အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား

စစ်တွေ၊ မေ ၂၃- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်ဆီးခံထားရသူ (၅)ဦးကို မနေ့မေလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ သိရပါတယ်။

မနေ့ကရုံးထုတ်မှုမှာ ပါဝင်သူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က (၅) ယောက်နဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက တစ်ဦးတို့ဖြစ်တယ်လို့သိရပြီး သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂ (က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ တပ်မတော်က တရားလိုလုပ်ပြီး တိုင်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မနေ့က ရုံးထုတ်ကိုလာရောက်သူတစ်ဦးပြောတာက” ကျနော် မနေ့ကရုံးထုတ်မှာ စစ်တွေကိုသွားခဲ့တယ်။ ပုဏ္ဏားကျွန်းကနေပြီးတော့ မနေ့ကမနက် ၈ နာရီလောက်မှာ စစ်တွေကို ခေါ်သွားတယ်။ စစ်တွေကိုရောက်တော့ စစ်တွေတရားရုံးကို ခေါ်သွားတယ်။ တရားရုံးအချုပ်ထဲမှာ သူတို့ကို ချုပ်ထားသေးတယ်။ တရားရုံးက အပြင်ကိုထုတ်တော့ စစ်တွေအကျဉ်းထောင်ကို ခေါ်သွားတယ်။ ” လို့ မနေ့ကရုံးထုတ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ စစ်တွေခရိုင်တရာရုံးမှာ ရုံးထုတ်ခဲ့သူတွေမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက ညီညီအောင်(၂၄ နှစ်)၊ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦး (၂၄ နှစ်)၊ မောင်ချေ (၂၄ နှစ်)နဲ့ ဇီးပင်ကြီးကျေးရွာက၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်မှ ကိုမင်းစိုး (၃၈ နှစ်) တို့ဖြစ်ပါတယ်။

သူတို့ (၅) ဦးဟာ တပ်မတော်စစ်ရေယာဉ်တစ်စီးပေါ်မှာ တပ်မတော်သားများက ရိုက်နှက်ထိုးကြိတ်ခဲ့ပြီး နှိပ်စက်တဲ့ ဗီဒီယိုဖိုင်ထဲက ရွာသားတွေဖြစ်ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ဟာ မေလ ၁ဝ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ရာ အဲ့ဒီ ရိုက်နှက်မှုတွေကြောင့် ခန္ဓာကိုယ်တွေနာကျင်နေကြောင်း ကျောက်ဆိပ်ရွာက သူတို့ရဲ့ သူငယ်ချင်းဖြစ်သူတစ်ဦးက ပြောပါတယ်။

” သူတို့ပြောတာက ရိုက်နှက်ထားတာတွေက အများကြီးပဲ။ နေကောင်းလားဆိုလည်း နေမကောင်းဘူး။ နည်းနည်းတော့သက်သာပါရဲ့ အတွင်းနာသွားတဲ့ သဘောမျိုးရှိတယ်။ သတ်တာတွေကတော့ စုံတယ်။ ဦးခေါင်းကို ငရုတ်ကြိတ် ကျောက်နဲ့ထုတာတွေရော၊ ကျောကုန်းကို ကြိုးနဲ့ရိုက်တာတွေ၊ ကန်တာကျောက်တာတွေကတော့ ဗီဒီယိုဖိုင်မှာ မြင်လိုက်တဲ့အတိုင်းပါပဲ။” လို့ ဖမ်းဆီးရိုက်နှက်ခံရသူတွေရဲ့ သူငယ်ချင်းတစ်ဦးက ပြောတာပါ။

အဲ့ဒီအမှုတွေကို ပုဏ္ဏားကျွန်းမြို့ မြို့မစခန်းမှူး ဒုရဲမှူး ခင်မောင်အေးက စုံစမ်းစစ်ဆေးခဲ့ပြီး အမှုကနေ ဖမ်းဆီးရမိခဲ့သူ မျိုးလှိုင်ဦး (ခေါ်) မျိုးလင်းဦးပါ ၅ ဦးကို တရားစွဲတင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေချိန် ဧပြီလ ၂၄ ရက်ကနေ မေလ ၁ ရက်နေ့အထိ ချုပ်ထားခွင့်ပြုရေး ဧပြီလ ၂၄ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၇ နဲ့အညီ ပုဏ္ဏာကျွန်းမြို့နယ် တရားသူကြီးထံတင်ပြပြီး ချုပ်မိန့်ရမန်တောင်းခံဆောင်ရွက်ခဲ့ကြောင်း ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်ဟာ မနေ့ မေလ ၂၂ ရက် လွှတ်တော်အစည်းအဝေးမှာ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်သန်းတင် ရဲ့မေခွန်းကို ဖြေဆိုစဉ် ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်တဲ့သတင်းမှာတော့ စစ်ရေယာဉ်ပေါ်မှာ မျိုးလင်းဦးပါ ၅ ဦးကို ရိုက်နှက်၊ နှိပ်စက်ခဲ့တဲ့ တပ်မတော်သားတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ဖမ္းဆီးခံရတဲ့ ေက်ာက္ဆိပ္႐ြာသား ၅ ဦးကို စစ္ေတြအက်ဥ္းေထာင္ကိုပို႔ထား

စစ္ေတြ၊ ေမ ၂၃- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြခ႐ိုင္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ ဖမ္ဆီးခံထားရသူ (၅)ဦးကို မေန႔ေမလ ၂၂ ရက္ေန႔ ေန႔လည္ ၁၂ နာရီေက်ာ္ေလာက္က စစ္ေတြခ႐ိုင္တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ၿပီး စစ္ေတြအက်ဥ္းေထာင္ကို ပို႔ခဲ့တယ္လုိ႔ သိရပါတယ္။

မေန႔က႐ုံးထုတ္မႈမွာ ပါဝင္သူေတြဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္က (၅) ေယာက္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ ဇီးပင္ႀကီးေက်း႐ြာက တစ္ဦးတို႔ျဖစ္တယ္လို႔သိရၿပီး သူတို႔အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြျဖစ္တဲ့ ၅၀(ည)၊ ၅၂ (က) နဲ႔ ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္းမွာ တပ္မေတာ္က တရားလိုလုပ္ၿပီး တိုင္တန္းထားတာျဖစ္တယ္လို႔ သိရပါတယ္။

ေက်ာက္ဆိပ္ေက်း႐ြာက ဖမ္းဆီးခံရသူေတြရဲ႕ မေန႔က ႐ုံးထုတ္ကိုလာေရာက္သူတစ္ဦးေျပာတာက” က်ေနာ္ မေန႔က႐ုံးထုတ္မွာ စစ္ေတြကိုသြားခဲ့တယ္။ ပုဏၰားကြၽန္းကေနၿပီးေတာ့ မေန႔ကမနက္ ၈ နာရီေလာက္မွာ စစ္ေတြကို ေခၚသြားတယ္။ စစ္ေတြက္ိုေရာက္ေတာ့ စစ္ေတြတရား႐ုံးကို ေခၚသြားတယ္။ တရား႐ုံးအခ်ဳပ္ထဲမွာ သူတို႔ကို ခ်ဳပ္ထားေသးတယ္။ တရား႐ုံးက အျပင္ကိုထုတ္ေတာ့ စစ္ေတြအက်ဥ္းေထာင္ကို ေခၚသြားတယ္။ ” လို႔ မေန႔က႐ုံးထုတ္နဲ႔ ပတ္သက္ၿပီး ေျပာပါတယ္။

အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မေတြနဲ႔ စစ္ေတြခ႐ိုင္တရာ႐ုံးမွာ ႐ုံးထုတ္ခဲ့သူေတြမွာ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက ညီညီေအာင္(၂၄ ႏွစ္)၊ မ်ိဳးလႈိင္ဦး (ေခၚ) မ်ိဳးလင္းဦး (၂၄ ႏွစ္)၊ ေမာင္ေခ် (၂၄ ႏွစ္)နဲ႔ ဇီးပင္ႀကီးေက်း႐ြာက၊ ပုဏၰားကြၽန္းၿမိဳ႕၊ အလယ္စုရပ္ကြက္မွ ကိုမင္းစိုး (၃၈ ႏွစ္) တို႔ျဖစ္ပါတယ္။

သူတို႔ (၅) ဦးဟာ တပ္မေတာ္စစ္ေရယာဥ္တစ္စီးေပၚမွာ တပ္မေတာ္သားမ်ားက ႐ိုက္ႏွက္ထိုးႀကိတ္ခဲ့ၿပီး ႏွိပ္စက္တဲ့ ဗီဒီယိုဖိုင္ထဲက ရြာသားေတြျဖစ္ပါတယ္။

အဲ့ဒီဗီဒီယိုဖုိင္ဟာ ေမလ ၁ဝ ရက္ေန႔က လူမႈကြန္ရက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔ခဲ့ရာ အဲ့ဒီ ႐ိုက္ႏွက္မႈေတြေၾကာင့္ ခႏၶာကိုယ္ေတြနာက်င္ေနေၾကာင္း ေက်ာက္ဆိပ္႐ြာက သူတို႔ရဲ႕ သူငယ္ခ်င္းျဖစ္သူတစ္ဦးက ေျပာပါတယ္။

” သူတို႔ေျပာတာက ႐ိုက္ႏွက္ထားတာေတြက အမ်ားႀကီးပဲ။ ေနေကာင္းလားဆိုလည္း ေနမေကာင္းဘူး။ နည္းနည္းေတာ့သက္သာပါရဲ႕ အတြင္းနာသြားတဲ့ သေဘာမ်ိဳးရွိတယ္။ သတ္တာေတြကေတာ့ စုံတယ္။ ဦးေခါင္းကို င႐ုတ္ႀကိတ္ ေက်ာက္နဲ႔ထုတာေတြေရာ၊ ေက်ာကုန္းကို ႀကိဳးနဲ႔႐ိုက္တာေတြ၊ ကန္တာေက်ာက္တာေတြကေတာ့ ဗီဒီယိုဖိုင္မွာ ျမင္လိုက္တဲ့အတိုင္းပါပဲ။” လို႔ ဖမ္းဆီး႐ိုက္ႏွက္ခံရသူေတြရဲ႕ သူငယ္ခ်င္းတစ္ဦးက ေျပာတာပါ။

အ့ဲဒီအမႈေတြကို ပုဏၰားကြၽန္းၿမိဳ႕ ၿမိဳ႕မစခန္းမႉး ဒုရဲမႉး ခင္ေမာင္ေအးက စုံစမ္းစစ္ေဆးခဲ့ၿပီး အမႈကေန ဖမ္းဆီးရမိခဲ့သူ မ်ိဳးလႈိင္ဦး (ေခၚ) မ်ိဳးလင္းဦးပါ ၅ ဦးကို တရားစြဲတင္ႏိုင္ေရးအတြက္ စုံစမ္းစစ္ေဆးေနခ်ိန္ ဧၿပီလ ၂၄ ရက္ကေန ေမလ ၁ ရက္ေန႔အထိ ခ်ဳပ္ထားခြင့္ျပဳေရး ဧၿပီလ ၂၄ ရက္ေန႔မွာ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၆၇ နဲ႔အညီ ပုဏၰာကြၽန္းၿမိဳ႕နယ္ တရားသူႀကီးထံတင္ျပၿပီး ခ်ဳပ္မိန္႔ရမန္ေတာင္းခံေဆာင္႐ြက္ခဲ့ေၾကာင္း ရခိုင္ျပည္နယ္ နယ္/လုံ ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္ဟာ မေန႔ ေမလ ၂၂ ရက္ လႊတ္ေတာ္အစည္းအေဝးမွာ ပုဏၰားကြၽန္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ဦးေမာင္သန္းတင္ ရဲ႕ေမခြန္းကို ေျဖဆိုစဥ္ ေျပာခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ လပိုင္းေလာက္က တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ထုတ္ျပန္တဲ့သတင္းမွာေတာ့ စစ္ေရယာဥ္ေပၚမွာ မ်ိဳးလင္းဦးပါ ၅ ဦးကို ႐ိုက္ႏွက္၊ ႏွိပ္စက္ခဲ့တဲ့ တပ္မေတာ္သားေတြကို ဥပေဒနဲ႔အညီ အေရးယူေဆာင္႐ြက္သြားမယ္လို႔ ပါရွိထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW