အလုပ်သမားနဲ့လယ်သမားအဖွဲ့(၁၁)ဖွဲ့က အလုပ်သမားကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ်

အလုပ်သမားနဲ့လယ်သမားအဖွဲ့(၁၁)ဖွဲ့က အလုပ်သမားကိုယ်စားလှယ်လောင်းဝင်ပြိုင်မယ်

ရန်ကုန် ၊ ဇူလိုင် ၇-၂၀၂၀
သိင်္ဂီ (VOM)

အလုပ်သမားနဲ့ လယ်သမားအဖွဲ့တွေက လာမယ့်ရွေးကောက်ပွဲမှာ အလုပ် သမားနဲ့ လယ်သမားထုကို ကိုယ်စားပြုမယ့် အလုပ်သမားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာ အလုပ်သမားနဲ့ လယ်သမားတွေကို ကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ အလုပ်သမားနဲ့ လယ်သမားအဖွဲ့(၁၁)ဖွဲ့ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

“တကယ့်ကို အလုပ်သမားအရေး၊ လယ်သမားအရေး ထိထိရောက်ရောက် ပြောဆိုဆောင်ရွက်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ကျွန်မတို့က ကန့်သတ်မထားပါဘူး။ ရွေးကောက်ပွဲကော်မရှင်ကို တင်းသွင်းရမယ့် ရက်မတိုင်ခင်ကို ကျွန်မတို့တင်သွားမှာပါ”လို့ အလုပ်သမားအချင်းချင်းရိုင်းပင်း ကူညီပေးရေးအဖွဲ့ဝင် ဒေါ်ခခ က ပြောပါတယ်။

ဒီကနေ့ ပြည်သူရွေးကောက်တင်မြောက်ထားတဲ့ အာဏာရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေဘက်က ရပ်တည်ပေးတာမရှိသလို အလုပ်သမားတွေ ရဲ့အခွင့်အရေး အကျိုးစီးပွားတွေကို စိတ်မဝင်စားတဲ့ အခြေအနေဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်မှ အကြံပေးတရားလွှတ်တော်ရှေ့နေ ဦးဌေးကပြောပါတယ်။

” အလုပ်သမားအခွင့်အရေး အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မပေးတဲ့ ပါတီတွေကို မဲမပေးတော့ဘူး။ လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးပါတီတွေဟာ အလုပ်သမားတွေရဲ့အခွင့်အရေး အကျိုးစီးပွားတွေ စိတ်မဝင်စားဘူး။ နိုင်ငံရေးပဲ စိတ်ဝင်စားကြတယ်။ ဒီနေ့အထိတော့ လွှတ်တော်ထဲမှာ အလုပ်သမားတွေအတွက် ပြောပေးမယ့်သူ ဆွေးနွေးပေးမယ့်သူမရှိဘူး။ လယ်သမား၊အလုပ်သမားတွေ ကိုယ်တိုင်ပြောမှ ရမယ့်အခြေအနေဖြစ်လာတယ်။ စပီကာတွေလိုလာတယ်။” လို့ ဦးဌေးကပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေထဲက ကိုယ်စားလှယ်တချို့ဟာ လာမယ့်ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေပါတီစုံရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြီးတင်သွင်းရမှာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အလုပ္သမားနဲ႔လယ္သမားအဖြဲ႔(၁၁)ဖြဲ႕က အလုပ္သမားကိုယ္စားလွယ္ေလာင္းဝင္ၿပိဳင္မယ္

ရန္ကုန္ ၊ ဇူလိုင္ ၇-၂၀၂၀
သိဂႌ (VOM)

အလုပ္သမားနဲ႔ လယ္သမားအဖြဲ႔ေတြက လာမယ့္ေရြးေကာက္ပြဲမွာ အလုပ္ သမားနဲ႔ လယ္သမားထုကို ကိုယ္စားျပဳမယ့္ အလုပ္သမားကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္တေလာမွာ အလုပ္သမားနဲ႔ လယ္သမားေတြကို ကိုယ္စားျပဳၿပီးဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ အဆိုျပဳထားတဲ့ အလုပ္သမားနဲ႔ လယ္သမားအဖြဲ႕(၁၁)ဖြဲ႔႐ွိေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

“တကယ့္ကို အလုပ္သမားအေရး၊ လယ္သမားအေရး ထိထိေရာက္ေရာက္ ေျပာဆိုေဆာင္ရြက္မယ့္ ကိုယ္စားလွယ္ေလာင္းေတြအတြက္ ကၽြန္မတို႔က ကန႔္သတ္မထားပါဘူး။ ေရြးေကာက္ပြဲေကာ္မရွင္ကို တင္းသြင္းရမယ့္ ရက္မတိုင္ခင္ကို ကၽြန္မတို႔တင္သြားမွာပါ”လို႔ အလုပ္သမားအခ်င္းခ်င္းရိုင္းပင္း ကူညီေပးေရးအဖြဲ႕ဝင္ ေဒၚခခ က ေျပာပါတယ္။

ဒီကေန႔ ျပည္သူေရြးေကာက္တင္ေျမာက္ထားတဲ့ အာဏာရပါတီနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ အလုပ္သမားေတြဘက္က ရပ္တည္ေပးတာမ႐ွိသလို အလုပ္သမားေတြ ရဲ႕အခြင့္အေရး အက်ိဳးစီးပြားေတြကို စိတ္မဝင္စားတဲ့ အေျခအေနျဖစ္ေနတယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားကြန္ယက္မွ အၾကံေပးတရားလႊတ္ေတာ္ေ႐ွ႕ေန ဦးေဌးကေျပာပါတယ္။

” အလုပ္သမားအခြင့္အေရး အက်ိဳးစီးပြားကို ကာကြယ္ေစာင္႔ေရွာက္မေပးတဲ့ ပါတီေတြကို မဲမေပးေတာ့ဘူး။ လက္႐ွိျမန္မာျပည္မွာ ႏိုင္ငံေရးပါတီေတြဟာ အလုပ္သမားေတြရဲ႕အခြင့္အေရး အက်ိဳးစီးပြားေတြ စိတ္မဝင္စားဘူး။ ႏိုင္ငံေရးပဲ စိတ္ဝင္စားၾကတယ္။ ဒီေန႔အထိေတာ့ လႊတ္ေတာ္ထဲမွာ အလုပ္သမားေတြအတြက္ ေျပာေပးမယ့္သူ ေဆြးေႏြးေပးမယ့္သူမ႐ွိဘူး။ လယ္သမား၊အလုပ္သမားေတြ ကိုယ္တိုင္ေျပာမွ ရမယ့္အေျခအေနျဖစ္လာတယ္။ စပီကာေတြလိုလာတယ္။” လို႔ ဦးေဌးကေျပာပါတယ္။

ဒါေၾကာင့္ အလုပ္သမားေတြထဲက ကိုယ္စားလွယ္တခ်ိဳ႕ဟာ လာမယ့္ပါတီစုံအေထြေထြ ေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

၂၀၂၀ အေထြေထြပါတီစုံေရြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အမည္စာရင္းကိုေတာ့ ဇူလိုင္လ ၂၀ ရက္ေန႔မွာ အၿပီးတင္သြင္းရမွာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW