စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ မုံရွာမြို့ပေါ်မှာ လိုက်လံကပ်ထားမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ မုံရွာမြို့ပေါ်မှာ လိုက်လံကပ်ထားမှု ဖြစ်ပွား

ကလေး ဇူလိုင် ၆-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးများ ရွေးကောက်ပွဲမှာ အလိုမရှိ ဆိုတဲ့ စာသားတွေရေးထားတဲ့ စာရွက်တွေကို မြို့ပေါ်မှာလိုက်လံကပ်ထားမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကပြောပါတယ်။

မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ “အောင်မင်္ဂလာရပ်ကွက်က စည်ပင်သာယာကြော်ငြာဘုတ်ကလေးမှာ လိုက်ပြီးတော့ ကပ်တာပါ။ တစ်ခြား ရပ်ကွက်တွေမှာတော့ မရှိဘူး။ ကြေးနန်းတော့ တင်ထားတယ်။ ဘယ်သူကပ်လဲဆိုတာတော့ လိုက်ပြီးတော့ စုံစမ်းခိုင်းထားတယ်”လို့ ပြောပါတယ်။

စက္ကူပေါ်မှာ ဆော့ပင်အနီနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးများ ရွေးကောက်ပွဲမှာအလိုမရှိ ဆိုတဲ့ စာသားပါ စာရွက်တွေကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့မှာ တစ်စောင်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်ပေါ်မှာ တစ်စောင် နဲ့ ယာဉ်ထိန်းရဲရုံးရှေ့နားမှာ တစ်စောင် လိုက်လံကပ်ထားတာကို မုံရွာမြို့ပေါ်က ဒေသခံတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

မုံရွာမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်ရာမှာတော့ “လောလောဆယ်တော့ စုံစမ်း တုန်းပါ။ လောလောဆယ်တော့ အမှုမဖွင့်သေးဘူး။ အပေါ်ကိုပဲ စာတင်ထားတာ ရှိသေးတယ်။ ဘယ်သူလုပ်တယ်ဆိုတာ စုံစမ်းတုန်းပါ”လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ဇွန်လ ၈ ရက်နေ့ကလည်း အသက် ၄၀ အရွယ် ဦးမွှေးကြူဆိုသူက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တာဝန်မှရပ်စဲပေးရေး ဒို့အရေး စာသားပါဝင်တဲ့ ဆိုင်းဘုတ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် သမ္မတတင်ပေးရေး ဒို့အရေး၊ လူထုဆန္ဒခံယူပွဲ ၂၀၂၀ တွင် ကျင်းပပေးရေး ၊ မုံရွာတိုင်းမြို့တော် အလုံတပ်မြို့ စစ်ပင် မွှေးကြူ ဆိုတဲ့ စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆိုင်ပြီးတော့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo – Aung Nay Myo
#voiceofmyanmar #VOM #မုံရွာ

Zawgyi

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ဝန္ႀကီးမ်ား ေ႐ြးေကာက္ပြဲတြင္အလိုမရွိ စာသားပါ စာ႐ြက္မ်ား မုံ႐ြာၿမိဳ႕ေပၚမွာ လိုက္လံကပ္ထားမႈ ျဖစ္ပြား

ကေလး ဇူလိုင္ ၆-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚမွာ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ ဝန္ႀကီးမ်ား ေ႐ြးေကာက္ပြဲမွာ အလိုမရွိ ဆိုတဲ့ စာသားေတြေရးထားတဲ့ စာ႐ြက္ေတြကို ၿမိဳ႕ေပၚမွာလိုက္လံကပ္ထားမႈ ဒီကေန႔မနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ မုံ႐ြာၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးကေျပာပါတယ္။

မုံ႐ြာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္စိုးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ေအာင္မဂၤလာရပ္ကြက္က စည္ပင္သာယာေၾကာ္ျငာဘုတ္ကေလးမွာ လိုက္ၿပီးေတာ့ ကပ္တာပါ။ တစ္ျခား ရပ္ကြက္ေတြမွာေတာ့ မရွိဘူး။ ေၾကးနန္းေတာ့ တင္ထားတယ္။ ဘယ္သူကပ္လဲဆိုတာေတာ့ လိုက္ၿပီးေတာ့ စုံစမ္းခိုင္းထားတယ္”လို႔ ေျပာပါတယ္။

စကၠဴေပၚမွာ ေဆာ့ပင္အနီနဲ႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ ဝန္ႀကီးမ်ား ေ႐ြးေကာက္ပြဲမွာအလိုမရွိ ဆိုတဲ့ စာသားပါ စာ႐ြက္ေတြကို မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ တစ္ေစာင္၊ အမွတ္(၇) အေျခခံပညာအထက္တန္းေက်ာင္း ဆိုင္းဘုတ္ေပၚမွာ တစ္ေစာင္ နဲ႔ ယာဥ္ထိန္းရဲ႐ုံးေရွ႕နားမွာ တစ္ေစာင္ လိုက္လံကပ္ထားတာကို မုံ႐ြာၿမိဳ႕ေပၚက ေဒသခံေတြက ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။

မုံ႐ြာၿမိဳ႕မရဲစခန္းက တာဝန္ရွိသူတစ္ဦးကိုဆက္သြယ္ရာမွာေတာ့ “ေလာေလာဆယ္ေတာ့ စုံစမ္း တုန္းပါ။ ေလာေလာဆယ္ေတာ့ အမႈမဖြင့္ေသးဘူး။ အေပၚကိုပဲ စာတင္ထားတာ ရွိေသးတယ္။ ဘယ္သူလုပ္တယ္ဆိုတာ စုံစမ္းတုန္းပါ”လို႔ ေျပာပါတယ္။

မုံ႐ြာၿမိဳ႕ေပၚမွာ ဇြန္လ ၈ ရက္ေန႔ကလည္း အသက္ ၄၀ အ႐ြယ္ ဦးေမႊးၾကဴဆိုသူက စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ တာဝန္မွရပ္စဲေပးေရး ဒို႔အေရး စာသားပါဝင္တဲ့ ဆိုင္းဘုတ္ အပါအဝင္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတတင္ေပးေရး ဒို႔အေရး၊ လူထုဆႏၵခံယူပြဲ ၂၀၂၀ တြင္ က်င္းပေပးေရး ၊ မုံ႐ြာတိုင္းၿမိဳ႕ေတာ္ အလုံတပ္ၿမိဳ႕ စစ္ပင္ ေမႊးၾကဴ ဆိုတဲ့ စာသားေတြပါတဲ့ ဆိုင္းဘုတ္ေတြ ကိုင္ဆိုင္ၿပီးေတာ့ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္တာေတြလည္း ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Photo – Aung Nay Myo
#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW