္တာေဒၚစုစုေထြး က ေျပာပါတယ္။

” တစ္ကိုယ္ရည္ ေရာဂါအခံရွိတဲ့သူေတြက်ေတာ့လည္း သူရဲ႕ကိုယ္ခံအားက်ေနတဲ့အတြက္ COVID-19 ဗိုင္းရပ္စ္ပိုးက သူ႔အတြက္ကိုလည္း ကူးဆက္ဖို႔ အခြင့္အေရးကမ်ားတာပဲ အဲ့လိုလူေတြကိုလည္း ေစာင့္ၾကည့္လူနာထားတဲ့ေနရာမွာထားၿပီး ကုသေပးထားတာ” လို႔ မႏၲေလးျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

ေသဆံုးသူေတြဟာ ျပင္ဦးလြင္၊ မတၱရာ၊ တန္႔ဆည္၊ ေကာလင္း၊ သပိတ္က်င္းျမိဳ႕နယ္ေတြနဲ႔ ေအာင္ေျမသာစံျမိဳ႕နယ္ ေနထိုင္သူေတြ ျဖစ္ၾကပါတယ္။

COVID -19 ကူးစက္ေရာဂါကာလမွာ ေဆးရံုကို လာျပတဲ့ လူနာေတြထဲမွာ ပုံမွန္အားျဖင့္ ဖ်ားနာနဲ႔ပါတ္သက္တဲ့လူနာ၊ ခြဲစိတ္နဲ႔ ပါတ္သက္တဲ့လူနာဆိုျပီး အၾကမ္းအားျဖင့္ ႏွစ္ပိုင္းခြဲျခားထားတယ္လို႔ သိရပါတယ္။

ခြဲစိတ္နဲ႔ပါတ္သက္တဲ့ ဆိုင္ကယ္အက္ဆီးဒင့္၊ ကားအက္ဆီးဒင့္၊ တိုက္ေပၚကျပဳတ္က်၊ ေျခက်ိဳး လက္က်ိဳး ေခါင္းေပါက္ စတဲ့လူနာေတြထဲက ထိခိုက္ဒဏ္ရာ ျပင္းထန္သူေတြ အပါအဝင္၊
ႏွာေစး၊ ေခ်ာင္းဆိုး၊ ေက်ာက္ကပ္၊ အဆုတ္၊ မေကာင္းတဲ့သူေတြ ဆီးခ်ိဳေရာဂါရွိတဲ့သူေတြ ထဲက ျပင္းျပင္းထန္ထန္ ေရာဂါျဖစ္တဲ့သူေတြကို ဒီကာလအတြင္းမွာ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ ကုသေပးေနတာလို႔ သိရပါတယ္။

ဒီလို ေရာဂါအေျခအေန ျပင္းထန္သူ လူနာအမ်ားစုဟာ အခုလို ကာလမွာ COVID-19 ေရာဂါကူးစက္ႏိုင္ေျခ မ်ားသလို ကင္ဆာနဲ႔ေရာဂါအခံရွိတဲ့သူေတြမွာလဲ ကူးစက္ႏိုင္မႈႏႈန္း ျမင့္တာေၾကာင့္ အဲ့ဒီလို လူနာေတြမွာ ဖ်ားၿပီး ႏွာေစး ေခ်ာင္းဆိုးျဖစ္တတာေတြ ရွိတာနဲ႔ သူတို႔ကို ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိတယ္လို႔ ေဒါက္တာစုစုေဒြးက ရွင္းျပပါတယ္။

မႏၲေလးေဆး႐ုံႀကီးမွာ ဧၿပီ ၂၄ ရက္ေန႔ အထိ ေစာင့္ၾကည့္လူနာဦးေရ ၂၇၆ ေယာက္ရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ ၁၆၇ ေယာက္ရွိပါတယ္။ မႏၲေလးေဆး႐ုံႀကီးမွာ COVID19 Positive လူနာ ၂ ေယာက္နဲ႔ ျပည္သူ႔က်န္းမာေရးဌာနကေစာင့္ၾကည့္ထားတဲ့ ထဲက Positive ၁ ေယာက္ စုစုေပါင္း မႏၲေလးတိုင္းေဒသႀကီးအတြင္းမွာ ေရာဂါကူးစက္ခံရတဲ့သူ ၃ ေယာက္ ရွိတယ္လို႔ သိရပါတယ္။

#VoiceOfMyanmar #VOM #COVID19
#မႏၱေလး #ေစာင့္ၾကည္လူနာေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW