ရသေ့တောင်မှာ ငတောက်တူချေရွာသားတစ်ဦး မိုင်းထိပြီး ပြင်းထန်ဒဏ်ရာရ

ရသေ့တောင်မှာ ငတောက်တူချေရွာသားတစ်ဦး မိုင်းထိပြီး ပြင်းထန်ဒဏ်ရာရ

စစ်တွေ၊ ဇူလိုင် ၈- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ငတောက်တူချေကျေးရွာအနီး လယ်ကွင်းထဲမှာ နွားကျောင်းနေသူ ရွာသားတစ်ဦး မိုင်းနင်းမိရာကနေ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူဟာ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာသား အသက် (၆၆) နှစ်အရွယ် ဦးမောင်ကျော်သန်းဖြစ်ပြီး နေအိမ်အနီးကလယ်ကွင်းမှာ နွားကျောင်းနေစဉ် မိုင်ပေါက်ကွဲပြီး ဘယ်ဘက် ဒူးဆိတ်ထိ ပြတ်ပွန်းဒဏ်ရာ၊ ညာဘက်ခြေဖျား ပွန်းပြတ်ဒဏ်ရာနဲ့ မျက်လုံးတွေကို မိုင်းစတွေဝင်သွားတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ကိုဘက္ကာ ပြောပြတာကတော့” ဒဏ်ရာက တစ်ကိုယ်လုံးပါပဲ။ မျက်လုံးကိုလည်း မိုင်စတွေဝင်သွားတွေ။ ခြေဖျားတွေပြတ်သွားတယ်။ ဒူးဆိတ်ထိ ပိုင်းသွားတယ်။ သူ့အိမ်နောက်ဖက် ကလယ်ကွင်းမှာ နွားကျောင်းနေတုန်းဖြစ်တာလို့သိရတယ်။ ဒဏ်ရာက စိုးရိမ်ရတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

အဲ့ဒီလိုဒဏ်ရာပြင်းထန်ဒဏ်ရာရရှိတဲ့ မိုင်းထိလူနာကို ရသေ့တောင်ဆေးရုံကို ပို့ဆောင်ရာမှာ သွေးထွက်လွန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆေးရုံကိုလိုက်ပါပို့ဆောင်သူ ကိုဘက္ကာက VOM ကို အတည်ပြုပြောပါတယ်။

ယခုလက်ရှိမှာ ဒဏ်ရာရရှိသူ ဦးမောင်ကျော်သန်းဟာ ဒဏ်ရာပြင်းထန်တာကြောင့် ရသေ့တောင်ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့ဆောင်လာပြီလို့လည်း သိရပါတယ်။

Photo- ဘက်ကာ
#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရေသ့ေတာင္မွာ ငေတာက္တူေခ်႐ြာသားတစ္ဦး မိုင္းထိၿပီး ျပင္းထန္ဒဏ္ရာရ

စစ္ေတြ၊ ဇူလိုင္ ၈- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွာ ဒီကေန႔ ေန႔လယ္ပိုင္းက ငေတာက္တူေခ်ေက်း႐ြာအနီး လယ္ကြင္းထဲမွာ ႏြားေက်ာင္းေနသူ ႐ြာသားတစ္ဦး မိုင္းနင္းမိရာကေန မိုင္းေပါက္ကြဲမႈျဖစ္ပြားၿပီး ျပင္းထန္ဒဏ္ရာရရွိသြားတယ္လုိ႔ သိရပါတယ္။

ဒဏ္ရာရရွိသူဟာ ရေသ့ေတာင္ၿမိဳ႕နယ္ ငေတာက္တူေခ်ေက်း႐ြာသား အသက္ (၆၆) ႏွစ္အ႐ြယ္ ဦးေမာင္ေက်ာ္သန္းျဖစ္ၿပီး ေနအိမ္အနီးကလယ္ကြင္းမွာ ႏြားေက်ာင္းေနစဥ္ မိုင္ေပါက္ကြဲၿပီး ဘယ္ဘက္ ဒူးဆိတ္ထိ ျပတ္ပြန္းဒဏ္ရာ၊ ညာဘက္ေျခဖ်ား ပြန္းျပတ္ဒဏ္ရာနဲ႔ မ်က္လုံးေတြကို မိုင္းစေတြဝင္သြားတယ္လုိ႔ သိရပါတယ္။

စစ္ေဘးေရွာင္ေတြကို ကူညီေပးေနသူ ကိုဘကၠာ ေျပာျပတာကေတာ့” ဒဏ္ရာက တစ္ကိုယ္လုံးပါပဲ။ မ်က္လုံးကိုလည္း မိုင္စေတြဝင္သြားေတြ။ ေျခဖ်ားေတြျပတ္သြားတယ္။ ဒူးဆိတ္ထိ ပိုင္းသြားတယ္။ သူ႔အိမ္ေနာက္ဖက္ ကလယ္ကြင္းမွာ ႏြားေက်ာင္းေနတုန္းျဖစ္တာလို႔သိရတယ္။ ဒဏ္ရာက စိုးရိမ္ရတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ ျဖစ္စဥ္မွာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာဆိုပါတယ္။

အဲ့ဒီလိုဒဏ္ရာျပင္းထန္ဒဏ္ရာရရိွတဲ့ မိုင္းထိလူနာကို ရေသ့ေတာင္ေဆး႐ုံကို ပို႔ေဆာင္ရာမွာ ေသြးထြက္လြန္တာေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတယ္လို႔ ေဆး႐ုံကိုလ္ိုက္ပါပို႔ေဆာင္သူ ကိုဘကၠာက VOM ကို အတည္ျပဳေျပာပါတယ္။

ယခုလက္ရွိမွာ ဒဏ္ရာရရွိသူ ဦးေမာင္ေက်ာ္သန္းဟာ ဒဏ္ရာျပင္းထန္တာေၾကာင့္ ရေသ့ေတာင္ေဆး႐ုံကေန စစ္ေတြေဆး႐ုံကို ပို႔ေဆာင္လာၿပီလို႔လည္း သိရပါတယ္။

Photo- ဘက္ကာ
#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW