ပလက်ဝမြို့နယ်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေကို နယ်မြေမတည်ငြိမ်မှုကြောင့် ကာကွယ်ဆေးတိုက်ကျွေးနိုင်ခြင်းမရှိ

ပလက်ဝမြို့နယ်အတွင်း ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေကို နယ်မြေမတည်ငြိမ်မှုကြောင့် ကာကွယ်ဆေးတိုက်ကျွေးနိုင်ခြင်းမရှိ

ကလေး ဇွန် ၃-၂၀၂၀
ငြိမ်းသူမင်း(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာနေထိုင်တဲ့ ကလေးတွေအတွက် လစဉ် ပုံမှန်ထိုးပေးနေကျ ကာကွယ်ဆေးထိုးခြင်း နဲ့ ကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ပေးနိုင်ခြင်းမရှိဘူးလို့ ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးသက်ဝင်း က ပြောပါတယ်။

“ပလက်ဝမြို့ပေါ်ရယ် ပြီးတော့ ရွာတွေကနေ မြို့ပေါ်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ ရှိတယ်။ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ အချိန်ရောက်လို့ ဆေးထိုးရမယ့် ကလေးတွေကိုတော့ ထိုးပေးနိုင်တယ်။ ရွာဖက်တွေကျတော့ ဆေးပို့လို့အဆင်မပြေဘူး။ သူတို့ကနေ မြို့ပေါ်ကိုဆေးလာထုတ်ဖို့
အဆင်မပြေတာ။ ကျွန်တော်တို့ဆီက စာရင်းအရတော့ ပလက်ဝမြို့နယ်မှာ ရွာပေါင်း၃၀၀ ကျော် လောက်ရှိတယ်။ အဲ့ထဲကမှ ခုထိုးနိုင်တာသည် မြို့ပေါ်ရပ်ကွက်နဲ့ ဒီအနီးအနားရွာ အဲ့ရွာတွေ ထိုးနိုင်တယ်။ ကျန်တဲ့ရွာတွေကတော့ သူ့သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေက မထိုးနိုင်တာ။ ဆေးလဲထုတ်ပေးလို့ အဆင်မပြေဘူး”လို့ ဒေါက်တာစိုးသက်ဝင်း က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဇွန်လ ၁ ရက်နေ့ စတင်ပြီးတော့ ၁ နှစ်ခွဲအောက်ကလေးတွေကို ဧပြီ၊ မေ၊ ဇွန် (၃)လစာ ဘီစီဂျီ(BCG)၊ ပိုလီယို(Polio)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(Rota)၊ ပြင်းထန်အဆုတ်ရောင်(PCV)၊ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်) (၅) မျိုးစပ်ကာကွယ်ဆေး(TDP)၊ ဝက်သက်-ဂျိုက်သိုး(Mealse)၊ ဂျပန်ဦးနှောက်ရောင်(JE) စတဲ့ကာကွယ်ဆေးတွေကိုထိုးပေးဖို့ အစိုးရကညွှန်ကြာထားပြီး ဖြစ်ပါတယ်။

အဲ့ဒီညွှန်ကြားချက်ကြောင့် တစ်နိုင်ငံလုံးမှာ ဇွန်လ ၁ ရက်နေ့ကနေစပြီးတော့ ထိုးပေးနေပြီဖြစ်ပေမယ့် ပလက်ဝမြို့နယ်မှာတော့ တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းခြင်း မရှိတာကြောင့် ကျေးရွာနေကလေးတွေကို ကာကွယ်ဆေးထိုးပေးနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

“ကျေးရွာတွေမှာက နောက်ဆုံး ထိုးပေးနိုင်ခဲ့တာကတော့ ကိုဗစ်ကြောင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းတွေ ခဏရပ်ရမယ်ဆိုတဲ့အထိတော့ ထိုးနိုင်ခဲ့တယ်။ ထိုးနိုင်ခဲ့ပြီး ကိုဗစ်ကာလမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ရပ်သွားတယ်။ ရပ်ပြီးတော့ ပြန်ထိုးပါဆိုတဲ့ အချိန်ကျတော့ ပလက်ဝမြို့နယ်က ရွာတွေကို ကာကွယ်ဆေးသယ်ပို့ဖို့ အဆင်မပြေဘူး။ အဆင်မပြေတော့ အဲ့ရွာတွေကို မထိုးရတာ။ ထိုးဖို့ဆေးဝါးကလည်း တစ်နှစ်စာ၊နှစ်နှစ်စာ ထုတ်ထားလို့မရဘူး။ သက်ဆိုင်ရာ ထိုးတဲ့ကာလရောက်မှ သုံးလစာဖြစ်ဖြစ် နှစ်လစာဖြစ်ဖြစ် ထုတ်ရတယ်။ အဲ့လို ထုတ်ရတဲ့ အခါကျတော့ ပလက်ဝမြို့ပေါ်ကျတော့ ကာကွယ်ဆေးရပ်ဆိုင်းထားတဲ့ကာလမှာ ထုတ်ထားတဲ့ဆေးတွေ ရှိတယ်။ အဲ့ဆေး ကျန်တာတွေနဲ့ ဆက်ထိုးနေတယ်။ နောက်အသစ်ကတော့ ပလက်ဝမြို့အတွက်တော့ ဆေးထုတ်လို့ မရသေးဘူး”လို့ ဒေါက်တာ စိုးသက်ဝင်း က ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ကျေးရွာပေါင်း ၃၀၀ ကျော်ရှိတဲ့အထဲက ကျေးရွာပေါင်း ၁၄ ရွာက ရွာသားတွေဟာ စစ်ဘေးရှောင်အဖြစ် ပလက်ဝမြို့ပေါ်မှာ ပြောင်းရွှေ့နေထိုင်ကြပြီး ကျေးရွာ ၁၀ ရွာလောက်ကတော့ နီးစပ်ရာက တိုက်ပွဲလွတ်ရာကျေးရွာတွေမှာ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြတာပါ။

အဲ့ဒီထဲက ကျန်တဲ့ကျေးရွာတွေကတော့ ကိုယ့်ရွာနဲ့ကိုယ် နေထိုင်နေကြတာဖြစ်ပါတယ်လို့ ပလက်ဝမြို့ တိုက်ပွဲရှောင် နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ရဲ့ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၅ နှစ်အောက် ကလေးသေဆုံမှု စာရင်းအရ ချင်းပြည်နယ်အတွင်း ကလေးဦးရေ ၆၀၀ ကျော် သေဆုံးခဲ့ပြီး အဲ့ဒီထဲကမှ ပလက်ဝမြို့နယ်ကနေ (၁၄၃)ဦးသေဆုံးခဲ့ပြီး ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်(၉)မြို့နယ်မှာ အများဆုံးသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

ပလက္ဝၿမိဳ႕နယ္အတြင္း ေက်း႐ြာေတြမွာေနထိုင္တဲ့ ကေလးေတြကို နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ကာကြယ္ေဆးတိုက္ေကြၽးႏိုင္ျခင္းမရွိ

ကေလး ဇြန္ ၃-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြမွာေနထိုင္တဲ့ ကေလးေတြအတြက္ လစဥ္ ပုံမွန္ထိုးေပးေနက် ကာကြယ္ေဆးထိုးျခင္း နဲ႔ ကာကြယ္ေဆးတိုက္ေကြၽးျခင္း လုပ္ငန္းေတြကို လုပ္ေဆာင္ေပးႏိုင္ျခင္းမရွိဘူးလို႔ ပလက္ဝၿမိဳ႕နယ္ က်န္းမာေရးဦးစီးမႉး ေဒါက္တာစိုးသက္ဝင္း က ေျပာပါတယ္။

