အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်နဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းမိ

အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်နဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွမူးယစ်ဆေးဝါးများဖမ်းမိ

ပဲခူး၊ ဇူလိုင် ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အေးချမ်းသာယာရပ်ကွက် အလယ်တန်းကျောင်းခွဲကျောင်းအုပ်ကြီးနဲ့ အမျိုးသားတစ်ဦးဆီကနေ စိတ်ကြွရူးသွပ်ဆေးဝါး အပြား ၁၃၀၀ ကျော်ကို မနေ့ဇူလိုင်လ၅ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ဝေါမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးနိုင်စိုးကပြောပါတယ်။

“သတင်းအရစောင့်နေတုန်း ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးဆီက WY ဆေးပြား ၈ ပြားဖမ်းမိလို့ စစ်လိုက်တဲ့အခါ ကျောင်းအုပ်ဆရာကြီးဆီကနေ ဝယ်လာတာပေါ်ပေါက်ခဲ့တယ်၊ ချမ်းမြသာစည်ကျောင်းအုပ်ကို ဝင်စစ်တဲ့အခါ ဆေးပြား ၁၃၀၀ ခန့်နဲ့ အိုက်စ်ပုံဆောင်ခဲတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်”လို့ စခန်းမှူး ဒု-ရဲမှူးနိုင်စိုးကပြောပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့နေ့လယ်ပိုင်းက ဝေါမြို့ နယ်၊ အေးချမ်းသာယာရပ်ကွက်၊ ဇီဇဝါလမ်းထိပ်မှာ နယ်မြေခံရဲတပ်ဖွဲ့တာဝန်ရှိသူနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်း‌နေကြစဉ် ဆိုင်ကယ်မောင်းနှင်လာသူ ဆင်ကြီး(ခ)ဘိုဘိုဇင်(၄၆နှစ်)ကိုစစ်ဆေးရာ WY အမှတ်သားပါ စိတ်ကြွ ဆေး ၈ ပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူကို ဆက်လက်စစ်ဆေးရာ ချမ်းမြသာစည် အ-လ-က(ခွဲ)ကျောင်းအုပ်ဆီကနေ ဝယ်ယူလာကြောင်းကို စစ်ဆေးသိရှိရတဲ့အတွက် ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းအုပ်ကြီးဦးမောင်မောင်စိုး(၅၅ နှစ်)ကိုတွေ့ရှိပြီး အင်္ကျီအိပ်ကပ်အတွင်း ပလက်စတစ်နဲ့ထည့်ထားတဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြား၂၀၀ ပါ ၁ ထုပ်၊ အပြာရောင် ကပ်ခွာပလက်စတစ်ဖြင့်ထုတ်ထားသော ဆေးပြား၂၀၀ ပါအထုတ် ၃ ထုပ်၊ ဆေးပြား ၁၀၀ ပါအထုတ် ၁ ထုပ်၊ အပြာနုရောင်ကော်ဗူးအတွင်း WY စာတမ်းပါ ဆေးပြား ၄၀၀ ပြား စုစုပေါင်းစိတ်ကြွ‌ဆေးပြား ၁၃၀၀၊ အလေးချိန် ၁၃၀ ဂရမ်ခန့်၊ ပလက်စတစ်ဖြင့် ထုတ်ထားတဲ့(ICE)ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၁ ဂရမ်ခန့်ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ မောင်မောင်စိုးနဲ့ ဘိုဘိုဇင်(ခ) ဆင်ကြီးတို့ကို ဝေါမြို့မရဲစခန်းမှ မယ(ပ)၁/၂၀၂၀ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၁၉ က/၂၀(က)နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ဝေါမြို့မရဲစခန်းကနေ သိရပါတယ်။

ဓါတ်ပုံ-ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #ဝေါမြို့

Zawgyi

အလယ္တန္းေက်ာင္းခြဲ ေက်ာင္းအုပ္နဲ႔ အမ်ိဳးသားတစ္ဦးဆီကေန စိတ္ႂကြမူးယစ္ေဆးဝါးမ်ားဖမ္းမိ

ပဲခူး၊ ဇူလိုင္ ၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ေအးခ်မ္းသာယာရပ္ကြက္ အလယ္တန္းေက်ာင္းခြဲေက်ာင္းအုပ္ႀကီးနဲ႔ အမ်ိဳးသားတစ္ဦးဆီကေန စိတ္ႂကြ႐ူးသြပ္ေဆးဝါး အျပား ၁၃၀၀ ေက်ာ္ကို မေန႔ဇူလိုင္လ၅ ရက္ ေန႔လယ္ပိုင္းက ဖမ္းဆီးရမိခဲ့တယ္လို႔ ေဝါၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒု-ရဲမႉးႏိုင္စိုးကေျပာပါတယ္။

“သတင္းအရေစာင့္ေနတုန္း ဆိုင္ကယ္ေမာင္းႏွင္လာသူတစ္ဦးဆီက WY ေဆးျပား ၈ ျပားဖမ္းမိလို႔ စစ္လိုက္တဲ့အခါ ေက်ာင္းအုပ္ဆရာႀကီးဆီကေန ဝယ္လာတာေပၚေပါက္ခဲ့တယ္၊ ခ်မ္းျမသာစည္ေက်ာင္းအုပ္ကို ဝင္စစ္တဲ့အခါ ေဆးျပား ၁၃၀၀ ခန႔္နဲ႔ အိုက္စ္ပုံေဆာင္ခဲေတြကို ဖမ္းဆီးရမိခဲ့တာျဖစ္တယ္”လုိ႔ စခန္းမႉး ဒု-ရဲမႉးႏိုင္စိုးကေျပာပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ေန႔လယ္ပိုင္းက ေဝါၿမိဳ႕ နယ္၊ ေအးခ်မ္းသာယာရပ္ကြက္၊ ဇီဇဝါလမ္းထိပ္မွာ နယ္ေျမခံရဲတပ္ဖြဲ႕တာဝန္ရွိသူနဲ႔ ပူးေပါင္းအဖြဲ႕က သတင္းအရေစာင့္ဆိုင္း‌ေနၾကစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသူ ဆင္ႀကီး(ခ)ဘိုဘိုဇင္(၄၆ႏွစ္)ကိုစစ္ေဆးရာ WY အမွတ္သားပါ စိတ္ႂကြ ေဆး ၈ ျပား ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးရမိသူကို ဆက္လက္စစ္ေဆးရာ ခ်မ္းျမသာစည္ အ-လ-က(ခြဲ)ေက်ာင္းအုပ္ဆီကေန ဝယ္ယူလာေၾကာင္းကို စစ္ေဆးသိရွိရတဲ့အတြက္ ေက်ာင္းအုပ္ႀကီး႐ုံးခန္းတြင္ ေက်ာင္းအုပ္ႀကီးဦးေမာင္ေမာင္စိုး(၅၅ ႏွစ္)ကိုေတြ႕ရွိၿပီး အက်ႌအိပ္ကပ္အတြင္း ပလက္စတစ္နဲ႔ထည့္ထားတဲ့ WY စာတမ္းပါ စိတ္ႂကြေဆးျပား၂၀၀ ပါ ၁ ထုပ္၊ အျပာေရာင္ ကပ္ခြာပလက္စတစ္ျဖင့္ထုတ္ထားေသာ ေဆးျပား၂၀၀ ပါအထုတ္ ၃ ထုပ္၊ ေဆးျပား ၁၀၀ ပါအထုတ္ ၁ ထုပ္၊ အျပာႏုေရာင္ေကာ္ဗူးအတြင္း WY စာတမ္းပါ ေဆးျပား ၄၀၀ ျပား စုစုေပါင္းစိတ္ႂကြ‌ေဆးျပား ၁၃၀၀၊ အေလးခ်ိန္ ၁၃၀ ဂရမ္ခန္႔၊ ပလက္စတစ္ျဖင့္ ထုတ္ထားတဲ႔(ICE)ဟုယူဆရေသာ အျဖဴေရာင္ပုံေဆာင္ခဲ ၁ ဂရမ္ခန္႔ကို ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

မူးယစ္ေဆးဝါးမ်ား လက္ဝယ္ေတြ႕ရွိသူ ေမာင္ေမာင္စိုးနဲ႔ ဘိုဘိုဇင္(ခ) ဆင္ႀကီးတို႔ကို ေဝါၿမိဳ႕မရဲစခန္းမွ မယ(ပ)၁/၂၀၂၀ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာေဆးဝါးဆိုင္ရာ ဥပေဒပုဒ္မ ၁၆(ဂ)/၁၉ က/၂၀(က)နဲ႔ အမႈဖြင့္လွစ္ထားတယ္လို႔ ေဝါၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ဓါတ္ပုံ-ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #ေဝါၿမိဳ႕

Related posts

Leave a Comment

VOM News

FREE
VIEW