ကျောက်ထုမြို့တွင် နေ့လယ်ခင်းအချိန် နေအိမ်အတွင်း ဝင်ရောက်ပြီး ဆွဲကြိုးလုယူမှုဖြစ်ပွား

ကျောက်ထုမြို့တွင် နေ့လယ်ခင်းအချိန် နေအိမ်အတွင်း ဝင်ရောက်ပြီး ဆွဲကြိုးလုယူမှုဖြစ်ပွား

ကလေး ဇူလိုင် ၅-၂၀၂၀
ငြိမ်းသူမင်း(VOM)

မကွေးတိုင်း၊ ကျောက်ထုမြို့၊ မန္တလေး-ကျောက်ထု ကားလမ်းမကြီးဘေးမှာ ရာသီပေါ်သီးနှံရောင်းချနေတဲ့ နေအိမ်အတွင်း အမျိုးသားနှစ်ဦးက ဝင်ရောက်လာပြီး အိမ်ရှင်ဆီကနေ ဆွဲကြိုးလုယူထွက်ပြေးတဲ့ဖြစ်စဉ် မနေ့ ဇူလိုင်(၄)ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်ပွားခဲ့တဲ့ ဂုံဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးဦးခင်မောင်ယောကပြောပါတယ်။

ဂုံဘိုရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်မိခိုင်ဆိုသူဟာ ရာသီပေါ်သီးနှံရောင်းချနေသူဖြစ်ပြီး သူ့ရဲ့ အိမ်ဈေးဆိုင်ရှေ့ လက်ဖက်ရည်ဆိုင်ထဲကနေ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ အမျိုးသားနှစ်ဦးဟာ လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်လာပြီး ဒေါ်မိခိုင်ဆီကနေ ဈေးဝယ်နေရင်း အခုလိုဖြစ်သွားတာလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးခင်မောင်ယောပြောပြတာက “လက်ဖက်ရည်ဆိုင်ထဲက ထွက်လာပြီး ခရမ်းချည်သီး နဲ့ ခါကြက်ဥဝယ်တယ်။ အဲ့ဒါကို ကြက်သွန်နီကို အိမ်ထဲကနေ ယူချင်တယ်ပြောပြီး တစ်ယောက်က အိမ်ထဲဝင်သွားတယ်။ သူကလည်း အိမ်ထဲလိုက်ဝင်ပြီး ကြက်သွန်နီကရေစိုတယ်ပြောချိန်မှာ သူ့ရဲ့ လည်ပင်းကိုညှစ်ပြီး အိမ်ထဲကိုဆွဲခေါ်တယ်။ အဲ့ဒါပြီးမှ ဆွဲကြိုးကိုဖြတ်ပြီး လုသွားတယ်။ ဆွဲကြိုးက နှစ်ကျပ်သား ပါသွားတယ်။ အခင်းဖြစ်နေအိမ်မှာ ဆွဲကြိုးလုခံရသူ အမျိုးသမီး နဲ့ သူ့ရဲ့သမီး၊သမက် ဖြစ်သူတွေ နဲ့ နေထိုင်တာပါ။ အခင်းဖြစ်ချိန်က သမီးဖြစ်သူနဲ့ သမက်ဖြစ်သူက နေအိမ်မှာမရှိချိန် တစ်ဦးတည်း ကျန်ရှိချိန်ဖြစ်ပွားခဲ့တာဖြစ်ပြီး လူနှစ်ဦးက လက်သီးနဲ့ထိုးတာကြောင့် နှာခေါင်းသွေးယို ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဆွဲကြိုးလုယူ သွားသူတွေကို လိုက်လံဖမ်းဆီးရာမှာတော့ တရုတ်နိုင်ငံထုတ် ၁၂၅ ဆိုင်ကယ်ကိုစီးပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့ဖက်ကို ထွက်ပြေးသွားတယ်”လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်ထုမြို့နယ်မြေရဲစခန်းမှာ သွားရောက်တိုင်တန်းထားပြီး ရဲစခန်းက တာဝန်ရှိသူတွေက တရားခံဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ခိုးရအောင် အိမ်ထဲဝင်တယ်၊ အိမ်ထဲဝင်တဲ့အချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း နဲ့ ဆွဲကြိုးကပါသွားတဲ့ သဘောပေါ့ဗျာ။ အခုက ရဲစခန်းမှာအမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး လိုက်လံ စုံစမ်းနေပါတယ်။ အခုလဲ အဲ့ကိစ္စနဲ့ အပြင်ကိုရောက်နေပါတယ်”လို့ ကျောက်ထုနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ထုနယ်မြေရဲစခန်း မှာ (ပ)၁၀၄/၂၀၂၊ ရာဇသတ်ကြီးပုဒ်မ-၄၅၂/၃၈၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo-ကျောက်ထုပြန်/ဆက်
#voiceofmyanmar #VOM #ကျောက်ထု

Zawgyi

ေက်ာက္ထုၿမိဳ႕တြင္ ေန႔လယ္ခင္းအခ်ိန္ ေနအိမ္အတြင္း ဝင္ေရာက္ၿပီး ဆြဲႀကိဳးလုယူမႈျဖစ္ပြား

ကေလး ဇူလိုင္ ၅-၂၀၂၀
ၿငိမ္းသူမင္း(VOM)

မေကြးတိုင္း၊ ေက်ာက္ထုၿမိဳ႕၊ မႏၲေလး-ေက်ာက္ထု ကားလမ္းမႀကီးေဘးမွာ ရာသီေပၚသီးႏွံေရာင္းခ်ေနတဲ့ ေနအိမ္အတြင္း အမ်ိဳးသားႏွစ္ဦးက ဝင္ေရာက္လာၿပီး အိမ္ရွင္ဆီကေန ဆြဲႀကိဳးလုယူထြက္ေျပးတဲ့ျဖစ္စဥ္ မေန႔ ဇူလုိင္(၄)ရက္ ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ အခင္းျဖစ္ပြားခဲ့တဲ့ ဂုံဘိုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးခင္ေမာင္ေယာကေျပာပါတယ္။

ဂုံဘိုရပ္ကြက္မွာေနထိုင္တဲ့ ေဒၚမိခိုင္ဆိုသူဟာ ရာသီေပၚသီးႏွံေရာင္းခ်ေနသူျဖစ္ၿပီး သူ႔ရဲ႕ အိမ္ေဈးဆိုင္ေရွ႕ လက္ဖက္ရည္ဆုိင္ထဲကေန ႏွာေခါင္းစည္းတပ္ဆင္ထားတဲ့ အမ်ိဳးသားႏွစ္ဦးဟာ လက္ဖက္ရည္ဆိုင္ထဲကေန ထြက္လာၿပီး ေဒၚမိခိုင္ဆီကေန ေစ်းဝယ္ေနရင္း အခုလုိျဖစ္သြားတာလုိ႔ သိရပါတယ္။

အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္ေယာေျပာျပတာက “လက္ဖက္ရည္ဆိုင္ထဲက ထြက္လာၿပီး ခရမ္းခ်ည္သီး နဲ႔ ခါၾကက္ဥဝယ္တယ္။ အဲ့ဒါကို ၾကက္သြန္နီကို အိမ္ထဲကေန ယူခ်င္တယ္ေျပာၿပီး တစ္ေယာက္က အိမ္ထဲဝင္သြားတယ္။ သူကလည္း အိမ္ထဲလိုက္ဝင္ၿပီး ၾကက္သြန္နီကေရစိုတယ္ေျပာခ်ိန္မွာ သူ႔ရဲ႕ လည္ပင္းကိုညႇစ္ၿပီး အိမ္ထဲကိုဆြဲေခၚတယ္။ အဲ့ဒါၿပီးမွ ဆြဲႀကိဳးကိုျဖတ္ၿပီး လုသြားတယ္။ ဆြဲႀကိဳးက ႏွစ္က်ပ္သား ပါသြားတယ္။ အခင္းျဖစ္ေနအိမ္မွာ ဆြဲႀကိဳးလုခံရသူ အမ်ိဳးသမီး နဲ႔ သူ႔ရဲ႕သမီး၊သမက္ ျဖစ္သူေတြ နဲ႔ ေနထိုင္တာပါ။ အခင္းျဖစ္ခ်ိန္က သမီးျဖစ္သူနဲ႔ သမက္ျဖစ္သူက ေနအိမ္မွာမရွိခ်ိန္ တစ္ဦးတည္း က်န္ရွိခ်ိန္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လူႏွစ္ဦးက လက္သီးနဲ႔ထိုးတာေၾကာင့္ ႏွာေခါင္းေသြးယို ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ဆြဲႀကိဳးလုယူ သြားသူေတြကို လိုက္လံဖမ္းဆီးရာမွာေတာ့ တ႐ုတ္ႏိုင္ငံထုတ္ ၁၂၅ ဆိုင္ကယ္ကိုစီးၿပီး ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ဖက္ကို ထြက္ေျပးသြားတယ္”လို႔ ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေက်ာက္ထုၿမိဳ႕နယ္ေျမရဲစခန္းမွာ သြားေရာက္တိုင္တန္းထားၿပီး ရဲစခန္းက တာဝန္ရွိသူေတြက တရားခံဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

“ခိုးရေအာင္ အိမ္ထဲဝင္တယ္၊ အိမ္ထဲဝင္တဲ့အခ်ိန္မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း နဲ႔ ဆြဲႀကိဳးကပါသြားတဲ့ သေဘာေပါ့ဗ်ာ။ အခုက ရဲစခန္းမွာအမႈဖြင့္ထားၿပီး တရားခံဖမ္းဆီးရမိေရး လိုက္လံ စုံစမ္းေနပါတယ္။ အခုလဲ အဲ့ကိစၥနဲ႔ အျပင္ကိုေရာက္ေနပါတယ္”လို႔ ေက်ာက္ထုနယ္ေျမရဲစခန္းမွ တာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေက်ာက္ထုနယ္ေျမရဲစခန္း မွာ (ပ)၁၀၄/၂၀၂၊ ရာဇသတ္ႀကီးပုဒ္မ-၄၅၂/၃၈၂ နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

Photo-ေက်ာက္ထုျပန္/ဆက္
#voiceofmyanmar #VOM #ေက်ာက္ထု

Related posts

Leave a Comment

VOM News

FREE
VIEW