“ပလက္ဝၿမိဳ႕ေပၚရယ္ ၿပီးေတာ့ ႐ြာေတြကေန ၿမိဳ႕ေပၚကိုေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြ ရွိတယ္။ စစ္ေဘးေရွာင္စခန္းမွာရွိတဲ့ အခ်ိန္ေရာက္လို႔ ေဆးထိုးရမယ့္ ကေလးေတြကိုေတာ့ ထိုးေပးႏိုင္တယ္။ ႐ြာဖက္ေတြက်ေတာ့ ေဆးပို႔လို႔အဆင္မေျပဘူး။ သူတို႔ကေန ၿမိဳ႕ေပၚကိုေဆးလာထုတ္ဖို႔
အဆင္မေျပတာ။ ကြၽန္ေတာ္တို႔ဆီက စာရင္းအရေတာ့ ပလက္ဝၿမိဳ႕နယ္မွာ ႐ြာေပါင္း၃၀၀ ေက်ာ္ ေလာက္ရွိတယ္။ အဲ့ထဲကမွ ခုထိုးႏိုင္တာသည္ ၿမိဳ႕ေပၚရပ္ကြက္နဲ႔ ဒီအနီးအနား႐ြာ အဲ့႐ြာေတြ ထိုးႏိုင္တယ္။ က်န္တဲ့႐ြာေတြကေတာ့ သူ႔သက္ဆိုင္ရာ က်န္းမာေရးဌာနေတြက မထိုးႏိုင္တာ။ ေဆးလဲထုတ္ေပးလို႔ အဆင္မေျပဘူး”လို႔ ေဒါက္တာစိုးသက္ဝင္း က ေျပာပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးမွာ ဇြန္လ ၁ ရက္ေန႔ စတင္ၿပီးေတာ့ ၁ ႏွစ္ခြဲေအာက္ကေလးေတြကို ဧၿပီ၊ ေမ၊ ဇြန္ (၃)လစာ ဘီစီဂ်ီ(BCG)၊ ပိုလီယို(Polio)၊ ျပင္းထန္ဝမ္းပ်က္ဝမ္းေလွ်ာ(Rota)၊ ျပင္းထန္အဆုတ္ေရာင္(PCV)၊ (ဆုံဆို႔၊ ၾကက္ညႇာ၊ ေမးခိုင္၊ အသဲေရာင္အသားဝါဘီ၊ ဦးေႏွာက္အေျမႇးေရာင္) (၅) မ်ိဳးစပ္ကာကြယ္ေဆး(TDP)၊ ဝက္သက္-ဂ်ိဳက္သိုး(Mealse)၊ ဂ်ပန္ဦးေႏွာက္ေရာင္(JE) စတဲ့ကာကြယ္ေဆးေတြကုိထိုးေပးဖို႔ အစိုးရကၫႊန္ၾကာထားၿပီး ျဖစ္ပါတယ္။

အဲ့ဒီၫႊန္ၾကားခ်က္ေၾကာင့္ တစ္ႏိုင္ငံလုံးမွာ ဇြန္လ ၁ ရက္ေန႔ကေနစၿပီးေတာ့ ထိုးေပးေနၿပီျဖစ္ေပမယ့္ ပလက္ဝၿမိဳ႕နယ္မွာေတာ့ တပ္မေတာ္နဲ႔ ေအေအ လက္နက္ကိုင္အဖြဲ႕အၾကား တိုက္ပြဲေတြျပင္းထန္ေနၿပီး နယ္ေျမတည္ၿငိမ္ေအးခ်မ္းျခင္း မရွိတာေၾကာင့္ ေက်း႐ြာေနကေလးေတြကို ကာကြယ္ေဆးထိုးေပးႏိုင္ျခင္းမရိွဘူးလုိ႔ သိရပါတယ္။

