နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း

ရန်ကုန် ၊ ဇွန်၂-၂၀၂၀
သူရိန်(VOM)

ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာကို နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးအား အစားထို့ခန့်အပ်ဖို့ တိုင်းအစိုးရဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကွယ်လွန်ခဲ့လို့ သူ့ရဲ့နေရာမှာ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ဝန်ကြီးတာဝန်ထမ်းဆောင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။

“ဦးရဲမင်းဦးက လူငယ်လူတော်တယောက်ပါ။ ဒါပေမယ့် ဝန်ကြီးနေရာက သက်တမ်းနဲနဲပဲ ကျန်နေတဲ့အချိန်မှာ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ထဲက ဒေါ်စန္ဒာမင်း၊ ဦးတင့်လွင်တို့လို သူတွေဆို ပိုကောင်းမယ်၊ သူတို့က ရန်ကုန်တိုင်းရဲ့စီမံဘဏ္ဍာကို ပိုသိတဲ့သူတွေလေ”လို့ ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

ဦးရဲမင်းဦးဟာ ၂၀၁၃ ခုနှစ်ကစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရဲ့ စီးပွားရေးကော်မတီဝင်နဲ့ ပြန်ကြားရေးကော်မတီတို့မှာ ပါဝင်ခဲ့သူဖြစ်သလို စီးပွားရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“စီးပွားရေးနဲ့ပက်သက်တဲ့ သင်တန်းတွေလည်း ကျွန်တော်တို့ကိုပေးဘူးတယ်လေ။ ဝန်ကြီးနေရာအတွက် သူ့ကိုထောက်ခဲ့တဲ့သူလည်းများမှာပါ။ ဆရာတို့လဲသဘောကျပါတယ်” လို့ ထန်းတပင်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း(ခ)ဆရာဒွေးကပြောပါတယ်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကစတင်ကာ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် အဖြစ်ခန့်အပ်ခြင်းခံရသူဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကပ်ရောဂါ COVID-19ကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုများကို ကုစားရေးလုပ်ငန်းကော်မတီရဲ့ လုပ်ငန်းအဖွဲ့(Task Force)မှာလည်း ဥက္ကဋ္ဌတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Photo….Ye Min Oo FB
#voiceofmyanmar #VOM #ရန်ကုန် #စီမံဘဏ္ဏာဝန်ကြီး #ဦးရဲမင်းဦး

Zawgyi

ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကို ရန္ကုန္စီမံဘ႑ာဝန္ႀကီးအျဖစ္ အမည္စာရင္းတင္သြင္း

ရန္ကုန္ ၊ ဇြန္၂-၂၀၂၀
သူရိန္(VOM)

ဒီကေန႔ျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝးမွာ လစ္လပ္ေနတဲ့ ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးေနရာကို ေနျပည္ေတာ္ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးအား အစားထို႔ခန္႔အပ္ဖို႔ တိုင္းအစိုးရဝန္ႀကီးခ်ဳပ္က အမည္စာရင္းတင္သြင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလအတြင္းက စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္း ကြယ္လြန္ခဲ့လို႔ သူ႔ရဲ႕ေနရာမွာ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကို ဝန္ႀကီးတာဝန္ထမ္းေဆာင္ဖို႔ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။

“ဦးရဲမင္းဦးက လူငယ္လူေတာ္တေယာက္ပါ။ ဒါေပမယ့္ ဝန္ႀကီးေနရာက သက္တမ္းနဲနဲပဲ က်န္ေနတဲ့အခ်ိန္မွာ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ထဲက ေဒၚစႏၵာမင္း၊ ဦးတင့္လြင္တို႔လို သူေတြဆို ပိုေကာင္းမယ္၊ သူတို႔က ရန္ကုန္တိုင္းရဲ႕စီမံဘ႑ာကို ပိုသိတဲ့သူေတြေလ”လုိ႔ ဒဂုံမဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

ဦးရဲမင္းဦးဟာ ၂၀၁၃ ခုႏွစ္ကစတင္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD)ရဲ႕ စီးပြားေရးေကာ္မတီဝင္နဲ႔ ျပန္ၾကားေရးေကာ္မတီတို႔မွာ ပါဝင္ခဲ့သူျဖစ္သလို စီးပြားေရး၊ ေငြေၾကးနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာ က႑မ်ားမွာလည္း ကြၽမ္းက်င္သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

“စီးပြားေရးနဲ႔ပက္သက္တဲ့ သင္တန္းေတြလည္း ကြၽန္ေတာ္တို႔ကိုေပးဘူးတယ္ေလ။ ဝန္ႀကီးေနရာအတြက္ သူ႔ကိုေထာက္ခဲ့တဲ့သူလည္းမ်ားမွာပါ။ ဆရာတို႔လဲသေဘာက်ပါတယ္” လို႔ ထန္းတပင္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္း(ခ)ဆရာေဒြးကေျပာပါတယ္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကစတင္ကာ ေနျပည္ေတာ္ စည္ပင္ဘဏ္ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိၿပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၅ ရက္မွာ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ဒုတိယဥကၠ႒၊ ဒုတိယၿမိဳ႕ေတာ္ဝန္ အျဖစ္ခန႔္အပ္ျခင္းခံရသူျဖစ္ပါတယ္။

ဒါ့အျပင္ ကမာၻ႔ကပ္ေရာဂါ COVID-19ေၾကာင့္ ျမန္မာ့စီးပြားေရးအေပၚ သက္ေရာက္မႈမ်ားကို ကုစားေရးလုပ္ငန္းေကာ္မတီရဲ႕ လုပ္ငန္းအဖြဲ႕(Task Force)မွာလည္း ဥကၠ႒တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

Photo….Ye Min Oo FB
#voiceofmyanmar #VOM #ရန္ကုန္ #စီမံဘဏၰာဝန္ႀကီး #ဦးရဲမင္းဦး

Related posts

Leave a Comment

VOM News

FREE
VIEW