အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား

အသက် ၆ နှစ်ပြည့်ပြီးသူကို Grade-1စတက်ခွင့်ပေးထား

နေပြည်‌တော်၊ ဇူလိုင် ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ အသက် ၆ နှစ်ပြည့်ပြီးသူတွေကို KGတန်း တက်ရန်မလိုဘဲ Grade-1ကို တိုက်ရိုက်တက်ရောက်ခွင့်ပေးထားပြီးဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“အသက် ၅ နှစ်ပြည့်ကလေးဟာ KGတက်ရမယ်။ တစ်ကယ်လို့အကြောင်းအမျိုးမျိုးနဲ့KG တက်ခွင့်မရတဲ့သူက အသက် ၆ နှစ်ပြည့်ပြီးရင် Grade-1 စပေးတက်တာပါ “လို့ု ဒေါက်တာတင်မောင်ဝင်းက ပြောပြပါတယ်။

မူလတန်းပညာရေးကို အသက် ၅နှစ်ပြည့်သူတိုင်း တက်ရောက်ဖို့ ပညာရေးဝန်ကြီးဌာနက နိုးဆော်နေပြီး တကယ်လို့ အကြောင်းအမျိုးမျိုးနဲ့ အသက် ၅ နှစ်ပြည့်ပြီးချိန် KG တန်းကို တက်ရောက်ခွင့်မရဘဲ အသက်(၆)နှစ်ပြည်ဖို့နီးကပ်သူနဲ့ (၆) နှစ်ပြည့်ပြီးသူကို တစ်တန်းကျော်တက်ရောက်ခွင့်ပြုမယ့် အစီအစဉ်ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာဦးစီးဌာနက ကိုဗစ်ကာလအလွန်၂၀၂၀-၂၀၂၁ ပညာသင်နှစ်က မူလတန်းအဆင့်ကျောင်းအပ်လက်ခံရေးကို ဩဂုတ်လ ပထမပတ်ခန့်က စတင်ဖို့ လုပ်ဆောင်နေပေမယ့်လည်း ပြန်လည်သုံးသပ်ပြင်ဆင်မှုလုပ်မယ်လို့လည်း ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူအချို့က ပြောဆိုထားပါတယ်။

အသက် ၅ နှစ်ကျော် ၆ နှစ်ပြည့်သွားတဲ့ကလေးဟာ Grade 1 တက်မယ်ဆိုရင် အသက်အရွယ်အရ ရှိရမယ့်ဉာဏ်ရည်သည် သင်ခန်းစာကိုလိုက်မီနိုင်တဲ့အပြင် KG တန်းကသင်ကြားမှုများသည် ကျောင်းပျော်အောင်ထားတဲ့ အနေအထားသာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

အခုလို အတန်းကျော်တက်ခွင့်ကို ကျောင်းသားကလေးငယ်ရဲ့ မွေးစားရင်း၊ အိမ်ထောင်စုစားရင်းနဲ့တိုက်ပြီး စစ်ဆေးမှုများပြုလုပ်မှာဖြစ်တဲ့အပြင် ရက်အနည်းငယ် လိုအပ်သူတွေကိုလည်း Grade 1 အဆင့်ကို တက်ရောက်ခွင့်ပေးဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပညာရေး

Zawgyi

အသက္ ၆ ႏွစ္ျပည့္ၿပီးသူကို Grade-1စတက္ခြင့္ေပးထား

ေနျပည္‌ေတာ္၊ ဇူလိုင္ ၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

အေျခခံပညာဦးစီးဌာနလက္ေအာက္ရွိ အေျခခံပညာေက်ာင္းေတြမွာ အသက္ ၆ ႏွစ္ျပည့္ၿပီးသူေတြကို KGတန္း တက္ရန္မလိုဘဲ Grade-1ကို တိုက္႐ိုက္တက္ေရာက္ခြင့္ေပးထားၿပီးျဖစ္တယ္လုိ႔ အေျခခံပညာဦးစီးဌာနမွ ဒုၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“အသက္ ၅ ႏွစ္ျပည့္ကေလးဟာ KGတက္ရမယ္။ တစ္ကယ္လို႔အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔KG တက္ခြင့္မရတဲ့သူက အသက္ ၆ ႏွစ္ျပည့္ၿပီးရင္ Grade-1 စေပးတက္တာပါ “လုိ႔ု ေဒါက္တာတင္ေမာင္ဝင္းက ေျပာျပပါတယ္။

မူလတန္းပညာေရးကို အသက္ ၅ႏွစ္ျပည့္သူတိုင္း တက္ေရာက္ဖုိ႔ ပညာေရးဝန္ႀကီးဌာနက ႏိုးေဆာ္ေနၿပီး တကယ္လို႔ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အသက္ ၅ ႏွစ္ျပည့္ၿပီးခ်ိန္ KG တန္းကို တက္ေရာက္ခြင့္မရဘဲ အသက္(၆)ႏွစ္ျပည္ဖုိ႔နီးကပ္သူနဲ႔ (၆) ႏွစ္ျပည့္ၿပီးသူကို တစ္တန္းေက်ာ္တက္ေရာက္ခြင့္ျပဳမယ့္ အစီအစဥ္ျဖစ္တယ္လုိ႔ သိရပါတယ္။

အေျခခံပညာဦးစီးဌာနက ကိုဗစ္ကာလအလြန္၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္က မူလတန္းအဆင့္ေက်ာင္းအပ္လက္ခံေရးကို ဩဂုတ္လ ပထမပတ္ခန႔္က စတင္ဖုိ႔ လုပ္ေဆာင္ေနေပမယ့္လည္း ျပန္လည္သုံးသပ္ျပင္ဆင္မႈလုပ္မယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူအခ်ိဳ႕က ေျပာဆိုထားပါတယ္။

အသက္ ၅ ႏွစ္ေက်ာ္ ၆ ႏွစ္ျပည့္သြားတဲ့ကေလးဟာ Grade 1 တက္မယ္ဆိုရင္ အသက္အ႐ြယ္အရ ရွိရမယ့္ဥာဏ္ရည္သည္ သင္ခန္းစာကိုလိုက္မီႏိုင္တဲ့အျပင္ KG တန္းကသင္ၾကားမႈမ်ားသည္ ေက်ာင္းေပ်ာ္ေအာင္ထားတဲ့ အေနအထားသာျဖစ္တယ္လုိ႔ အေျခခံပညာဦးစီးဌာနတာဝန္ရွိသူတစ္ဦးက ေျပာဆိုခဲ့ပါတယ္။

အခုလုိ အတန္းေက်ာ္တက္ခြင့္ကို ေက်ာင္းသားကေလးငယ္ရဲ႕ ေမြးစားရင္း၊ အိမ္ေထာင္စုစားရင္းနဲ႔တိုက္ၿပီး စစ္ေဆးမႈမ်ားျပဳလုပ္မွာျဖစ္တဲ့အျပင္ ရက္အနည္းငယ္ လိုအပ္သူေတြကိုလည္း Grade 1 အဆင့္ကို တက္ေရာက္ခြင့္ေပးဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။

#voiceofmyanmar #VOM #ပညာေရး

Related posts

Leave a Comment

VOM News

FREE
VIEW