ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလထုတ်ပြန်၊ မြစ်ချောင်းဘေးနေသူများ သတိပြုနေထိုင်ရေး ဘေးစီမံတိုင်းဦးစီး တိုက်တွန်း

ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုးဇလထုတ်ပြန်၊ မြစ်ချောင်းဘေးနေသူများ သတိပြုနေထိုင်ရေး ဘေးစီမံတိုင်းဦးစီး တိုက်တွန်း

ကလေး၊ မေ ၂-၂၀၂၀
ငြိမ်းသူမင်း(VOM)

အိန္ဒိယနိုင်ငံ နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာနထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မိုးဇလ သတင်းတွေကို အစဉ် မပြတ် နားစွင့်ထားကြဖို့ နဲ့ သတိထားနေထိုင်ကြဖို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီး မှူး ဦးစဝီလီဖရန့် ကတိုက်တွန်းပြောကြာခဲ့ပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကနေ မေလ ၂ ရက်နေ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နဲ့ ဘင်္ဂလားပင်လယ်အောင် အရှေ့တောင်းပိုင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ နောက်ထပ် ၃ ရက်အတွင်း မုန်းတိုင်းငယ် ဖြစ်ပေါ်လာနိုင်ပြီး အဲ့ဒီ မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံဖက်ကို ရွေ့လျားလာနိုင်တာကြောင့် အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

“မေလ ပထမပတ်ထဲမှာဖြစ်မယ့်မုန်တိုင်းက စစ်ကိုင်းတိုင်းကိုတော့ မိုးကတော့ ရောက်မှာပဲ၊ မိုးရောက်ရင် နေရာဒေသအလိုက် မိုးကြီးနိုင်တယ်၊ မိုးကြီးရင် မြေနုကျွန်းပေါ်မှာ လုပ်ကိုင်စားသောက်သူတွေ အရေးကြီးတယ်။ ချင်းတောင်တန်းလည်း မိုးများမှာဆိုတော့ ချင်းတောင်တန်းကနေ မြစ်ဖျားခံစီးဆင်းလာမယ့် ချောင်းမြောင်းတွေမှာ လုပ်ကိုင်
စားသောက်ကြသူတွေ အန္တရာယ်ရှိနိုင်တယ်။ အခု အဲ့ကိစ္စကိုလည်း မိုးဇလက တောက်လျှောက် ထုတ်ပြန်နေတာဆိုတော့ အဲ့တာတွေကို လေ့လာ မှတ်သားပြီး ကိုယ့်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေအနေနဲ့ မိုးဇလ ထုတ်ပြန်ချက်ကို လေ့လာမှတ်သားဖို့ တိုက်တွန်းချင်ပါတယ်”လို့ စစ်ကိုင်းတိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီး မှူး ဦးစဝီလီဖရန့်ကပြောပါတယ်။

အဲ့ဒီမုန်တိုင်းငယ်ဖြစ်ပေါ်ပြီး မိုးများရွာသွန်းပါက အိန္ဒိယနိုင်ငံနဲ့ ဆက်စပ်နေတယ် ချင်းတောင်တန်း နဲ့နာဂဒေသတွေမှာ မိုးရွာသွန်းနိုင်ပါတယ်။ဒီ မိုးတွေကြောင့်
ချင်းတွင်းမြစ်၊မြစ်သာမြစ်၊နေရဉ္ဇရာချောင်းအပါအဝင် အဲ့ဒီချောင်းထဲကိုစီးဝင်နေတဲ့ တောင်ကျချောင်းရေတွေကနေ တောင်ကျရေတွေ ရုတ်တရက် ကျဆင်းနိုင်ပါတယ်။

ယခုအချိန်ကာလမှာဆိုရင် မြစ်ကမ်းဘေးတွေမှာ သီးနှံစိုက်ပျိုးရေးလုပ်ကိုင်ကြတဲ့ တောင်သူတွေနေထိုင်ပြီး တောင်သူတွေစိုက်ပျိုးကြတဲ့ နှမ်း၊မြေပဲ၊နေကြာ အပါအဝင် အခြားသီးနှံအမျိုးမျိုးလည်း မရိတ်သိမ်းရသေးတဲ့ အချိန်ဖြစ်ပါတယ်။

အဲ့ဒါတွေအပြင် မြစ်ချောင်းတွေထဲမှာ ကျောက်ထုတ်တာ၊ သဲထုတ်တာ ၊ရွှေတူးဖော်တာ စတဲ့လုပ်ငန်းတွေလဲ လုပ်ကိုင်ကြတာကြောင့် ဒီလိုလုပ်ကိုင်နေတဲ့ ပြည်သူတွေအနေနဲ့ သတိထား
နေထိုင်ကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကလေး #မုန်တိုင်းဖြစ်နိုင်ကြောင်း #မိုးဇလတိုက်တွန်း

Zawgyi

ရက္ပိုင္းအတြင္း မုန္တိုင္းငယ္ျဖစ္ႏိုင္ေၾကာင္း မိုးဇလထုတ္ျပန္၊ ျမစ္ေခ်ာင္းေဘးေနသူမ်ား သတိျပဳေနထိုင္ေရး ေဘးစီမံတိုင္းဦးစီး တိုက္တြန္း

ကေလး၊ ေမ ၂-၂၀၂၀
ၿငိမ္းသူမင္း(VOM)

