ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင်

ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင်

မြစ်ကြီးနား၊ မေ ၂၃-၂၀၂၀
ရန်အောင်ထွန်း(VOM)

ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ဧရာမော်ပန်းခြံအတွင်း ရုပ်ရှင်ရုံပါဝင်တဲ့ Mini Shopping Center တည်ဆောက်ရေးစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်လာတဲ့အတွက် လုပ်ငန်းရှင်ဘက်က လုပ်ငန်းပြန်လည်ရုတ်သိမ်းကြောင်း မေလ ၂၂ ရက်နေ့က စာတင်ထားတယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ပြောပါတယ်။

အဲ့ဒီစီမံကိန်းကို ဝိုင်းမော်ဒေသခံ ၄၁ ဦး စုပေါင်းလက်မှတ်ထိုးပြီး မေလ ၁၂ ရက်နေ့က ကချင်ပြည်နယ်အစိုးရဆီကို ကန့်ကွက်စာတင်ခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့မှာတော့ အဲ့ဒီစီမံကိန်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ စည်ပင်ဝန်ကြီး ဦနော်လီနဲ့ ဆောက်လုပ်မယ့် ဂင်လွှမ်း ကုမ္ပဏီလိမိတက် ဒါရိုက်တာ ဦးဇယ်နောတို့ ပန္နက်ရိုက်ပေးသွားတာဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းရုတ်သိမ်းစာကိုတော့ ဝန်ကြီးချုပ်ဆီ တင်ပြပေးသွားမယ်လို့ ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ပြောပါတယ်။

ဒေသခံတွေကတော့ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်းနဲ့ နီးနေတာ ၊ ပန်ခြံအတွက် ယူထားတဲ့ဲမြေကို ပုဂ္ဂလိကဆီ ချမပေးဖို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီအတွက်လည်း ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက မေလ ၁၈ ရက်နေ့မှာ ကန့်ကွက်ထားတဲ့ဒေသခံတွေနဲ့ တွေ့ဆုံရှင်းပြမှု ပြုလုပ်ခဲ့ပါတယ်။ ကန့်ကွက်သူတွေဘက်ကတော့ ပုဂ္ဂလိကချထားပေးမှုကို ဆက်လက်ကန့်ကွက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လုပ်ငန်းရှင်ဘက်က ရုတ်သိမ်းစာတင်ထားတဲ့ ရုပ်ရှင်ရုံပါ Mini Shopping Center ကို ဈေးဆိုင်ခန်းတွေ ပါဝင်တဲ့ အာရ်စီ(၃)ထပ် အဆောက်အအုံ တည်ဆောက်သွားမယ်လို့ ရည်ရွယ်ထားခဲ့တာဖြစ်ပြီး အဲ့ဒီတည်ဆောက်မှုအတွက် စည်ပင်ဘက်က မြေအလျား ပေ ၁၀၀ အနံ ပေ ၆၀ ချထားပေးရကာ ငှားရမ်းခ တစ်လ ၈ သိန်းနဲ့ နှစ် ၃၀ ချထားခဲ့တာဖြစ်ပါတယ်။

အများပြည်သူသိဖို့ တင်ဒါခေါ်စဉ်က မြန်မာ့အလင်းသတင်းစာက အသိပေးခဲ့တာ၊ ပန္နက်ရိုက်ခါနီးမှာ ချပြဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် Covid -19 ဖြစ်သွားလို့ ဒေသခံတွေနဲ့ ကြိုတင်ညှိနိုင်းမှုမလုပ်နိုင်တာ ကိုလည်း စည်ပင်ဝန်ကြီးရဲ့ပြောပြချက်အရ သိရပါတယ်။

အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းကို ၁၉၅၁ ခုနှစ်က ပြည်တော်သာစီမံကိန်းအရ မြေကွက်လပ် ၅ ဧကလောက်ကို ရှင်းလင်းခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ အလယ်တန်းကျောင်း ပျဉ်ထောင် ၊ ပျဉ်ခင်း၊ သွပ်မိုးကျောင်း ဆောက်လုပ် လှူဒါန်းထားတာလို့ သိရပါတယ်။

၁၉၈၉ ခုနှစ်မှာတော့ မြို့နယ်ငြိမ်ဝပ်ပိပြာမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့က ကျောင်းပိုင်မြေ ၂ ဧကခွဲလောက်ကို ပန်းခြံပြုလုပ်ဖို့ သိမ်းယူသွားခဲ့ပြီးနောက်ပိုင်း စည်ပင်ကို ပြန်အပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုတည်ဆောက်မယ့် ရုပ်ရှင်ရုံပါဝင်တဲ့ Mini Shopping Centerဟာ စည်ပင်ကိုပြန်အပ်ထားတဲ့ မြေနေရာထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား #စီမံကိန်း #ရုတ်သိမ်းစာတင်

Zawgyi

ေဒသခံေတြကန႔္ကြက္တဲ့ ဝိုင္းေမာ္ၿမိဳ႕က Mini Shopping Center စီမံကိန္းကုိ ႐ုတ္သိမ္းစာတင္

ျမစ္ႀကီးနား၊ ေမ ၂၃-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ဝိုင္းေမာ္ၿမိဳ႕၊ ရပ္ကြက္ (၁) ဧရာေမာ္ပန္းၿခံအတြင္း ႐ုပ္ရွင္႐ုံပါဝင္တဲ့ Mini Shopping Center တည္ေဆာက္ေရးစီမံကိန္းကို ေဒသခံေတြ ကန႔္ကြက္လာတဲ့အတြက္ လုပ္ငန္းရွင္ဘက္က လုပ္ငန္းျပန္လည္႐ုတ္သိမ္းေၾကာင္း ေမလ ၂၂ ရက္ေန႔က စာတင္ထားတယ္လို႔ ျပည္နယ္စည္ပင္ဝန္ႀကီး ဦးေနာ္လီက ေျပာပါတယ္။

အဲ့ဒီစီမံကိန္းကို ဝိုင္းေမာ္ေဒသခံ ၄၁ ဦး စုေပါင္းလက္မွတ္ထိုးၿပီး ေမလ ၁၂ ရက္ေန႔က ကခ်င္ျပည္နယ္အစိုးရဆီကို ကန႔္ကြက္စာတင္ခဲ့တာျဖစ္ပါတယ္။

ေမလ ၁၄ ရက္ေန႔မွာေတာ့ အဲ့ဒီစီမံကိန္းကို ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ ၊ စည္ပင္ဝန္ႀကီး ဦေနာ္လီနဲ႔ ေဆာက္လုပ္မယ့္ ဂင္လႊမ္း ကုမၸဏီလိမိတက္ ဒါ႐ိုက္တာ ဦးဇယ္ေနာတို႔ ပႏၷက္႐ိုက္ေပးသြားတာျဖစ္ၿပီး လုပ္ငန္းရွင္ဘက္က လုပ္ငန္း႐ုတ္သိမ္းစာကိုေတာ့ ဝန္ႀကီးခ်ဳပ္ဆီ တင္ျပေပးသြားမယ္လို႔ ကခ်င္ျပည္နယ္စည္ပင္ဝန္ႀကီး ဦးေနာ္လီက ေျပာပါတယ္။

ေဒသခံေတြကေတာ့ အမွတ္(၄) အေျခခံပညာမူလတန္းလြန္ေက်ာင္းနဲ႔ နီးေနတာ ၊ ပန္ၿခံအတြက္ ယူထားတဲ့ဲေျမကို ပုဂၢလိကဆီ ခ်မေပးဖို႔ ကန႔္ကြက္ခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီအတြက္လည္း ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ျပည္နယ္စည္ပင္ဝန္ႀကီး ဦးေနာ္လီက ေမလ ၁၈ ရက္ေန႔မွာ ကန႔္ကြက္ထားတဲ့ေဒသခံေတြနဲ႔ ေတြ႕ဆုံရွင္းျပမႈ ျပဳလုပ္ခဲ့ပါတယ္။ ကန႔္ကြက္သူေတြဘက္ကေတာ့ ပုဂၢလိကခ်ထားေပးမႈကို ဆက္လက္ကန႔္ကြက္ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

လုပ္ငန္းရွင္ဘက္က ႐ုတ္သိမ္းစာတင္ထားတဲ့ ႐ုပ္ရွင္႐ုံပါ Mini Shopping Center ကို ေဈးဆိုင္ခန္းေတြ ပါဝင္တဲ့ အာရ္စီ(၃)ထပ္ အေဆာက္အအုံ တည္ေဆာက္သြားမယ္လို႔ ရည္႐ြယ္ထားခဲ့တာျဖစ္ၿပီး အဲ့ဒီတည္ေဆာက္မႈအတြက္ စည္ပင္ဘက္က ေျမအလ်ား ေပ ၁၀၀ အနံ ေပ ၆၀ ခ်ထားေပးရကာ ငွားရမ္းခ တစ္လ ၈ သိန္းနဲ႔ ႏွစ္ ၃၀ ခ်ထားခဲ့တာျဖစ္ပါတယ္။

အမ်ားျပည္သူသိဖို႔ တင္ဒါေခၚစဥ္က ျမန္မာ့အလင္းသတင္းစာက အသိေပးခဲ့တာ၊ ပႏၷက္႐ိုက္ခါနီးမွာ ခ်ျပေဆြးေႏြးဖို႔ စီစဥ္ခဲ့ေပမယ့္ Covid -19 ျဖစ္သြားလို႔ ေဒသခံေတြနဲ႔ ႀကိဳတင္ညႇိႏိုင္းမႈမလုပ္ႏိုင္တာ ကိုလည္း စည္ပင္ဝန္ႀကီးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အေျခခံပညာမူလတန္းလြန္ေက်ာင္းဝင္းကို ၁၉၅၁ ခုႏွစ္က ျပည္ေတာ္သာစီမံကိန္းအရ ေျမကြက္လပ္ ၅ ဧကေလာက္ကို ရွင္းလင္းခဲ့ၿပီး ၁၉၅၂ ခုႏွစ္မွာ အလယ္တန္းေက်ာင္း ပ်ဥ္ေထာင္ ၊ ပ်ဥ္ခင္း၊ သြပ္မိုးေက်ာင္း ေဆာက္လုပ္ လႉဒါန္းထားတာလို႔ သိရပါတယ္။

၁၉၈၉ ခုႏွစ္မွာေတာ့ ၿမိဳ႕နယ္ၿငိမ္ဝပ္ပိျပာမႈ တည္ေဆာက္ေရးအဖြဲ႔ဥကၠ႒နဲ႔ အတြင္းေရးမွဴးတို႔က ေက်ာင္းပိုင္ေျမ ၂ ဧကခြဲေလာက္ကို ပန္းၿခံျပဳလုပ္ဖို႔ သိမ္းယူသြားခဲ့ၿပီးေနာက္ပိုင္း စည္ပင္ကို ျပန္အပ္ထားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အခုတည္ေဆာက္မယ့္ ႐ုပ္ရွင္႐ုံပါဝင္တဲ့ Mini Shopping Centerဟာ စည္ပင္ကိုျပန္အပ္ထားတဲ့ ေျမေနရာထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျမစ္ႀကီးနား #စီမံကိန္း #ရုတ္သိမ္းစာတင္

Related posts

Leave a Comment

VOM News

FREE
VIEW