တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ချစားမှုကြောင့် ထောင်နှစ် (၂၀)ကျ

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေး အကျင့်ပျက်ချစားမှုကြောင့် ထောင်နှစ် (၂၀)ကျ

ဆိုးလ်၊ ဇူလိုင်-၁၁-၂၀၂၀
မျိုးဆက် (VOM)

တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးဟာ အကျင့်ပျက်ချစားမှု၊ အာဏာအလွဲသုံးစားမှုတို့ကြောင့် ထောင်ဒါဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရပါတယ်။

ဆိုးလ်မြို့အထူးတရားရုံးချုပ်ဟာ ပက်ဂွမ်ဟေးကို လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ် ၁၅ နှစ်အပြင် အာဏာအလွဲသုံးစားမှုကြောင့် ထောင်ဒဏ် ၅ နှစ်ကို ဇူလိုင် ၁၀ ရက်မှာ ချမှတ်လိုက်တာဖြစ်ပါတယ်။

သူမဟာ ၂၀၁၇ ခုနှစ်မှာ လွှတ်တော်အမတ်တွေက အယုံအကြည်မရှိတဲ့အဆို တင်သွင်းခဲ့ပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။

ပက်ဂွမ်ဟေးဟာ ဆမ်ဆောင်းနဲ့ လော်တီ အပါအဝင် အဓိကလုပ်ငန်းစုကြီးတွေဆီကနေ ဒေါ်လာသန်း ၅၀ ရယူဖို့ သူရဲ့လက်ထောက်တစ်ဦးနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သူမကို ထောင်ဒါဏ် ၃၅ နှစ်ချမှတ်ဖို့ အစိုးရရှေ့နေများက မေလအတွင်းက တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပက်ဂွမ်ဟေးဟာ သမ္မတစ်ဦးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်များကို ကျေပွန်ရန်ပျက်ကွက်ခဲ့ပြီး နိုင်ငံမှာ ကြီးစွာသောရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ တရားရုံးရဲ့အမိန့်မှာ ဖော်ပြထားပါတယ်။

Ref : NHK
Photo: Kim Hong-Ji
#voiceofmyanmar #VOM #ဆိုးလ်

Zawgyi

ေတာင္ကိုရီးယားသမၼတေဟာင္း ပက္ဂြမ္ေဟး အက်င္႔ပ်က္ခ်စားမႈေၾကာင္႔ ေထာင္နွစ္ (၂၀)က်

ဆိုးလ္၊ ဇူလိုင္-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္ကိုရီးယားသမၼတေဟာင္း ပက္ဂြမ္ေဟးဟာ အက်င္႔ပ်က္္ခ်စားမႈ၊ အာဏာအလြဲသံုးစားမႈတို႔ေၾကာင္႔ ေထာင္ဒါဏ္နွစ္(၂၀) ခ်မွတ္ခံလိုက္ရပါတယ္။

ဆိုးလ္ၿမိဳ႕အထူးတရားရံုးခ်ဳပ္ဟာ ပက္ဂြမ္ေဟးကို လာဘ္ေပးလာဘ္ယူမႈေၾကာင္႔ ေထာင္ဒဏ္ ၁၅ နွစ္အျပင္ အာဏာအလြဲသံုးစားမႈေၾကာင္႔ ေထာင္ဒဏ္ ၅ နွစ္ကို ဇူလိုင္ ၁၀ ရက္မွာ ခ်မွတ္လိုက္တာျဖစ္ပါတယ္။

သူမဟာ ၂၀၁၇ ခုနွစ္မွာ လႊတ္ေတာ္အမတ္ေတြက အယံုအၾကည္မရိွတဲ့အဆို တင္သြင္းခဲ႔ျပီးေနာက္ ရာထူးကေန ဖယ္ရွားခံခ႔ဲရတာျဖစ္ပါတယ္။

ပက္ဂြမ္ေဟးဟာ ဆမ္ေဆာင္းနဲ႔ ေလာ္တီ အပါအ၀င္ အဓိကလုပ္ငန္းစုႀကီးေတြဆီကေန ေဒၚလာသန္း ၅၀ ရယူဖို႔ သူရဲ႕လက္ေထာက္တစ္ဦးနဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ခဲ႔တယ္လို႔ စြပ္စြဲခံထားရပါတယ္။

သူမကို ေထာင္ဒါဏ္ ၃၅ နွစ္ခ်မွတ္ဖို႔ အစိုးရေရွ႕ေနမ်ားက ေမလအတြင္းက ေတာင္းဆိုခဲ႔ၾကတာလည္း ျဖစ္ပါတယ္။

ပက္ဂြမ္ေဟးဟာ သမၼတစ္ဦးအေနနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒဆုိင္ရာ တာ၀န္မ်ားကို ေက်ပြန္ရန္ပ်က္ကြက္ခဲ႔ျပီး နိုင္ငံမွာ ၾကီးစြာေသာရႈပ္ေထြးမႈေတြျဖစ္ေပၚခဲ႔တယ္လို႔ တရားရံုးရဲ႕အမိန္႔မွာ ေဖာ္ျပထားပါတယ္။

Ref : NHK
Photo: Kim Hong-Ji
#voiceofmyanmar #VOM #ဆိုးလ္

Related posts

Leave a Comment

VOM News

FREE
VIEW