အိႏၵိယႏိုင္ငံ နဲ႔ နယ္ေျမခ်င္းစပ္ဆက္ေနတဲ့ စစ္ကိုင္းတိုင္းအတြင္းမွာနထိုင္ၾကတဲ့ ျပည္သူေတြအေနနဲ႔ မိုးဇလ သတင္းေတြကို အစဥ္ မျပတ္ နားစြင့္ထားၾကဖို႔ နဲ႔ သတိထားေနထိုင္ၾကဖို႔ စစ္ကိုင္းတိုင္းေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဦးစီးဌာန တိုင္းဦးစီး မႉး ဦးစဝီလီဖရန႔္ ကတိုက္တြန္းေျပာၾကာခဲ့ပါတယ္။

မိုးေလဝသႏွင့္ဇလေဗဒၫြန္ၾကားမႈဦးစီးဌာနကေန ေမလ ၂ ရက္ေန ထုတ္ျပန္လိုက္တဲ့ ထုတ္ျပန္ခ်က္အရ ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္း နဲ႔ ဘဂၤလားပင္လယ္ေအာင္ အေရွ႕ေတာင္းပိုင္မွာျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းကေန ေနာက္ထပ္ ၃ ရက္အတြင္း မုန္းတိုင္းငယ္ ျဖစ္ေပၚလာႏိုင္ၿပီး အဲ့ဒီ မုန္တိုင္းငယ္ဟာ အိႏၵိယႏိုင္ငံဖက္ကို ေ႐ြ႕လ်ားလာႏိုင္တာေၾကာင့္ အခုလုိတုိက္တြန္းလုိက္တာျဖစ္ပါတယ္။

“ေမလ ပထမပတ္ထဲမွာျဖစ္မယ့္မုန္တိုင္းက စစ္ကိုင္းတိုင္းကိုေတာ့ မိုးကေတာ့ ေရာက္မွာပဲ၊ မိုးေရာက္ရင္ ေနရာေဒသအလိုက္ မိုးႀကီးႏိုင္တယ္၊ မိုးႀကီးရင္ ေျမႏုကြၽန္းေပၚမွာ လုပ္ကိုင္စားေသာက္သူေတြ အေရးႀကီးတယ္။ ခ်င္းေတာင္တန္းလည္း မိုးမ်ားမွာဆိုေတာ့ ခ်င္းေတာင္တန္းကေန ျမစ္ဖ်ားခံစီးဆင္းလာမယ့္ ေခ်ာင္းေျမာင္းေတြမွာ လုပ္ကိုင္
စားေသာက္ၾကသူေတြ အႏၲရာယ္ရွိႏိုင္တယ္။ အခု အဲ့ကိစၥကိုလည္း မိုးဇလက ေတာက္ေလွ်ာက္ ထုတ္ျပန္ေနတာဆိုေတာ့ အဲ့တာေတြကို ေလ့လာ မွတ္သားၿပီး ကိုယ့္အႏၲရာယ္ကို ေရွာင္ရွားႏိုင္ဖို႔ ျပည္သူေတြအေနနဲ႔ မိုးဇလ ထုတ္ျပန္ခ်က္ကို ေလ့လာမွတ္သားဖို႔ တိုက္တြန္းခ်င္ပါတယ္”လို႔ စစ္ကိုင္းတိုင္းေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဦးစီးဌာန တိုင္းဦးစီး မႉး ဦးစဝီလီဖရန႔္ကေျပာပါတယ္။

အဲ့ဒီမုန္တိုင္းငယ္ျဖစ္ေပၚၿပီး မိုးမ်ား႐ြာသြန္းပါက အိႏၵိယႏိုင္ငံနဲ႔ ဆက္စပ္ေနတယ္ ခ်င္းေတာင္တန္း နဲ႔နာဂေဒသေတြမွာ မိုး႐ြာသြန္းႏိုင္ပါတယ္။ဒီ မိုးေတြေၾကာင့္
ခ်င္းတြင္းျမစ္၊ျမစ္သာျမစ္၊ေနရၪၨရာေခ်ာင္းအပါအဝင္ အဲ့ဒီေခ်ာင္းထဲကိုစီးဝင္ေနတဲ့ ေတာင္က်ေခ်ာင္းေရေတြကေန ေတာင္က်ေရေတြ ႐ုတ္တရက္ က်ဆင္းႏိုင္ပါတယ္။

ယခုအခ်ိန္ကာလမွာဆိုရင္ ျမစ္ကမ္းေဘးေတြမွာ သီးႏွံစိုက္ပ်ိဳးေရးလုပ္ကိုင္ၾကတဲ့ ေတာင္သူေတြေနထိုင္ၿပီး ေတာင္သူေတြစိုက္ပ်ိဳးၾကတဲ့ ႏွမ္း၊ေျမပဲ၊ေနၾကာ အပါအဝင္ အျခားသီးႏွံအမ်ိဳးမ်ိဳးလည္း မရိတ္သိမ္းရေသးတဲ့ အခ်ိန္ျဖစ္ပါတယ္။

အဲ့ဒါေတြအျပင္ ျမစ္ေခ်ာင္းေတြထဲမွာ ေက်ာက္ထုတ္တာ၊ သဲထုတ္တာ ၊ေ႐ႊတူးေဖာ္တာ စတဲ့လုပ္ငန္းေတြလဲ လုပ္ကိုင္ၾကတာေၾကာင့္ ဒီလိုလုပ္ကိုင္ေနတဲ့ ျပည္သူေတြအေနနဲ႔ သတိထား
ေနထိုင္ၾကဖို႔ တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကေလး #မုန္တိုင္းျဖစ္နိုင္ေၾကာင္း #မိုးဇလတိုက္တြန္း

Related posts

Leave a Comment

VOM News

FREE
VIEW