တရုတ်ကပြန်လာသူတစ်ဦး Q မဝင်ဘဲ ထွက်ပြေးနေ

တရုတ်ကပြန်လာသူတစ်ဦး Q မဝင်ဘဲ ထွက်ပြေးနေ

ပြည်၊ ဇူလိုင် ၁၁-၂၀၂၀
သိင်္ဂီ (VOM)

ပြည်မြို့မှာ တရုတ်ပြည်ကနေပြန်လာတဲ့ အမျိုးသားတစ်ဦး ကွာရန်တင်းမဝင်ဘဲ ထွက်ပြေးနေတဲ့အတွက် မြို့နယ်ထွေအုပ်အပါအဝင် တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေကြပါတယ်။

တကယ်လို့ နောက်ဆုံးမှာ ရှာဖွေမတွေ့ခဲ့ပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးက ဒုတိယဦးစီးမှူးထက်အောင်လွင်ကပြောပါတယ်။

” သူပြန်ရောက်တာက ၃ ရက်ရှိပြီ၊ သတင်းရတာကတော့ မနေ့ကမှရတယ်။ သတင်းရတော့ မနေ့က သူ့အိမ်ကိုသွားပြီး Q ဝင်ဖို့ခေါ်တော့ ထွက်ပြေးသွားတယ်။ ကာယကံရှင်နဲ့တော့ ခုထိမတွေ့မရသေးဘူး။ ဆက်လက်ပြီးလည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ သူက ပြည်ပပြန်ဆိုတာကိုတော့ တထစ်ချပြောလို့မရသေးဘူး။ ဒါပေမယ့် သတင်းက တရုတ်ပြန်လို့ရထားတယ်။ သူ့မိသားစုကတော့ မူဆယ်ပြန်လို့ပြောတယ်။ သတင်းက ဘယ်ဟာအမှန်မှန်းတော့ လက်ရှိအချိန်အထိ အတိအကျမသိသေးဘူး။” လို့ ဒုတိယဦးစီးမှူးထက်အောင်လွင်ကပြောပါတယ်။

ကွာရန်တင်းမဝင်ထွက်ပြေးတိမ်းရှောင်နေသူဟာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ငါးခူအိုင် ကျေးရွာက အသက် ၃၅ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ နေအိမ်မှာ နေထိုင်မှုနည်းသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူနေထိုင်ရာ ကျေးရွာနဲ့ ဆက်စပ်ရွာတွေကို လိုက်လံရှာဖွေမှုပြုလုပ်နေဆဲ ဖြစ်သလို သူ့မိသားစုကလည်း ကူညီရှာဖွေမှုပေးနေတဲ့အပြင် ကြောက်လန့်ပြီး ထွက်ပြေးတာမျိူးလည်းဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း တစ်တိုင်းလုံးမှာတော့ ပြည်ပကနေပြန်လာတဲ့ မြန်မာနိုင်ငံသား (၃၅၆၉)ဦးရှိရာ သူတို့ကို Facility Quarantine ၂၇၂ ခုနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်နေပြီး သံသယလူနာအဖြစ် ဆေးရုံမှာတက်ရောက်ကုသနေသူ(၁)ဦးရှိနေတယ်လို့ ဇူလိုင်လ ၁၀ ရက်နေ့ စာရင်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

တ႐ုတ္ကျပန္လာသူတစ္ဦး Q မဝင္ဘဲ ထြက္ေျပးေန

ျပည္၊ ဇူလိုင္ ၁၁-၂၀၂၀
သိဂႌ (VOM)

ျပည္ၿမိဳ႕မွာ တ႐ုတ္ျပည္ကေနျပန္လာတဲ့ အမ်ိဳးသားတစ္ဦး ကြာရန္တင္းမဝင္ဘဲ ထြက္ေျပးေနတဲ့အတြက္ ၿမိဳ႕နယ္ေထြအုပ္အပါအဝင္ တာဝန္႐ွိသူေတြက လိုက္လံ႐ွာေဖြေနၾကပါတယ္။

တကယ္လို႔ ေနာက္ဆုံးမွာ ႐ွာေဖြမေတြ႔ခဲ့ပါက ဥပေဒအတိုင္း အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ျပည္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးက ဒုတိယဦးစီးမွဴးထက္ေအာင္လြင္ကေျပာပါတယ္။

” သူျပန္ေရာက္တာက ၃ ရက္ရွိၿပီ၊ သတင္းရတာကေတာ့ မေန႔ကမွရတယ္။ သတင္းရေတာ့ မေန႔က သူ႔အိမ္ကိုသြားၿပီး Q ဝင္ဖို႔ေခၚေတာ့ ထြက္ေျပးသြားတယ္။ ကာယကံ႐ွင္နဲ႔ေတာ့ ခုထိမေတြ႔မရေသးဘူး။ ဆက္လက္ၿပီးလည္း ေဆာင္ရြက္ဆဲျဖစ္ပါတယ္။ သူက ျပည္ပျပန္ဆိုတာကိုေတာ့ တထစ္ခ်ေျပာလို႔မရေသးဘူး။ ဒါေပမယ့္ သတင္းက တ႐ုတ္ျပန္လို႔ရထားတယ္။ သူ႔မိသားစုကေတာ့ မူဆယ္ျပန္လို႔ေျပာတယ္။ သတင္းက ဘယ္ဟာအမွန္မွန္းေတာ့ လက္႐ွိအခ်ိန္အထိ အတိအက်မသိေသးဘူး။” လို႔ ဒုတိယဦးစီးမွဴးထက္ေအာင္လြင္ကေျပာပါတယ္။

ကြာရန္တင္းမဝင္ထြက္ေျပးတိမ္းေ႐ွာင္ေနသူဟာ ျပည္ၿမိဳ႕နယ္၊ ေပါင္းတလည္ၿမိဳ႕၊ ငါးခူအိုင္ ေက်းရြာက အသက္ ၃၅ ဝန္းက်င္အရြယ္႐ွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး သူဟာ ေနအိမ္မွာ ေနထိုင္မႈနည္းသူျဖစ္တယ္လို႔ သိရပါတယ္။

လက္႐ွိမွာေတာ့ သူေနထိုင္ရာ ေက်းရြာနဲ႔ ဆက္စပ္ရြာေတြကို လိုက္လံ႐ွာေဖြမႈျပဳလုပ္ေနဆဲ ျဖစ္သလို သူ႔မိသားစုကလည္း ကူညီ႐ွာေဖြမႈေပးေနတဲ့အျပင္ ေၾကာက္လန္႔ၿပီး ထြက္ေျပးတာမ်ိဴးလည္းျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

ပဲခဴးတိုင္း တစ္တိုင္းလုံးမွာေတာ့ ျပည္ပကေနျပန္လာတဲ့ ျမန္မာႏိုင္ငံသား (၃၅၆၉)ဦးရွိရာ သူတို႔ကို Facility Quarantine ၂၇၂ ခုနဲ႔ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ေနၿပီး သံသယလူနာအျဖစ္ ေဆးရုံမွာတက္ေရာက္ကုသေနသူ(၁)ဦး႐ွိေနတယ္လို႔ ဇူလိုင္လ ၁၀ ရက္ေန႔ စာရင္းေတြအရ သိရပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW