အငြိမ်းစား ရဲတပ်ကြပ်ကြီးနေအိမ်မှ ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေငွေလက်ဝတ်ရတနာများ အခိုးခံရ
အငြိမ်းစား ရဲတပ်ကြပ်ကြီးနေအိမ်မှ ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေငွေလက်ဝတ်ရတနာများ အခိုးခံရ
နေပြည်တော်၊ ဇူလိုင် ၉-၂၀၂၀
ကောင်းလက်ျာ(VOM)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ ဆရာစံလမ်းမှာနေထိုင်တဲ့ အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦးရဲ့နေအိမ်မှ ငွေကျပ်သိန်း(၄၀၀)ကျော်တန်ဖိုးရှိ ရွှေငွေလက်ဝတ်ရတနာများ ဖောက်ထွင်းခိုးယူခံရမှု မနေ့ဇူလိုင်လ ၉ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့မရဲစခန်းကပြောပါတယ်။
သံသယရှိသူတွေကို စစ်ဆေးမှုမျိူး မလုပ်နိုင်သေးပါဘူး။ လက်တလောမှ‌ာတော့ စုံစမ်းဆဲလို့ ပြောရမှာပါ”လို့ မြဝတီမြို့မရဲစခန်းမှ ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦးကပြောပါတယ်။
ဖြစ်စဉ်ဖြစ်တဲ့မနက်ပိုင်းက အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးတင်လေးရဲ့ နေအိမ်အပေါ်ထပ်အခန်းထဲမှာထားတဲ့ သံသေတ္တာအတွင်းကနေ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့်၊ ငွေကျပ်သိန်း ၁၆၀နဲ့ ထိုင်းဘတ်ငွေ ၃၀၀၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူခံခဲ့ရတာဖြစ်တယ်လို့ မြဝတီမြို့မရဲစခန်းကနေ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး မြဝတီမြို့မရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈၀နဲ့ အမှုဖွင့်လှစ်စစ်ဆေးဆောင် ရွက်‌နေတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #မြဝတီ
Zawgyi
ကောင်းလက်ျာ(VOM)
Related posts
Leave a Comment
VOM News
FREE
VIEW