ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လူနာတစ်ဦး ပထမဦးဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့လူနာတစ်ဦး ပထမဦးဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား

ဒါကာ၊ ဇွန်-၃-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ အသက် ၇၁ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်မှာ ပြောပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းမှာ ဘင်္ဂါလီဒုက္ခသည်တစ်သန်းနီးပါးနေထိုင်ကြတဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက ကာလရှည်ကြာ သတိပေးခဲ့ကြပါတယ်။

အဲ့ဒီအမျိုးသားဟာ မေ ၃၁ ရက်မှာ သေဆုံးခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတယ်ဆိုတာကို ယမန်နေ့ညမှာ အတည်ပြုနိုင်ခဲ့တယ်လို့ ကော့ဘဇားခရိုင် ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူ တိုဟာဘူရီယံက ပြောပါတယ်။

ရောဂါကြောင့်သေဆုံးမှုဟာ ဒုက္ခသည် ခြောက်သိန်းနေထိုင်တဲ့ အကြီးဆုံးဒုက္ခသည်စခန်း ကူတူပါလောင်မှာ ဖြစ်ပွားခဲ့ပါ။ သေဆုံးသူဟာ ဒုက္ခသည်စခန်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

သူဟာ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ သီးခြားစင်တာတစ်ခုမှာ သေဆုံးသွားတာဖြစ်ပြီး အဲဒီနေ့မှာဘဲ သဂြိုၤဟ်လိုက်တယ်လို့ တိုဟာဘူရီယံက ပြောပါတယ်။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဒါကာ

Zawgyi

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတဲ့လူနာတစ္ဦး ပထမဦးဆံုးအႀကိမ္ ေသဆုံးမႈျဖစ္ပြား

ဒါကာ၊ ဇြန္-၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ့ရ္ွႏိုင္ငံရွိ လူဦးေရထူထပ္တဲ့ ဒုကၡသည္စခန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရသူ အသက္ ၇၁ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး ေသဆုံးသြားတယ္လို႔ ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူတစ္ဦးက ဇြန္ ၂ ရက္မွာ ေျပာပါတယ္။

ႏိုင္ငံအေရွ႕ေတာင္ပိုင္းမွာ ဘဂၤါလီဒုကၡသည္တစ္သန္းနီးပါးေနထိုင္ၾကတဲ့ ဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ေၾကာင္း က်န္းမာေရးကြၽမ္းက်င္သူေတြက ကာလရွည္ၾကာ သတိေပးခဲ့ၾကပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ ေမ ၃၁ ရက္မွာ ေသဆုံးျခင္းျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသြားတယ္ဆိုတာကို ယမန္ေန႔ညမွာ အတည္ျပဳႏိုင္ခဲ့တယ္လို႔ ေကာ့ဘဇားခ႐ိုင္ ထိပ္တန္းက်န္းမာေရးတာ၀န္ရွိသူ တိုဟာဘူရီယံက ေျပာပါတယ္။

ေရာဂါေၾကာင့္ေသဆုံးမႈဟာ ဒုကၡသည္ ေျခာက္သိန္းေနထိုင္တဲ့ အႀကီးဆုံးဒုကၡသည္စခန္း ကူတူပါေလာင္မွာ ျဖစ္ပြားခဲ့ပါ။ ေသဆုံးသူဟာ ဒုကၡသည္စခန္းအတြင္း ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၉ ဦးထဲက တစ္ဦးျဖစ္ပါတယ္။

သူဟာ နယ္စည္းမျခားဆရာ၀န္မ်ားအဖြဲ႕က ဖြင့္လွစ္ထားတဲ့ သီးျခားစင္တာတစ္ခုမွာ ေသဆုံးသြားတာျဖစ္ၿပီး အဲဒီေန႔မွာဘဲ သၿဂိဳၤဟ္လိုက္တယ္လို႔ တိုဟာဘူရီယံက ေျပာပါတယ္။

Ref : CNA
Photo: AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW