ရေဦးမြို့နယ်မှာ မိုးကြိုးပစ်လေပြင်းတိုက်ခြင်းကြောင့် ကလေး ၁ ဦး သေဆုံး

ရေဦးမြို့နယ်မှာ မိုးကြိုးပစ်လေပြင်းတိုက်ခြင်းကြောင့် ကလေး ၁ ဦး သေဆုံး

ကလေး ဇွန် ၃-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းဖြစ်ပေါ်ရာမှ ကလေးတစ်ဦး မိုးကြိုးထိမှန်သေဆုံးပြီး လူနေအိမ်တွေ နဲ့ ဘုရားစေတီတွေ ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

“မိုးကြိုးပစ်ပြီး တစ်ဦးသေတယ်။ လေပြင်းတိုက်လို့ သစ်ပင်ပိပြီး နေအိမ်တွေပြိုကျတာ အမိုးလန်တာနဲ့ အိမ်ထံရံတွေ ကွာကျတာတွေဖြစ်ခဲ့တယ်”လို့ ဦးစဝီလီဖရန့် က ပြောပါတယ်။

ရေဦးမြို့နယ်မှာ ဇွန်လ ၂ ရက်နေ့ ညနေ လေးနာရီကျော် အချိန်ကနေစတင်ပြီးတော့ လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်တာတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဦးမြို့နယ်၊ အင်းကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ၄တန်းဖြေဆိုထားတဲ့ မောင်သူရိန်ဟိန်းဆိုသူမှာ မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

“ကလေးက ယာတောထဲမှာနေတာ။အခင်းဖြစ်တော့ သူက တဲအပြင်ဖက်မှာ ရှိနေခဲ့တာ။ လေက တော်တော်လေး ပြင်းတယ်။ တစ်ချို့ ကျေးရွာတွေမှာ ထန်းပင်ပြိုလဲပြီး နေအိမ်ပိတယ်။ တစ်ချို့ ရွာတွေကျတော့ သစ်ပင်ကြီးတွေပြိုလဲပြီး နေအိမ်တွေပိပြီး ပျက်စီးတာတွေ ဖြစ်ခဲ့တယ်”လို့ ရေဦးမြို့နယ်မှာနေထိုင်တဲ့ ဦးအောင်မြင့်သောင်း က ပြောပါတယ်။

ဒါ့အပြင် ထောက်ကြံ့ရွာ၊ မြင်းမြေရွာ နဲ့ ဇီးကုန်းရွာ စတဲ့ရွာတွေက ကိုးကွယ်နေတဲ့ ရွှေမင်းတည်းကျောင်းတိုက်အတွင်းက စေတီတစ်ဆူလည်း ထီးတော်မြေခခဲ့ပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄ လုံး သစ်ပင်ပိပြိုကျခဲ့ပြီး လူနေအိမ် ၂၅ လုံး ကတော့ အမိုးလန် ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဧပြီလ နဲ့ မေလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်မှုကြောင့် လူနေအိမ် ၉၂ လုံး ပြိုကျခဲ့ပြီး လူနေအိမ် ၃၀၀၀ကျော် အမိုးလန်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ကာ မိုးကြိုးပစ်ခြင်းကြောင့်လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့မယ်ဆိုရင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးကနေ လူတစ်ဦးသေရင် ငွေကျပ်သုံးသိန်း၊ လူတစ်ဦး ဒဏ်ရာရရင် ငွေကျပ် ၁ သိန်း၊ အဆောက်အဦးပြိုရင် တစ်လုံးကို ငွေကျပ် တစ်သိန်း ၊အဆောက်အဦး အမိုးလန်ပျက်စီးရင် ပျက်စီးမှုအပေါ် မူတည်ပြီးတော့ ငွေကျပ် ၁ သောင်းကနေ ငွေကျပ် ၇ သောင်းခွဲ၊ သဘာဝဘေးဒဏ်သင့် သူတွေကိုတော့ လူတစ်ဦးကို ဆန် ၂ ဗူးနှုန်း နဲ့ တစ်ပတ်စာငွေကျပ် ၂၁၀၀ ထောက်ပံ့ကြေးပေးတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး

Zawgyi

ေရဦးၿမိဳ႕နယ္မွာ မိုးႀကိဳးပစ္ေလျပင္းတိုက္ျခင္းေၾကာင့္ ကေလး ၁ ဦး ေသဆံုး

ကေလး ဇြန္ ၃-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္မွာ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္းျဖစ္ေပၚရာမွ ကေလးတစ္ဦး မိုးႀကိဳးထိမွန္ေသဆုံးၿပီး လူေနအိမ္ေတြ နဲ႔ ဘုရားေစတီေတြ ပ်က္စီးခဲ့တယ္လို႔ စစ္ကိုင္းတိုင္း ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန တိုင္းဦးစီးမႉး ဦးစဝီလီဖရန႔္ က ေျပာပါတယ္။

“မိုးႀကိဳးပစ္ၿပီး တစ္ဦးေသတယ္။ ေလျပင္းတိုက္လို႔ သစ္ပင္ပိၿပီး ေနအိမ္ေတြၿပိဳက်တာ အမိုးလန္တာနဲ႔ အိမ္ထံရံေတြ ကြာက်တာေတြျဖစ္ခဲ့တယ္”လို႔ ဦးစဝီလီဖရန႔္ က ေျပာပါတယ္။

ေရဦးၿမိဳ႕နယ္မွာ ဇြန္လ ၂ ရက္ေန႔ ညေန ေလးနာရီေက်ာ္ အခ်ိန္ကေနစတင္ၿပီးေတာ့ ေလျပင္းတိုက္ခတ္၊ မိုးႀကိဳးပစ္တာေတြျဖစ္ေပၚခဲ့တာေၾကာင့္ ေရဦးၿမိဳ႕နယ္၊ အင္းႀကီးေက်း႐ြာမွာ ေနထိုင္တဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ ၄တန္းေျဖဆိုထားတဲ့ ေမာင္သူရိန္ဟိန္းဆိုသူမွာ မိုးႀကိဳးထိမွန္ၿပီး ေသဆုံးခဲ့ပါတယ္။

“ကေလးက ယာေတာထဲမွာေနတာ။အခင္းျဖစ္ေတာ့ သူက တဲအျပင္ဖက္မွာ ရွိေနခဲ့တာ။ ေလက ေတာ္ေတာ္ေလး ျပင္းတယ္။ တစ္ခ်ိဳ႕ ေက်း႐ြာေတြမွာ ထန္းပင္ၿပိဳလဲၿပီး ေနအိမ္ပိတယ္။ တစ္ခ်ိဳ႕ ႐ြာေတြက်ေတာ့ သစ္ပင္ႀကီးေတြၿပိဳလဲၿပီး ေနအိမ္ေတြပိၿပီး ပ်က္စီးတာေတြ ျဖစ္ခဲ့တယ္”လို႔ ေရဦးၿမိဳ႕နယ္မွာေနထိုင္တဲ့ ဦးေအာင္ျမင့္ေသာင္း က ေျပာပါတယ္။

ဒါ့အျပင္ ေထာက္ႀကံ့႐ြာ၊ ျမင္းေျမ႐ြာ နဲ႔ ဇီးကုန္း႐ြာ စတဲ့ရြာေတြက ကိုးကြယ္ေနတဲ့ ေ႐ႊမင္းတည္းေက်ာင္းတိုက္အတြင္းက ေစတီတစ္ဆူလည္း ထီးေတာ္ေျမခခဲ့ပါတယ္။

ေလျပင္းတိုက္ခတ္တာေၾကာင့္ လူေနအိမ္ ၄ လုံး သစ္ပင္ပိၿပိဳက်ခဲ့ၿပီး လူေနအိမ္ ၂၅ လုံး ကေတာ့ အမိုးလန္ ပ်က္စီးခဲ့ပါတယ္။

စစ္ကိုင္းတိုင္းမွာ ဧၿပီလ နဲ႔ ေမလအတြင္း ျဖစ္ေပၚခဲ့တဲ့ ေလျပင္းတိုက္မႈေၾကာင့္ လူေနအိမ္ ၉၂ လုံး ၿပိဳက်ခဲ့ၿပီး လူေနအိမ္ ၃၀၀၀ေက်ာ္ အမိုးလန္ပ်က္စီးတာေတြ ျဖစ္ေပၚခဲ့ကာ မိုးႀကိဳးပစ္ျခင္းေၾကာင့္လူ ၃ ဦး ေသဆုံးခဲ့ပါတယ္။

သဘာဝေဘးေၾကာင့္ ပ်က္စီးဆုံးရႈံးတာေတြ ျဖစ္ေပၚခဲ့မယ္ဆိုရင္ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ႐ုံးကေန လူတစ္ဦးေသရင္ ေငြက်ပ္သုံးသိန္း၊ လူတစ္ဦး ဒဏ္ရာရရင္ ေငြက်ပ္ ၁ သိန္း၊ အေဆာက္အဦးၿပိဳရင္ တစ္လုံးကို ေငြက်ပ္ တစ္သိန္း ၊အေဆာက္အဦး အမိုးလန္ပ်က္စီးရင္ ပ်က္စီးမႈအေပၚ မူတည္ၿပီးေတာ့ ေငြက်ပ္ ၁ ေသာင္းကေန ေငြက်ပ္ ၇ ေသာင္းခြဲ၊ သဘာဝေဘးဒဏ္သင့္ သူေတြကိုေတာ့ လူတစ္ဦးကို ဆန္ ၂ ဗူးႏႈန္း နဲ႔ တစ္ပတ္စာေငြက်ပ္ ၂၁၀၀ ေထာက္ပံ့ေၾကးေပးတယ္လို႔ ေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ႐ုံးေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ေရဦး

Related posts

Leave a Comment

VOM News

FREE
VIEW