“ေက်း႐ြာေတြမွာက ေနာက္ဆုံး ထိုးေပးႏိုင္ခဲ့တာကေတာ့ ကိုဗစ္ေၾကာင့္ ကာကြယ္ေဆးထိုးျခင္း လုပ္ငန္းေတြ ခဏရပ္ရမယ္ဆိုတဲ့အထိေတာ့ ထိုးႏိုင္ခဲ့တယ္။ ထိုးႏိုင္ခဲ့ၿပီး ကိုဗစ္ကာလမွာ ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ရပ္သြားတယ္။ ရပ္ၿပီးေတာ့ ျပန္ထိုးပါဆိုတဲ့ အခ်ိန္က်ေတာ့ ပလက္ဝၿမိဳ႕နယ္က ႐ြာေတြကို ကာကြယ္ေဆးသယ္ပို႔ဖို႔ အဆင္မေျပဘူး။ အဆင္မေျပေတာ့ အဲ့႐ြာေတြကို မထိုးရတာ။ ထိုးဖို႔ေဆးဝါးကလည္း တစ္ႏွစ္စာ၊ႏွစ္ႏွစ္စာ ထုတ္ထားလို႔မရဘူး။ သက္ဆိုင္ရာ ထိုးတဲ့ကာလေရာက္မွ သုံးလစာျဖစ္ျဖစ္ ႏွစ္လစာျဖစ္ျဖစ္ ထုတ္ရတယ္။ အဲ့လို ထုတ္ရတဲ့ အခါက်ေတာ့ ပလက္ဝၿမိဳ႕ေပၚက်ေတာ့ ကာကြယ္ေဆးရပ္ဆိုင္းထားတဲ့ကာလမွာ ထုတ္ထားတဲ့ေဆးေတြ ရွိတယ္။ အဲ့ေဆး က်န္တာေတြနဲ႔ ဆက္ထိုးေနတယ္။ ေနာက္အသစ္ကေတာ့ ပလက္ဝၿမိဳ႕အတြက္ေတာ့ ေဆးထုတ္လို႔ မရေသးဘူး”လို႔ ေဒါက္တာ စိုးသက္ဝင္း က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ ေက်း႐ြာေပါင္း ၃၀၀ ေက်ာ္ရွိတဲ့အထဲက ေက်း႐ြာေပါင္း ၁၄ ႐ြာက ရြာသားေတြဟာ စစ္ေဘးေရွာင္အျဖစ္ ပလက္ဝၿမိဳ႕ေပၚမွာ ေျပာင္းေ႐ႊ႕ေနထိုင္ၾကၿပီး ေက်း႐ြာ ၁၀ ႐ြာေလာက္ကေတာ့ နီးစပ္ရာက တိုက္ပြဲလြတ္ရာေက်း႐ြာေတြမွာ ႐ြာလုံးကြၽတ္ေျပာင္းေ႐ႊ႕ေနၾကတာပါ။

အဲ့ဒီထဲက က်န္တဲ့ေက်း႐ြာေတြကေတာ့ ကိုယ့္႐ြာနဲ႔ကိုယ္ ေနထိုင္ေနၾကတာျဖစ္ပါတယ္လို႔ ပလက္ဝၿမိဳ႕ တိုက္ပြဲေရွာင္ နဲ႔ သဘာဝေဘးကူညီေရးအဖြဲ႔ရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ခ်င္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ုံး ရဲ႕ ၂၀၁၈ခုႏွစ္၊ ဇန္နဝါရီလကေန ဒီဇင္ဘာလအထိ ၅ ႏွစ္ေအာက္ ကေလးေသဆုံမႈ စာရင္းအရ ခ်င္းျပည္နယ္အတြင္း ကေလးဦးေရ ၆၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အဲ့ဒီထဲကမွ ပလက္ဝၿမိဳ႕နယ္ကေန (၁၄၃)ဦးေသဆုံးခဲ့ၿပီး ခ်င္းျပည္နယ္မွာရွိတဲ့ ၿမိဳ႕နယ္(၉)ၿမိဳ႕နယ္မွာ အမ်ားဆုံးေသဆုံးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW