လက်နက်ကိုင်ထိန်းချုပ်နယ်မြေထဲက ရွှေတူးဖော်မှုလုပ်ငန်းဟာ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးရမယ်

လက်နက်ကိုင်ထိန်းချုပ်နယ်မြေထဲက ရွှေတူးဖော်မှုလုပ်ငန်းဟာ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးရမယ်

ရန်ကုန် ၊ ဇူလိုင် ၈-၂၀၂၀
သိင်္ဂီ (VOM)

ဘီးလင်းမြစ်အထက်ပိုင်းက ရွှေတူးဖော်မှုလုပ်ငန်းတွေဟာ လက်နက်ကိုင်ထိန်းချုပ်နယ်မြေ ထဲမှာဖြစ်နေတာကြောင့် ငြိမ်းချမ်းရေးစကားဝိုင်းမှာသာ ဆွေးနွေးထိန်းသိမ်းရမယ့်အရာ ဖြစ်နေတယ်လို့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောဆိုလိုက်ပါတယ်။

ဘီးလင်းမြစ်ထဲက ရွှေတူးဖော်မှူကို အစိုးရကနေ တရားဝင်ခွင့်ပြုပေးထားတာမရှိကြောင်း ၊ ဒါပေမယ့်လည်း တူးဖော်မှုကတော့ အရင်ကတည်းကရှိခဲ့ပြီး အခုချိန်ထိ ပပျောက်မှုမရှိသေးပါဘူး။ လက်ရှိမှာလည်း ရွှေတူးဖော်မှူက စွန့်ပစ်မြေစာတွေနဲ့ ဘီးလင်းမြစ်ထဲမှာ ရေလှောင်ကန်တွေပြုလုပ်ထားပါတယ်။

ဒါကြောင့် ဘီးလင်းမြစ်ထဲက ရွှေတူးဖော်မှူနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးတာဝန်ရှိသူတွေ၊ငြိမ်းချမ်းရေးစကားဝိုင်းဖော်ဆောင်သူတွေနဲ့သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုက်သူတွေကို အလျက်အလက်တွေတင်ပြဖို့ လုပ်နေပါတယ်။

“လက်နက်ကိုင်ထိန်းချုပ်နယ်မြေ ၊ မြစ်အထက်ပိုင်းက ရွှေတူးတဲ့လုပ်ငန်းတွေက စွန့်ပစ်မြေစာတွေကို မြစ်ထဲစွန့်ပစ်တာ အများကြီးပါနေတယ်။ ဒါတွေဟာ အရင်ထဲကရှိပြီးသား။ ဒါပေမယ့် လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျမကိုသတင်းပေးတဲ့ပုံတွေရရှိတယ်၊ ဘီးလစ်မြစ်ကို မြေစာပုံတွေပုံပြီး ဆည်ကန်လိုဖြစ်နေတယ်၊ ဒါနဲ့ အဖွဲ့စုံသွားစစ်တယ်။ စစ်ဆေးဖို့တက်သွားတော့ မေးတော့ အဖွဲ့အစည်းတွေပိုင်တာလို့ပြောတယ်။ဒီတော့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေး ထိန်းသိမ်းရမယ့်အရာတွေဖြစ်နေတယ်။ ဒါတွေက မြို့နယ်ကဆုံးဖြတ်လို့ရတာမဟုတ်ဘူး၊ ရွှေတွင်းတွေလည်း အစိုးရကတရားဝင် ခွင့်ပြုထားတာလည်းမရှိဘူး”လို့ ဒေါ်သီရိရတနာက ပြောပါတယ်။

ရွှေတူးဖော်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိပေမယ့်လည်း လက်နက်ကိုင်ထိန်းချုပ်နယ်မြေထဲက ကိစ္စဖြစ်တာကြောင့် ဖမ်းချင်တိုင်းသွားပြီး ဖမ်းလို့ရတဲ့နေရာမဟုတ်တဲ့အတွက် ပြည်နယ်အနေနဲ့ လက်လှမ်းမမီဘူးလို့ ပြောပါတယ်။

” ဘီးလင်းမြစ် ရဲ့ အလယ်နီးပါးလောက်ရောက်အောင် မြေတွေပုံထားတာတွေ့ရတယ် ၊ ရေစီးရေလာကို အနှောက်အယှက်ဖြစ်တာပေါ့။ ပြီးတော့စိုးရိမ်ရတာက ကန်ရှိတွေရှိတော့ ရုတ်တရက်ရေကြီးခြင်းကို ဖြစ်စေမလားပေါ့”လို့ မြို့နယ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဘီးလင်းမြစ်အထက်ပိုင်းက ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့် မြစ်ဟာ လုံးဝပျက်စီးနေပြီဖြစ်ပါတယ်။ ဂေဟစနစ်တွေပျက်စီးပြီး ရေနေသတ္တဝါတွေလည်း မနေတော့သလို ရေတွေကလည်း သောက်သုံးလို့မရတော့အောင် ဖြစ်နေတယ်လို့ သိရပါတယ်။

ဘီးလင်းမြစ်ရေကို ၂၀၁၉ ခုနှစ်က ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ တိုင်းတာ စစ်ဆေးမှုတွေရအရ PH Level မှာ အချဉ်ဓာတ်များတာကြောင့် အဲ့ဒီရေကိုသောက်သုံးပါက ဝမ်းရောဂါ ဖြစ်ပွားနိုင်ကြောင်း၊ Arsenic သတ်မှတ်ချက်ကျော်တဲ့အတွက် ကြာရှည်သုံးစွဲရင်လည်း ကင်ဆာ (အရေပြား၊ ဆီးအိမ်၊ အဆုတ်)၊ နှလုံးရောဂါ ဖြစ်နိုင်ကြောင်း၊ Turbidity သတ်မှတ်ချက်ကျော်၍လည်း သောက်သုံးရေ အသုံးပြုပါက အန္တရာယ်ရှိတယ်လို့ ဓာတ်ခွဲစစ်ဆေးမှု အဖြေထွက်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဘီလင်း

Zawgyi

လက္နက္ကိုင္ထိန္းခ်ဳပ္နယ္ေျမထဲက ေ႐ႊတူးေဖာ္မႈလုပ္ငန္းဟာ ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာ ေဆြးေႏြးရမယ္

ရန္ကုန္ ၊ ဇူလိုင္ ၈-၂၀၂၀
သိဂႌ (VOM)

ဘီးလင္းျမစ္အထက္ပိုင္းက ေ႐ႊတူးေဖာ္မႈလုပ္ငန္းေတြဟာ လက္နက္ကိုင္ထိန္းခ်ဳပ္နယ္ေျမ ထဲမွာျဖစ္ေနတာေၾကာင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာသာ ေဆြးေႏြးထိန္းသိမ္းရမယ့္အရာ ျဖစ္ေနတယ္လို႔ မြန္ျပည္နယ္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသီရိရတနာက ေျပာဆိုလိုက္ပါတယ္။

ဘီးလင္းျမစ္ထဲက ေ႐ႊတူးေဖာ္မႉကို အစိုးရကေန တရားဝင္ခြင့္ျပဳေပးထားတာမရွိေၾကာင္း ၊ ဒါေပမယ့္လည္း တူးေဖာ္မႈကေတာ့ အရင္ကတည္းကရွိခဲ့ၿပီး အခုခ်ိန္ထိ ပေပ်ာက္မႈမရွိေသးပါဘူး။ လက္ရွိမွာလည္း ေ႐ႊတူးေဖာ္မႉက စြန္႔ပစ္ေျမစာေတြနဲ႔ ဘီးလင္းျမစ္ထဲမွာ ေရေလွာင္ကန္ေတြျပဳလုပ္ထားပါတယ္။

ဒါေၾကာင့္ ဘီးလင္းျမစ္ထဲက ေ႐ႊတူးေဖာ္မႉနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးတာဝန္ရွိသူေတြ၊ၿငိမ္းခ်မ္းေရးစကားဝိုင္းေဖာ္ေဆာင္သူေတြနဲ႔သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအပါအဝင္ သက္ဆိုက္သူေတြကို အလ်က္အလက္ေတြတင္ျပဖို႔ လုပ္ေနပါတယ္။

“လက္နက္ကိုင္ထိန္းခ်ဳပ္နယ္ေျမ ၊ ျမစ္အထက္ပိုင္းက ေ႐ႊတူးတဲ့လုပ္ငန္းေတြက စြန္႔ပစ္ေျမစာေတြကို ျမစ္ထဲစြန္႔ပစ္တာ အမ်ားႀကီးပါေနတယ္။ ဒါေတြဟာ အရင္ထဲကရွိၿပီးသား။ ဒါေပမယ့္ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က က်မကိုသတင္းေပးတဲ့ပုံေတြရရွိတယ္၊ ဘီးလစ္ျမစ္ကို ေျမစာပုံေတြပုံၿပီး ဆည္ကန္လိုျဖစ္ေနတယ္၊ ဒါနဲ႔ အဖြဲ႕စုံသြားစစ္တယ္။ စစ္ေဆးဖို႔တက္သြားေတာ့ ေမးေတာ့ အဖြဲ႕အစည္းေတြပိုင္တာလို႔ေျပာတယ္။ဒီေတာ့ ၿငိမ္းခ်မ္းေရးစကားဝိုင္းမွာ ေဆြးေႏြး ထိန္းသိမ္းရမယ့္အရာေတြျဖစ္ေနတယ္။ ဒါေတြက ၿမိဳ႕နယ္ကဆုံးျဖတ္လို႔ရတာမဟုတ္ဘူး၊ ေ႐ႊတြင္းေတြလည္း အစိုးရကတရားဝင္ ခြင့္ျပဳထားတာလည္းမရွိဘူး”လို႔ ေဒၚသီရိရတနာက ေျပာပါတယ္။

ေ႐ႊတူးေဖာ္ခြင့္ကို တရားဝင္ခြင့္ျပဳထားျခင္းမရွိေပမယ့္လည္း လက္နက္ကိုင္ထိန္းခ်ဳပ္နယ္ေျမထဲက ကိစၥျဖစ္တာေၾကာင့္ ဖမ္းခ်င္တိုင္းသြားၿပီး ဖမ္းလို႔ရတဲ့ေနရာမဟုတ္တဲ့အတြက္ ျပည္နယ္အေနနဲ႔ လက္လွမ္းမမီဘူးလို႔ ေျပာပါတယ္။

” ဘီးလင္းျမစ္ ရဲ႕ အလယ္နီးပါးေလာက္ေရာက္ေအာင္ ေျမေတြပုံထားတာေတြ႕ရတယ္ ၊ ေရစီးေရလာကို အေႏွာက္အယွက္ျဖစ္တာေပါ့။ ၿပီးေတာ့စိုးရိမ္ရတာက ကန္ရွိေတြရွိေတာ့ ႐ုတ္တရက္ေရႀကီးျခင္းကို ျဖစ္ေစမလားေပါ့”လို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးပိုင္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဘီးလင္းျမစ္အထက္ပိုင္းက ေ႐ႊတူးေဖာ္မႈလုပ္ငန္းေတြေၾကာင့္ ျမစ္ဟာ လုံးဝပ်က္စီးေနၿပီျဖစ္ပါတယ္။ ေဂဟစနစ္ေတြပ်က္စီးၿပီး ေရေနသတၱဝါေတြလည္း မေနေတာ့သလို ေရေတြကလည္း ေသာက္သုံးလို႔မရေတာ့ေအာင္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ဘီးလင္းျမစ္ေရကို ၂၀၁၉ ခုႏွစ္က ျပည္နယ္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနရဲ႕ တိုင္းတာ စစ္ေဆးမႈေတြရအရ PH Level မွာ အခ်ဥ္ဓာတ္မ်ားတာေၾကာင့္ အဲ့ဒီေရကိုေသာက္သုံးပါက ဝမ္းေရာဂါ ျဖစ္ပြားႏိုင္ေၾကာင္း၊ Arsenic သတ္မွတ္ခ်က္ေက်ာ္တဲ့အတြက္ ၾကာရွည္သုံးစြဲရင္လည္း ကင္ဆာ (အေရျပား၊ ဆီးအိမ္၊ အဆုတ္)၊ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေၾကာင္း၊ Turbidity သတ္မွတ္ခ်က္ေက်ာ္၍လည္း ေသာက္သုံးေရ အသုံးျပဳပါက အႏၲရာယ္ရွိတယ္လို႔ ဓာတ္ခြဲစစ္ေဆးမႈ အေျဖထြက္ထားတာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဘီလင္း

Related posts

Leave a Comment

VOM News

FREE
VIEW