ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မယ်

ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မယ်

နေပြည်တော်၊ ဇွန် ၁-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို လျှို့ဝှက်စနစ်နဲ့မဲခွဲမယ်ဆိုရင် မဲရလဒ်က အခုထက်ပိုမို ကောင်းမွန်မှာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီကနေ့နေပြည်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

“မဲခွဲတဲ့အခါမှာ ကိုယ်တစ်ယောက်တည်းရဲ့ အယူအဆပေါ့။ မှန်ခြင်း၊ မှားခြင်းကတော့ ကိုယ်လည်း သက်သေမပြနိုင်ဘူး။ လျှို့ဝှက်ဆန္ဒမဲ။ စာရွက်နဲ့ လျှို့ဝှက်ဆန္ဒမဲကို မဲပုံထဲမှာ သွားထည့်ပေး။ ကိုယ်တို့ ဒီနေ့ရတဲ့ ၁၃၂ မဲထက်ပိုရမယ်။ ဒါ ကိုယ်ပြောရဲတယ်”လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောပါတယ်။

စက်ခလုပ်နှိပ်မဲပေးစနစ်နဲ့ ဆုံးဖြတ်တာက လျှို့ဝှက်ဆန္ဒမဲစနစ်လောက် မျှတမှုမရှိဘဲ စက်ခလုပ်နှိပ်မဲပေးစနစ်ဟာ ဘေးချင်းကပ်ထိုင်နေတဲ့ ကိုယ်စားလှယ်က ကိုယ်ပေးတဲ့မဲကို မြင်တွေ့နေနိုင်လို့ ယုံကြည်ချက်အတိုင်းမလုပ်ရဲဖြစ်နေကြတယ်လို့ ပြောပါတယ်။

“ဘေးကမြင်တယ်လေ။ ဘေးကလည်း ကိုယ့်လူ၊ ကိုယ့်လူချင်းဆိုတော့ မဟုတ်တာ ဘယ်နှိပ်ရဲမလဲ။ နောက်တစ်ခုက Main Server မှာ Recorded ဖြစ်နေတဲ့အခါကျတော့ တော်ရုံတန်ရုံလူက သူ့ ယုံကြည်ချက်အလျောက် လုပ်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ Men date အရ လုပ်ရတဲ့ဟာလေးတွေ ရှိတယ်။ ဒါကြောင့် အချိန်တော့ကြာတယ်။ မိမိရဲ့သဘောဆန္ဒအလျှောက်နဲ့ Fair အ ဖြစ်ဆုံးကတော့ စာရွက်နဲ့ လျှို့ဝှက်ဆန္ဒမဲပေးတာ။ အဲ့ဒါက အမျှတဆုံးပဲ”လို့ ဦးမောင်မြင့်က ပြောပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ဖြုတ်ချရေးအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ရရှိလာတဲ့ မဲရလဒ်ကတော့ အဆိုကို ထောက်ခံသူ ၁၃၂ မဲ၊ ကန့်ကွက်သူ ၂၄၃ မဲနဲ့ ကြားနေ ၅ မဲရှိခဲ့ပါတယ်။

ကန့်ကွက်သူများခဲ့တာကြောင့် အဆိုရှုံးနှိမ့်ခဲ့ရပါတယ်။ အဆိုအောင်နိုင်ရေးအတွက် ထောက်ခံမဲ ၂၈၇ မဲ ရရှိဖို့လိုတယ်လို့ အဆိုတင်သွင်းသူ ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က သတင်းစာရှင်းပွဲမှာပြောပါတယ်။

“မအောင်မြင်သော်ငြားလည်း လွှတ်တော်ရဲ့သမိုင်းတစ်ခုဖြစ်သွားပြီးတော့မှ နောင်လာမယ့် လွှတ်တော်၊ လွှတ်တော်တွေမှာ ဒီလိုရှိရင် ဒီလို ဖြစ်တက်တယ်။ ဒီလို အခြေအနေမျိုးရှိရင် ဒီလို အခြေအနေမျိုးကို ဖန်တီးနိုင်ပါတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းပေ့ါနော်။ အဲ့ဒါကို နောင်လာမယ့် လွှတ်တော်၊ နောင်လာမယ့် အစိုးရအစဉ်အဆက်တွေက သတိနဲ့ထိန်းချုပ်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ခွင့်၊ ပြောဆိုခွင့်တွေကို ပေးဖို့အတွက် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်”လို့ ဦးစိုင်းထွန်းစိန်ကပြောပါတယ်။

ဆက်လက်ပြီး ဦးတီခွန်မြတ်ဟာ သူနဲ့နှစ်ပေါင်းများစွာရင်းနှီးခဲ့ပြီး လက်တွဲဖော် အစ်ကိုကြီးတစ်ဦးသ ဖွယ်လည်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီအဆိုကို မိမိတစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ တင်သွင်းခဲ့တာမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်(၁၁၀)ဦးကိုယ်စား ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးရဲ့ တာဝန်ပေးချက်အရ တင်သွင်းရတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးတီခွန်မြတ်တစ်ဦးတည်းကိုပဲ ပုဂ္ဂိုလ်စွဲပြီး အဆိုတင်သွင်းတာမဟုတ်ကြောင်းနဲ့ ဒီနေရာမှာ ဦးတီခွန် မြတ်မဟုတ်ဘဲ အခြားဘယ် လွှတ်တော်ဥက္ကဌကိုမဆို ဖြုတ်ချရေးအဆို တင်သွင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နောင်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ လိုလားချက်တွေ၊ တင်ပြချက်တွေနဲ့ ဆန္ဒ တွေကို ဥပဒေနဲ့ အညီတင်သွင်းပေမယ့် ပိတ်ပင်မှုတွေ ပြုလုပ်လာရင်လည်း အခုလိုအဆိုမျိုးကို မိမိတု့ိရဲ့ တာဝန်ဝတ္တရားအရ ဆက်တိုက်တင်သွင်းသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြုတ်ချရေးအဆိုကို မအောင်မြင်မှန်းသိရဲ့နဲ့ တင်သွင်းတာမဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ အောင်မြင်မယ်လို့ ယူဆလို့ တင်သွင်းခဲ့တာဖြစ်ကြောင်း၊ အခုလို အဆိုတင်သွင်းပြီး ပြုပြင်ထိန်းသိမ်းတဲ့အတွက် လက်ကျန်သက်တမ်းကာလအတွင်းမှာ လွှတ်တော်က ဒါထက်ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို သွားမယ်ဆိုပါက မိမိတို့ အမြတ်ထွက်တယ်လို့ မင်းကင်းကိုယ်စားလှယ် ဦးမောင်မြင့်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပြည်ခိုင်ဖြိုးရှင်းလင်းပွဲ

Zawgyi

ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ျဖဳတ္ခ်ေရးအဆိုကို လွ်ိဳ႕ဝွက္စနစ္နဲ႔မဲခြဲမယ္ဆိုရင္ မဲရလဒ္က အခုထက္ပုိမုိ ေကာင္းမြန္မယ္

ေနျပည္ေတာ္၊ ဇြန္ ၁-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ျဖဳတ္ခ်ေရးအဆိုကို လွ်ိဳ႕ဝွက္စနစ္နဲ႔မဲခြဲမယ္ဆိုရင္ မဲရလဒ္က အခုထက္ပုိမုိ ေကာင္းမြန္မွာျဖစ္တယ္လို႔ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ ဖြ႔ံၿဖိဳးေရးပါတီဝင္ မင္းကင္းမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေမာင္ျမင့္က ဒီကေန႔ေနျပည္ေတာ္မွာ ျပည္ေထာင္စုၾကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္တာျဖစ္ပါတယ္။

“မဲခြဲတဲ့အခါမွာ ကုိယ္တစ္ေယာက္တည္းရဲ့ အယူအဆေပါ့။ မွန္ျခင္း၊ မွားျခင္းကေတာ့ ကုိယ္လည္း သက္ေသမျပနုိင္ဘူး။ လ်ိွဳ႕ဝွက္ဆႏၵမဲ။ စာရြက္နဲ႔ လ်ွိဳ႕ဝွက္ဆႏၵမဲကုိ မဲပံုထဲမွာ သြားထည့္ေပး။ ကုိယ္တုိ႔ ဒီေန႔ရတဲ့ ၁၃၂ မဲထက္ပုိရမယ္။ ဒါ ကုိယ္ေၿပာရဲတယ္”လို႔ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေမာင္ျမင့္ကေျပာပါတယ္။

စက္ခလုပ္နွိပ္မဲေပးစနစ္နဲ႔ ဆံုးျဖတ္တာက လွ်ိဳ႕ဝွက္ဆႏၵမဲစနစ္ေလာက္ မွ်တမႈမရွိဘဲ စက္ခလုပ္ႏွိပ္မဲေပးစနစ္ဟာ ေဘးခ်င္းကပ္ထုိင္ေနတဲ့ ကုိယ္စားလွယ္က ကုိယ္ေပးတဲ့မဲကုိ ျမင္ေတြ႔ေနနုိင္လို႔ ယံုၾကည္ခ်က္အတိုင္းမလုပ္ရဲျဖစ္ေနၾကတယ္လို႔ ေျပာပါတယ္။

“ေဘးကျမင္တယ္ေလ။ ေဘးကလည္း ကုိယ့္လူ၊ ကုိယ့္လူခ်င္းဆိုေတာ့ မဟုတ္တာ ဘယ္ႏွိပ္ရဲမလဲ။ ေနာက္တစ္ခုက Main Server မွာ Recorded ျဖစ္ေနတဲ့အခါက်ေတာ့ ေတာ္ရံုတန္ရံုလူက သူ႔ ယံုၾကည္ခ်က္အေလ်ာက္ လုပ္တာမဟုတ္ဘဲနဲ႔ သူတို႔ရဲ့ Men date အရ လုပ္ရတဲ့ဟာေလးေတြ ရွိတယ္။ ဒါေၾကာင့္ အခ်ိန္ေတာ့ၾကာတယ္။ မိမိရဲ့သေဘာဆႏၵအေလွ်ာက္နဲ႔ Fair အ ျဖစ္ဆံုးကေတာ့ စာရြက္နဲ႔ လွ်ိဳ႕ဝွက္ဆႏၵမဲေပးတာ။ အဲ့ဒါက အမွ်တဆံုးပဲ”လို႔ ဦးေမာင္ျမင့္က ေျပာပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးတီခြန္ျမတ္ျဖဳတ္ခ်ေရးအဆုိကို မဲခြဲဆံုးၿဖတ္ခဲ့ပါတယ္။ ရရွိလာတဲ့ မဲရလဒ္ကေတာ့ အဆုိကုိ ေထာက္ခံသူ ၁၃၂ မဲ၊ ကန္႔ကြက္သူ ၂၄၃ မဲနဲ႔ ၾကားေန ၅ မဲရွိခဲ့ပါတယ္။

ကန္႔ကြက္သူမ်ားခဲ့တာေၾကာင့္ အဆုိရံႈးႏွိမ့္ခဲ့ရပါတယ္။ အဆိုေအာင္နုိင္ေရးအတြက္ ေထာက္ခံမဲ ၂၈၇ မဲ ရရွိဖုိ႔လုိတယ္လုိ႔ အဆုိတင္သြင္းသူ ျပည္ခုိင္ၿဖိဳးပါတီဝင္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးစိုင္းထြန္းစိန္က သတင္းစာရွင္းပြဲမွာေျပာပါတယ္။

“မေအာင္ျမင္ေသာ္ျငားလည္း လႊတ္ေတာ္ရဲ့သမုိင္းတစ္ခုျဖစ္သြားၿပီးေတာ့မွ ေနာင္လာမယ့္ လႊတ္ေတာ္၊ လႊတ္ေတာ္ေတြမွာ ဒီလုိရွိရင္ ဒီလို ျဖစ္တက္တယ္။ ဒီလို အေျခအေနမ်ိဳးရွိရင္ ဒီလုိ အေျခအေနမ်ိဳးကုိ ဖန္တီးႏိုင္ပါတယ္ဆုိတဲ့ သမုိင္းမွတ္တမ္းေပ့ါေနာ္။ အဲ့ဒါကို ေနာင္လာမယ့္ လႊတ္ေတာ္၊ ေနာင္လာမယ့္ အစုိးရအစဥ္အဆက္ေတြက သတိနဲ႔ထိန္းခ်ဳပ္ၿပီးေတာ့မွ လႊတ္ေတာ္ကုိယ္စားလွယ္ေတြရဲ့ အခြင့္အေရး၊ လႊတ္ေတာ္ကုိယ္စားလွယ္ေတြရဲ့ ပုိင္ခြင့္၊ ေျပာဆိုခြင့္ေတြကုိ ေပးဖုိ႔အတြက္ ေဆာင္ရြက္ျခင္းပဲျဖစ္ပါတယ္”လုိ႔ ဦးစိုင္းထြန္းစိန္ကေျပာပါတယ္။

ဆက္လက္ၿပီး ဦးတီခြန္ျမတ္ဟာ သူနဲ႔ႏွစ္ေပါင္းမ်ားစြာရင္းႏွီးခဲ့ၿပီး လက္တြဲေဖာ္ အစ္ကုိၾကီးတစ္ဦးသ ဖြယ္လည္းျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီအဆုိကို မိမိတစ္ဦးတည္းရဲ့ သေဘာဆႏၵနဲ႔ တင္သြင္းခဲ့တာမဟုတ္ဘဲ လႊတ္ေတာ္ကုိယ္စားလွယ္(၁၁၀)ဦးကုိ္ယ္စား ျပည္ခုိင္ၿဖိဳးပါတီ ဥကၠဌ ဦးသန္းေဌးရဲ့ တာဝန္ေပးခ်က္အရ တင္သြင္းရတာျဖစ္တယ္လုိ႔ ေျပာပါတယ္။

ဦးတီခြန္ျမတ္တစ္ဦးတည္းကိုပဲ ပုဂၢိဳလ္စြဲၿပီး အဆိုတင္သြင္းတာမဟုတ္ေၾကာင္းနဲ႔ ဒီေနရာမွာ ဦးတီခြန္ ျမတ္မဟုတ္ဘဲ အျခားဘယ္ လႊတ္ေတာ္ဥကၠဌကိုမဆုိ ျဖဳတ္ခ်ေရးအဆုိ တင္သြင္းသြားမွာၿဖစ္တယ္လုိ႔ ေၿပာပါတယ္။

ဒါ့အျပင္ ေနာင္တြင္လည္း လႊတ္ေတာ္ကုိယ္စားလွယ္တို႔ရဲ့ လုိလားခ်က္ေတြ၊ တင္ၿပခ်က္ေတြနဲ႔ ဆႏၵ ေတြကုိ ဥပေဒနဲ႔ အညီတင္သြင္းေပမယ့္ ပိတ္ပင္မႈေတြ ၿပဳလုပ္လာရင္လည္း အခုလုိအဆုိမ်ိဳးကို မိမိတု႔ိရဲ့ တာဝန္ဝတၱရားအရ ဆက္တုိက္တင္သြင္းသြားဖုိ႔ရွိတယ္လုိ႔လည္း ေၿပာပါတယ္။

ျပည္ခုိင္ၿဖိဳးပါတီအေနနဲ႔ ၿပည္သူ႔လႊတ္ေတာ္ဥကၠဌ ၿဖဳတ္ခ်ေရးအဆိုကို မေအာင္ၿမင္မွန္းသိရဲ့နဲ႔ တင္သြင္းတာမဟုတ္ဘဲ အတုိင္းအတာတစ္ခုအထိ ေအာင္ၿမင္မယ္လုိ႔ ယူဆလုိ႔ တင္သြင္းခဲ့တာၿဖစ္ေၾကာင္း၊ အခုလို အဆုိတင္သြင္းၿပီး ၿပဳၿပင္ထိန္းသိမ္းတဲ့အတြက္ လက္က်န္သက္တမ္းကာလအတြင္းမွာ လႊတ္ေတာ္က ဒါထက္ပုိမုိေကာင္းမြန္တဲ့လမ္းေၾကာင္းကုိ သြားမယ္ဆုိပါက မိမိတုိ႔ အၿမတ္ထြက္တယ္လို႔ မင္းကင္းကုိယ္စားလွယ္ ဦးေမာင္ၿမင့္က ေၿပာဆုိလုိက္တာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #ျပည္ခိုင္ၿဖိဳးရွင္းလင္းပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW