ဘားအံတောင်ဝိုင်းလှေကား ကြံခိုင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ စစ်ဆေး

ဘားအံတောင်ဝိုင်းလှေကား ကြံခိုင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ စစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ တောင်ဝိုင်းတောင် လှေကားထစ်များရဲ့ ကြံ့ခိုင်မှုအခြေနေကို လူမှုကွန်ရက်စာမျက်နှာမှာ ထောက်ပြဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အဲ့ဒီလှေခါးရဲ့ ကြံ့ခိုင်မှုတွေကို ပြည်နယ်အစိုးရကစစ်ဆေးနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်သက်ကပြောပါတယ်။

“စစ်ဆေးမှုတွေပြီးရင်တော့ ဇွဲကပင်ဆရာတော်ကို လျှောက်ထားတင်ပြမှာပါ။ တစ်ကယ်လို့ ပြင်ဆင်ဖို့လိုအပ်တယ်ဆို ဆရာတော်က ဆောင်ရွက်မလား၊ ပြည်နယ်အစိုးရက လုပ်ပေးရမလားဆိုတာ မသိရသေးဘူး”လို့ ညွန်ကြားရေးမှူး ဦးကျော်သက်ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုအပေါ် ပြည်သူများစိုးရိမ်ပူပမ်မှု အနည်းငယ်လျော့ကျချိန် အခုနှစ်ဇူလိုင်လဆန်းမှစတင်ပြီး ကရင်ပြည်နယ် ဇွဲကပင်တောင်၊ ကြာအင်းတောင်နဲ့ တောင်ဝိုင်းတောင်ကို ခရီးသွားများလာရောက်လည်ပတ်မှုများခဲ့ချိန် အခုလိုမျိုး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ဝိုင်းတောင်မှာတပ်ဆင်ထားတဲ့ သံဖရိမ်လှေကားထစ်များရဲ့ ကြံ့ခိုင်မှုဟာ လာရောက်လည်ပတ်သူဦးရေနဲ့ မမျှတတဲ့အတွက် မလိုလားအပ်သော ဘေးအန္တရာယ်ဖြစ်လာမည်ကို ဒေသခံတွေကစိုးရိမ်နေကြပြီး လွန်ခဲ့တဲ့ သုံးလေးရက်က လှေခါးထောက်များ ကြံ့ခိုင်မှုအာနည်းနေတယ်ဆိုတဲ့ ဓာတ်ပုံအချို့ လူမှုကွန်ရက်မှာတက်လာပါသေးတယ်။

“မနေ့က မနက်စောစောတက်တော့ လူသိပ်မရှိဘူး။ ပြန်ဆင်းလာတော့ လူမနည်းတိုးရတယ်”လို့ ဇူလိုင်၉ ရက်နေ့က တောင်ဝိုင်းတက်ရောက်ခဲ့သူ ဒေါက်တာရဲလင်းက ပြောပါတယ်။

ဘားအံအနီးတစ်ဝိုက် ကြာအင်းတောင်၊ ဇွဲကပင်တောင်နဲ့ တောင်ဝိုင်းတောင်များဟာ ကိုဗစ်ကာလဖြစ်နေပေမယ့်လည်း လာရောက်လည်ပတ်သူများပြားနေပြီး တောင်ဝိုင်းတောင်ကိုတက်မည်ဆိုပါက မိနစ်သုံးဆယ့်သာကြာပြီး လှေခါးများဟာ သံဖရိန်တွေနဲ့သာ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

Photo – ရဲလင်း
#voiceofmyanmar #VOM #ဘားအံ

Zawgyi

ဘားအံေတာင္ဝိုင္းေလွကား ႀကံခိုင္မႈနဲ႔ပတ္သက္ၿပီး ျပည္နယ္အစိုးရ စစ္ေဆး

ေနျပည္ေတာ္၊ ဇူလိုင္ ၁၀-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္ရိွ ေတာင္ဝိုင္းေတာင္ ေလွကားထစ္မ်ားရဲ႕ ႀကံ့ခိုင္မႈအေျခေနကို လူမႈကြန္ရက္စာမ်က္ႏွာမွာ ေထာက္ျပေဝဖန္မႈမ်ား ထြက္ေပၚလာၿပီးေနာက္ပိုင္း အဲ့ဒီေလွခါးရဲ႕ ႀကံ့ခိုင္မႈေတြကို ျပည္နယ္အစိုးရကစစ္ေဆးေနတယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႈး႐ုံးမွ ၫြန္ၾကားေရးမႉး ဦးေက်ာ္သက္ကေျပာပါတယ္။

“စစ္ေဆးမႈေတြၿပီးရင္ေတာ့ ဇြဲကပင္ဆရာေတာ္ကို ေလွ်ာက္ထားတင္ျပမွာပါ။ တစ္ကယ္လို႔ ျပင္ဆင္ဖို႔လိုအပ္တယ္ဆို ဆရာေတာ္က ေဆာင္႐ြက္မလား၊ ျပည္နယ္အစိုးရက လုပ္ေပးရမလားဆိုတာ မသိရေသးဘူး”လုိ႔ ညြန္ၾကားေရးမွဴး ဦးေက်ာ္သက္ကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္မႈအေပၚ ျပည္သူမ်ားစိုးရိမ္ပူပမ္မႈ အနည္းငယ္ေလ်ာ့က်ခ်ိန္ အခုႏွစ္ဇူလိုင္လဆန္းမွစတင္ၿပီး ကရင္ျပည္နယ္ ဇြဲကပင္ေတာင္၊ ၾကာအင္းေတာင္နဲ႔ ေတာင္ဝိုင္းေတာင္ကို ခရီးသြားမ်ားလာေရာက္လည္ပတ္မႈမ်ားခဲ့ခ်ိန္ အခုလုိမ်ိဳး လာေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေတာင္ဝိုင္းေတာင္မွာတပ္ဆင္ထားတဲ့ သံဖရိမ္ေလွကားထစ္မ်ားရဲ႕ ႀကံ့ခိုင္မႈဟာ လာေရာက္လည္ပတ္သူဦးေရနဲ႔ မမွ်တတဲ့အတြက္ မလိုလားအပ္ေသာ ေဘးအႏၲရာယ္ျဖစ္လာမည္ကို ေဒသခံေတြကစိုးရိမ္ေနၾကၿပီး လြန္ခဲ့တဲ့ သုံးေလးရက္က ေလွခါးေထာက္မ်ား ႀကံ့ခိုင္မႈအာနည္းေနတယ္ဆိုတဲ့ ဓာတ္ပုံအခ်ိဳ႕ လူမႈကြန္ရက္မွာတက္လာပါေသးတယ္။

“မေန႔က မနက္ေစာေစာတက္ေတာ့ လူသိပ္မရွိဘူး။ ျပန္ဆင္းလာေတာ့ လူမနည္းတိုးရတယ္”လုိ႔ ဇူလိုင္၉ ရက္ေန႔က ေတာင္ဝိုင္းတက္ေရာက္ခဲ့သူ ေဒါက္တာရဲလင္းက ေျပာပါတယ္။

ဘားအံအနီးတစ္ဝိုက္ ၾကာအင္းေတာင္၊ ဇြဲကပင္ေတာင္နဲ႔ ေတာင္ဝိုင္းေတာင္မ်ားဟာ ကိုဗစ္ကာလျဖစ္ေနေပမယ့္လည္း လာေရာက္လည္ပတ္သူမ်ားျပားေနၿပီး ေတာင္ဝိုင္းေတာင္ကိုတက္မည္ဆိုပါက မိနစ္သုံးဆယ့္သာၾကာၿပီး ေလွခါးမ်ားဟာ သံဖရိန္ေတြနဲ႔သာ တည္ေဆာက္ထားျခင္းျဖစ္ပါတယ္။

Photo – ရဲလင္း
#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW