ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေ တရုတ်နိုင်ငံကိုသွား

ဂျီနီဗာ၊ ဇူလိုင်-၁၁-၂၀၂၀
မျိုးဆက် (VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူနှစ်ဦးပါဝင်တဲ့အဖွဲ့ဟာ လူ ၅၅၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ တရုတ်နိုင်ငံကို သွားရောက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်တွေကနေ လူသားတွေဆီကိုကူးစက်ပြီးနောက် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ဈေးတစ်ခုကနေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကူးစက်မှုတွေစတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တိရိစ္ဆာန်ကျန်းမာရေးနဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်နဲ့ပတ်သက်ပြီး ရှေ့ပြေးစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေမှာရှိတဲ့ ဗိုင်းရပ်စ်တွေနဲ့ အလွန်ဆင်တူပြီး ကြားခံမျိုးစိတ်တစ်ခုခုမှတစ်ဆင့် ကူးစက်လာတာဟုတ်မဟုတ်ဆိုတာကို အားလုံးကသိချင်နေတဲ့ အဖြေဖြစ်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကျွမ်းကျင်သူနှစ်ဦးပါတဲ့အဖွဲ့ဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပေါ်လာပုံနဲ့ တိရိစ္ဆာန်ကနေ လူတွေဆီကို ရောဂါကူးစက်လာပုံကိုလေ့လာဖို့ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့ကပြောပါတယ်။

Ref & Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ရဲ႕ ဇစ္ျမစ္ကိုစံုစမ္းဖို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ ကြ်မ္းက်င္သူေတြ တရုတ္ႏုိင္ငံကိုသြား

ဂ်ီနီဗာ၊ ဇူလိုင္-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ကမၻာ႔က်န္းမာေရးအဖြဲ႔မွ ကြ်မ္းက်င္သူနွစ္ဦးပါ၀င္တဲ႔အဖြဲ႔ဟာ လူ ၅၅၀၀၀ ေက်ာ္ေသဆံုးခဲ႔ရတဲ႔ ကိုရိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈရဲ႕ မူလဇစ္ျမစ္ကို စံုစမ္းစစ္ေဆးဖို႔ တရုတ္နုိင္ငံကို သြားေရာက္ေနတယ္လို႔ ကမၻာ႔က်န္္းမာေရးအဖြဲ႔က ေျပာပါတယ္။

ဗိုင္းရပ္စ္ဟာ တိရိစာၦန္ေတြကေန လူသားေတြဆီကိုကူးစက္ျပီးေနာက္ တရုတ္နိုင္ငံအလယ္ပိုင္း ၀ူဟန္ျမိဳ႕ရိွ ေစ်းတစ္ခုကေန ျပီးခဲ႔တဲ႔နွစ္ေနွာင္းပိုင္းက ကူးစက္မႈေတြစတင္ခဲ႔တယ္လို႔ ယံုၾကည္ရပါတယ္။

ကမၻာ႔က်န္းမာေရးအဖြဲ႔မွ တိရိစာၦန္က်န္းမာေရးနဲ႔ ကူးစက္ေရာဂါဆိုင္ရာ ကြ်မ္းက်င္သူနွစ္ဦးဟာ ကိုရိုနာဗိုင္းရပ္စ္ရဲ႕ ဇစ္ျမစ္နဲ႔ပတ္သက္ျပီး ေရွ႕ေျပးစံုစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ တရုတ္ပညာရွင္ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူ မာဂရက္ဟာရစ္က ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ဟာ လင္းနို႔ေတြမွာရိွတဲ႔ ဗိုင္းရပ္စ္ေတြနဲ႔ အလြန္ဆင္တူျပီး ၾကားခံမ်ိဳးစိတ္တစ္ခုခုမွတစ္ဆင္႔ ကူးစက္လာတာဟုတ္မဟုတ္ဆိုတာကို အားလံုးကသိခ်င္ေနတဲ႔ အေျဖျဖစ္တယ္လို႔ သူက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကြ်မ္းက်င္သူနွစ္ဦးပါတဲ႔အဖြဲ႔ဟာ ဗိုင္းရပ္စ္စတင္ျဖစ္ေပၚလာပံုနဲ႔ တိရိစာၦန္ကေန လူေတြဆီကို ေရာဂါကူးစက္လာပံုကိုေလ႔လာဖို႔ တရုတ္နုိင္ငံကို ထြက္ခြာသြားျပီလို႔ ကမၻာ႔က်န္္းမာေရးအဖြဲ႔ အၾကီးအကဲ တက္ဒရို႕ကေျပာပါတယ္။

Ref & Photo: Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW