လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မရသေးပဲ ငါးကန်တူးဖော်တဲ့သူတွေကို သတိပေး

လယ်ယာမြေအခြားနည်းသုံးစွဲခွင့်မရသေးပဲ ငါးကန်တူးဖော်တဲ့သူတွေကို သတိပေး

စဉ့်ကိုင်၊ ဇွန် -၄ -၂၀၂၀
ရှိုင်းအောင် (VOM)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ကြက်လျှာကျေးရွာအုပ်စုမှာ မြေ ၃ ဧကနီးပါးကို လယ်ယာမြေ တခြားနည်းသုံးစွဲခွင့်မရသေးဘဲ ငါးမွေးမြူရေးကန် တူးဖော်နေမှုအပေါ်ကို သတိပေးတားမြစ်ခဲ့တယ်လို့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။

” အခုလောလောဆယ်တော့ သတိပေးတယ်ပေါ့နော် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပေါ့ လုပ်ငန်းတွေရပ်ခိုင်းထားတယ်၊ လုပ်မယ်ဆိုရင်လည်း လုပ်ခွင့်မရှိဘူးမဟုတ်ဘူး၊ ဒါလုပ်ခွင့်ရှိတယ်။ လယ်ယာမြေနည်းဥပဒေနဲ့အညီသာ ဆောင်ရွက် ဒါလုပ်ခွင့်ရှိတယ်။ လယ်ယာမြေ တခြားနည်းသုံးစွဲခွင့်က ပေးထားပြီးသား အဲ့အတိုင်းသွားဖို့ အရေးကြီးတယ်၊ ဒီထက်ပိုဆိုးလာရင်တော့ အသုံးပြုနေတဲ့ ဘက်ဟိုးတွေ သိမ်းဆည်းမယ် တရားစွဲတဲ့ကိစ္စတွေလုပ်မယ် ” လို့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ပြောပါတယ်။

လက်ရှိမှာ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စဉ့်ကိုင်မြို့နယ် ကြက်လျှာကျေးရွာအုပ်စုက မြေဧက ၃ ဧကနီးပါးကို မွေးမြူရေးလုပ်ငန်းရှင်တွေက လယ်ယာမြေတခြားနည်းသုံးစွဲခွင့်မရသေးဘဲ ငါးမွေးမြူရေးကန် တူးဖော်နေမှုအပေါ်ကို အရေးယူမှုပြုလုပ်ခြင်းမရှိသေးပဲ သတိပေးတားမြစ်ထားပြီး ဆက်လက်တူးဖော်မယ်ဆိုရင် လယ်ယာမြေစီမံခန့်ခွဲမှုနည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စဉ့်ကိုင်

Zawgyi

လယ္ယာေျမအျခားနည္းသုံးစြဲခြင့္မရေသးပဲ ငါးကန္တူးေဖာ္တဲ့သူေတြကို သတိေပး

စဥ့္ကိုင္၊ ဇြန္ -၄ -၂၀၂၀
ရႈိင္းေအာင္ (VOM)

မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္ ၊ ၾကက္လွ်ာေက်း႐ြာအုပ္စုမွာ ေျမ ၃ ဧကနီးပါးကို လယ္ယာေျမ တျခားနည္းသုံးစြဲခြင့္မရေသးဘဲ ငါးေမြးျမဴေရးကန္ တူးေဖာ္ေနမႈအေပၚကို သတိေပးတားျမစ္ခဲ့တယ္လို႔ မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလႈိင္ဝင္း က ေျပာပါတယ္။

” အခုေလာေလာဆယ္ေတာ့ သတိေပးတယ္ေပါ့ေနာ္ ပထမဆုံးအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္ေပါ့ လုပ္ငန္းေတြရပ္ခိုင္းထားတယ္၊ လုပ္မယ္ဆိုရင္လည္း လုပ္ခြင့္မရွိဘူးမဟုတ္ဘူး၊ ဒါလုပ္ခြင့္ရွိတယ္။ လယ္ယာေျမနည္းဥပေဒနဲ႔အညီသာ ေဆာင္႐ြက္ ဒါလုပ္ခြင့္ရွိတယ္။ လယ္ယာေျမ တျခားနည္းသုံးစြဲခြင့္က ေပးထားၿပီးသား အဲ့အတိုင္းသြားဖို႔ အေရးႀကီးတယ္၊ ဒီထက္ပိုဆိုးလာရင္ေတာ့ အသုံးျပဳေနတဲ့ ဘက္ဟိုးေတြ သိမ္းဆည္းမယ္ တရားစြဲတဲ့ကိစၥေတြလုပ္မယ္ ” လို႔ စဥ့္ကိုင္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလႈိင္ဝင္း က ေျပာပါတယ္။

လက္ရွိမွာ အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စဥ့္ကိုင္ၿမိဳ႕နယ္ ၾကက္လွ်ာေက်း႐ြာအုပ္စုက ေျမဧက ၃ ဧကနီးပါးကို ေမြးျမဴေရးလုပ္ငန္းရွင္ေတြက လယ္ယာေျမတျခားနည္းသုံးစြဲခြင့္မရေသးဘဲ ငါးေမြးျမဴေရးကန္ တူးေဖာ္ေနမႈအေပၚကို အေရးယူမႈျပဳလုပ္ျခင္းမရွိေသးပဲ သတိေပးတားျမစ္ထားၿပီး ဆက္လက္တူးေဖာ္မယ္ဆိုရင္ လယ္ယာေျမစီမံခန္႔ခြဲမႈနည္းဥပေဒအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စဥ္႔ကိုင္

Related posts

Leave a Comment

VOM News

FREE
VIEW