ဘရာဇီးသမ္မတ ဘိုဆိုနာရို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

ဘရာဇီးသမ္မတ ဘိုဆိုနာရို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

ဘရာဇီးလီးယား၊ ဇူလိုင်-၈-၂၀၂၀
မျိုးဆက် (VOM)

ဘရာဇီးသမ္မတဘိုဆိုနာရိုဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူဟာ ကိုယ်အပူချိန်မြင့်တက်လာခြင်းအပါအဝင် ရောဂါလက္ခဏာတွေ ပြသလာတာကြောင့် ဇူလိုင်၆ရက်မှာ စတုတ္ထအကြိမ် ဆေးစစ်မှုခံယူခဲ့တာဖြစ်ပါတယ်။

သမ္မတ ဘိုဆိုနာရိုဟာ အဖျားအနည်းငယ်သာရှိတာဖြစ်ပြီး အန္တရာယ်မရှိကြောင်း အကြိမ်ကြိမ်ပြောဆိုကာ သူ့မှာ ပြင်းပြင်းထန်ထန် ကျန်းမာရေးထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ မစ္စတာဘိုဆိုနာရိုက ပြောပါတယ်။

မစ္စတာဘိုဆိုနာရိုဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် စီးပွားရေးထိခိုက်မှာစိုးတဲ့အတွက် လော့ခ်ဒေါင်း စည်းကမ်းများကို ဆန့်ကျင်သူဖြစ်ပါတယ်။

သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ဇူလိုင်၇ရက်က ရုပ်သံတွေ့ဆုံမေးမြန်းတစ်ခုမှာ ကြေညာခဲ့ပြီး အဖျားကျနေပြီဖြစ်ကာ အတော်လေးသက်သာနေပြီလို့လည်း မစ္စတာဘိုဆိုနာရိုက ပြောခဲ့ပါတယ်။

ဘရာဇီးနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူအရေအတွက် ဒုတိယအများဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် သေဆုံးသူအများဆုံးနိုင်ငံဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘရာဇီးလီးယား

Zawgyi

ဘရာဇီးသမၼတ ဘုိဆုိနာရုိ ကုိရုိနာဗုိင္းရပ္စ္ကူးစက္ခံထားရ

ဘရာဇီးလီးယား၊ ဇူလုိင္-၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘရာဇီးသမၼတဘုိဆုိနာရုိဟာ ကုိရုိနာဗုိင္းရပ္စ္ေရာဂါကူးစက္ခံထားရတာကို စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

သူဟာ ကုိယ္အပူခ်ိန္ျမင့္တက္လာျခင္းအပါအဝင္ ေရာဂါလကၡဏာေတြ ျပသလာတာေၾကာင္႔ ဇူလုိင္၆ရက္မွာ စတုတၳအၾကိမ္ ေဆးစစ္မႈခံယူခဲ႔တာျဖစ္ပါတယ္။

သမၼတ ဘုိဆုိနာရုိဟာ အဖ်ားအနည္းငယ္သာရွိတာျဖစ္ျပီး အႏၱရာယ္မရွိေၾကာင္း အၾကိမ္ၾကိမ္ေျပာဆုိကာ သူ႔မွာ ျပင္းျပင္းထန္ထန္ က်န္းမာေရးထိခိုက္မႈရိွမွာမဟုတ္ဘူးလို႔ မစၥတာဘုိဆုိနာရုိက ေျပာပါတယ္။

မစၥတာဘုိဆုိနာရုိဟာ ဗိုင္းရပ္စ္ကူးစက္မႈေတြေၾကာင္႔ စီးပြားေရးထိခိုက္မွာစိုးတဲ့အတြက္ ေလာ့ခ္ေဒါင္း စည္းကမ္းမ်ားကုိ ဆန္႔က်င္သူျဖစ္ပါတယ္။

သူ႔မွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရတယ္လို႔ ဇူလုိင္၇ရက္က ရုပ္သံေတြ႔ဆံုေမးျမန္းတစ္ခုမွာ ေၾကညာခဲ႔ျပီး အဖ်ားက်ေနျပီျဖစ္ကာ အေတာ္ေလးသက္သာေနျပီလုိ႔လည္း မစၥတာဘုိဆုိနာရုိက ေျပာခဲ့ပါတယ္။

ဘရာဇီးႏုိင္ငံဟာ ကုိရုိနာဗုိင္းရပ္စ္ေရာဂါကူးစက္ခံရသူအေရအတြက္ ဒုတိယအမ်ားဆံုးျဖစ္ျပီး ကမၻာေပၚမွာ အေမရိကန္ျပီးရင္္ ေသဆံုးသူအမ်ားဆံုးႏုိင္ငံျဖစ္ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘရာဇီးလီးယား

Related posts

Leave a Comment

VOM News

FREE
VIEW