ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား

ပထမဦးဆုံးအကြိမ် ပါမောက္ခချုပ်တက်ရောက်တဲ့ ရတနာပုံတက္ကသိုလ်က 7Julyအခမ်းအနား

မန္တလေး၊ ဇူလိုင် ၇-၂၀၂၀
ဟိန်းကို(VOM)

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်ကျောင်း၀င်းအတွင်းမှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ (၅၈)နှစ်မြောက် 7JULY အောက်မေ့ဖွယ်အခမ်းအနားကို ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

” ကျွန်တော်တို့ 7JULYပွဲမျိုး ‌ပါမောက္ခချုပ်တက်တာ ပထမဆုံးပဲ၊ ခုလက်ရှိ ဒီပါမောက္ခချုပ်အသစ် ဒေါက်တာအောင်အောင်မင်းအနေနဲ့က ကျွန်တော်တို့နဲ့က ညှိလို့နှိုင်းလို့အဆင်ပြေတဲ့အခါကြတော့ ကျွန်တော်‌တို့ကျောင်းသားတွေရဲ့လိုအပ်ချက်ကို တက်နိုင်တဲ့ဖက်က ဖြည့်ပေးနေပါတယ် အခုလက်ရှိထိတော့၊ အခုလိုမျိုးညှိနှိုင်းပြီး ဆက်သွားမယ်ဆိုတဲ့အခါကျတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေ ကျောင်းသားထုအခွင့်အရေးတွေဟာ ဒီထက်ပိုပြီးရလာမယ်လို့လည်း မျှော်လင့်ပါတယ်၊ အရင်တုန်းက ပါမောက္ခတွေမှာ ဘာမှထောက်ပံ့မှုမရှိခဲ့ပါဘူး”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဒု-ဥက္ကဌ ကိုဘုန်းမြင့်ကျော်ကပြောပါတယ်။

ရတနာပုံတက္ကသိုလ်ထဲမှာတော့ ရတကသ နဲ့ ဗကသဆိုကာ ကျောင်းသား(၂)ဖွဲ့ရှိတဲ့အတွက် ဗကသတွေအနေနဲ့က ကဗျာရွတ်ပွဲနဲ့ အောင်မေ့ဖွယ် အခမ်းအနားလေးလုပ်တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေလုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကူညီထားမှုလည်းရှိတယ်လို့ ရတနာပုံတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောပြပါတယ်။

“ကျောင်းဘက်ကလည်း အခမ်းအနားပြင်တွေ ကူညီထားပါတယ်။ ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေလုပ်လို့ကတော့ ကျွန်တော်က ဘာပွဲလုပ်လုပ်တက်ရမှာပဲ ၊ ဒီပွဲကိုလည်း ခွင့်ပြုချက်တွေတောင်းပြီးမှလုပ်တာ၊ ခွင့်မပြုစရာအကြောင်းမရှိဘူး၊ ကိုဗစ်-၁၉ကာလဖြစ်တဲ့အတွက် ကြွရောက်လာတဲ့သူတွေရော အဲ့ဒီကျန်းမာရေးကို လိုက်စားပေးပါ။”လို့ ဒေါက်တာအောင်အောင်မင်းကပြောပါတယ်။

၁၉၆၂ခုနှစ် ၇လပိုင်း ၈ရက်နေ့က ကျောင်းသားတွေအထွဋ်အမြတ်ထားရတဲ့ ရန်ကုန်မြို့က ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဦးနေ၀င်းအစိုးရလက်ထက်က ဗုံးခွဲဖျက်ဆီးလိုက်တဲ့နေ့က ကျောင်းသားတွေရဲ့သွေးမြေကျခဲ့ရပြီး အဲ့ဒီလိုသွေးမြေကျခဲ့ရတာ ဒီကနေ့ဆိုရင် (၅၈)နှစ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

“ဒီနောင်တော်တွေအဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြတယ်၊ လက်ရှိလည်း စစ်အာဏာရှင်စနစ်သည် မပျက်သေးဘူး။ ကျွန်တော်တို့ကလည်း ဒီနေ့ဒီအချိန်ထိ စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေဆဲဖြစ်တယ်၊ ဒီအမိကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဖြိုခွဲဖျက်ဆီးခဲ့တာ ၊ ကျောင်းသားတွေသွေးမြေကျတာကို ယနေ့အချိန်ထိ မမေ့သေးဘူး၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်သွားမယ်၊ အနာဂတ်မျိုးဆက်သစ်တွေဟာလည်း 7JULYဟာ ဘာလည်းဆိုတာကို သိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့ပွဲအခမ်းအနားကို ကျင်းပနေရခြင်းဖြစ်ပါတယ်”လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုသက်မောင်မောင်ကပြောပါတယ်။

ဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံနဲ့ပတ်သက်ပြီး အဆောက်အအုံဟောင်းမြေနေရာမှာ အဆောက်အုံအသစ်ဆောက်ဖို့လုပ်တာကို ကျောင်းသားသမဂ္ဂအဆောက်အအုံ မဟုတ်တဲ့အတွက် ကျောင်းသားတွေက သဘောတူညီမှုမရှိတာတွေဖြစ်နေကာ ကျောင်းသားတွေအနေနဲ့က အဲ့ဒီလက်ထက်မှာ ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းကို မဖျောက်ဖျက်ဘဲ ထားစေချင်တယ်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုသက်မောင်မောင်ကပြောကြားခဲ့တာဖြစ်ပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့ 7JULYအခမ်းအနားတွေမှာ ပါမောက္ခချုပ်တက်ရောက်ခြင်းမရှိသည့်အပြင် လွတ်လပ်စွာကျင်းပခွင့်မရခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီကနေ့ပြုလုပ်တဲ့ 7JULYအခမ်းအနားကိုတော့ ရတနာပုံတက္ကသိုလ်က ‌ပါမောက္ခချုပ်ကိုယ်တိုင် တက်ရောက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ပထမဦးဆုံးအႀကိမ္ ပါေမာကၡခ်ဳပ္တက္ေရာက္တဲ့ ရတနာပုံတကၠသိုလ္က 7Julyအခမ္းအနား

မႏၲေလး၊ ဇူလိုင္ ၇-၂၀၂၀
ဟိန္းကို(VOM)

မႏၲေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္၊ ရတနာပုံတကၠသိုလ္ေက်ာင္း၀င္းအတြင္းမွာ ဒီကေန႔မနက္ကျပဳလုပ္တဲ့ (၅၈)ႏွစ္ေျမာက္ 7JULY ေအာက္ေမ့ဖြယ္အခမ္းအနားကို ရတနာပုံတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကိုယ္တိုင္ တက္ေရာက္ခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ 7JULYပြဲမ်ိဳး ‌ပါေမာကၡခ်ဳပ္တက္တာ ပထမဆုံးပဲ၊ ခုလက္ရွိ ဒီပါေမာကၡခ်ဳပ္အသစ္ ေဒါက္တာေအာင္ေအာင္မင္းအေနနဲ႔က ကြၽန္ေတာ္တို႔နဲ႔က ညႇိလို႔ႏႈိင္းလို႔အဆင္ေျပတဲ့အခါၾကေတာ့ ကြၽန္ေတာ္‌တို႔ေက်ာင္းသားေတြရဲ႕လိုအပ္ခ်က္ကို တက္ႏိုင္တဲ့ဖက္က ျဖည့္ေပးေနပါတယ္ အခုလက္ရွိထိေတာ့၊ အခုလိုမ်ိဳးညႇိႏႈိင္းၿပီး ဆက္သြားမယ္ဆိုတဲ့အခါက်ေတာ့ ေတာင္းဆိုတဲ့ေတာင္းဆိုခ်က္ေတြ ေက်ာင္းသားထုအခြင့္အေရးေတြဟာ ဒီထက္ပိုၿပီးရလာမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္၊ အရင္တုန္းက ပါေမာကၡေတြမွာ ဘာမွေထာက္ပံ့မႈမရွိခဲ့ပါဘူး”လို႔ ရတနာပုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(ဗကသမ်ားအဖြဲ႕ခ်ဳပ္) ဒု-ဥကၠဌ ကိုဘုန္းျမင့္ေက်ာ္ကေျပာပါတယ္။

ရတနာပုံတကၠသိုလ္ထဲမွာေတာ့ ရတကသ နဲ႔ ဗကသဆိုကာ ေက်ာင္းသား(၂)ဖြဲ႕ရွိတဲ့အတြက္ ဗကသေတြအေနနဲ႔က ကဗ်ာ႐ြတ္ပြဲနဲ႔ ေအာင္ေမ့ဖြယ္ အခမ္းအနားေလးလုပ္တာျဖစ္ၿပီး ရတနာပုံတကၠသိုလ္ေက်ာင္းသား/သူေတြလုပ္တဲ့ပြဲျဖစ္တဲ့အတြက္ ကူညီထားမႈလည္းရွိတယ္လို႔ ရတနာပုံတကၠသိုလ္ တာ၀န္ခံပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကေျပာျပပါတယ္။

“ေက်ာင္းဘက္ကလည္း အခမ္းအနားျပင္ေတြ ကူညီထားပါတယ္။ ရတနာပုံတကၠသိုလ္ေက်ာင္းသား/သူေတြလုပ္လို႔ကေတာ့ ကြၽန္ေတာ္က ဘာပြဲလုပ္လုပ္တက္ရမွာပဲ ၊ ဒီပြဲကိုလည္း ခြင့္ျပဳခ်က္ေတြေတာင္းၿပီးမွလုပ္တာ၊ ခြင့္မျပဳစရာအေၾကာင္းမရွိဘူး၊ ကိုဗစ္-၁၉ကာလျဖစ္တဲ့အတြက္ ႂကြေရာက္လာတဲ့သူေတြေရာ အဲ့ဒီက်န္းမာေရးကို လိုက္စားေပးပါ။”လို႔ ေဒါက္တာေအာင္ေအာင္မင္းကေျပာပါတယ္။

၁၉၆၂ခုႏွစ္ ၇လပိုင္း ၈ရက္ေန႔က ေက်ာင္းသားေတြအထြဋ္အျမတ္ထားရတဲ့ ရန္ကုန္ၿမိဳ႕က ေက်ာင္းသားသမဂၢအေဆာက္အအုံကို ဦးေန၀င္းအစိုးရလက္ထက္က ဗုံးခြဲဖ်က္ဆီးလိုက္တဲ့ေန႔က ေက်ာင္းသားေတြရဲ႕ေသြးေျမက်ခဲ့ရၿပီး အဲ့ဒီလိုေသြးေျမက်ခဲ့ရတာ ဒီကေန႔ဆိုရင္ (၅၈)ႏွစ္ေျမာက္ရွိခဲ့ၿပီ ျဖစ္ပါတယ္။

“ဒီေနာင္ေတာ္ေတြအဆက္ဆက္ စစ္အာဏာရွင္စနစ္ကို ေတာ္လွန္ခဲ့ၾကတယ္၊ လက္ရွိလည္း စစ္အာဏာရွင္စနစ္သည္ မပ်က္ေသးဘူး။ ကြၽန္ေတာ္တို႔ကလည္း ဒီေန႔ဒီအခ်ိန္ထိ စစ္အာဏာရွင္စနစ္ကို တြန္းလွန္ေနဆဲျဖစ္တယ္၊ ဒီအမိေက်ာင္းသားသမဂၢအေဆာက္အအုံႀကီးကို ၿဖိဳခြဲဖ်က္ဆီးခဲ့တာ ၊ ေက်ာင္းသားေတြေသြးေျမက်တာကို ယေန႔အခ်ိန္ထိ မေမ့ေသးဘူး၊ စစ္အာဏာရွင္စနစ္ကို ဆက္လက္ေတာ္လွန္သြားမယ္၊ အနာဂတ္မ်ိဳးဆက္သစ္ေတြဟာလည္း 7JULYဟာ ဘာလည္းဆိုတာကို သိေစခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ ဒီေန႔ပြဲအခမ္းအနားကို က်င္းပေနရျခင္းျဖစ္ပါတယ္”လို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဥကၠဌ ကိုသက္ေမာင္ေမာင္ကေျပာပါတယ္။

ၿဖိဳခြဲခံခဲ့ရတဲ့ ေက်ာင္းသားသမဂၢအေဆာက္အအုံနဲ႔ပတ္သက္ၿပီး အေဆာက္အအုံေဟာင္းေျမေနရာမွာ အေဆာက္အုံအသစ္ေဆာက္ဖို႔လုပ္တာကို ေက်ာင္းသားသမဂၢအေဆာက္အအုံ မဟုတ္တဲ့အတြက္ ေက်ာင္းသားေတြက သေဘာတူညီမႈမရွိတာေတြျဖစ္ေနကာ ေက်ာင္းသားေတြအေနနဲ႔က အဲ့ဒီလက္ထက္မွာ ဗုံးခြဲဖ်က္ဆီးခဲ့ပါတယ္ဆိုတဲ့ သမိုင္းမွတ္တမ္းကို မေဖ်ာက္ဖ်က္ဘဲ ထားေစခ်င္တယ္လို႔ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဥကၠဌ ကိုသက္ေမာင္ေမာင္ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

အရင္ကျပဳလုပ္ခဲ့တဲ့ 7JULYအခမ္းအနားေတြမွာ ပါေမာကၡခ်ဳပ္တက္ေရာက္ျခင္းမရွိသည့္အျပင္ လြတ္လပ္စြာက်င္းပခြင့္မရခဲ့တာေတြ ရွိခဲ့ေပမယ့္ ဒီကေန႔ျပဳလုပ္တဲ့ 7JULYအခမ္းအနားကိုေတာ့ ရတနာပုံတကၠသိုလ္က ‌ပါေမာကၡခ်ဳပ္ကိုယ္တိုင္ တက္ေရာက္တာဟာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW