မော်လမြိုင်ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီးထွက်ပြေး

မော်လမြိုင်ပညာရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီးထွက်ပြေး

နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်ပညာ‌ရေးကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေစဉ် ဒီကနေ့ နေ့လယ်ပိုင်းက ထွက်ပြေးပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

“မွန်းလွဲ တစ်နာရီခွဲလောက်မှာပျောက်သွားတာပါ။ ထိုင်းကပြန်ရောက်လာကတည်းက စိတ်ပုံမှန် ဟုတ်ပုံမရဘူး၊ ဆေးရုံပို့ကုသနေတုန်း ပျောက်သွားခဲ့တာပါ၊ လိုက်ရှာနေကြတယ်”လို့ ကျိုက်ဖနှဲ-၁၆ လူမှုကူညီရေးအသင်းမှ ဦးဉာဏ်စိုးဝင်းကပြောပါတယ်။

အဲ့ဒီအမျိုးသားဟာ မုဒုံမြို့နယ်ဖက်က ကျေးရွာတစ်ရွာမှာနေထိုင်တယ်လို့ သိရှိရပြီး ဇူလိုင်လ ၁၀ ရက်နေ့မနက်က မော်လမြိုင်မြို့နယ် ပညာရေးကောလိပ် ကွာရန်တင်းစခန်းမှာ စောင့်ကြည့်မှုခံယူနေစဉ် စိတ်ကျန်းမာရေးအခြေနေဆိုးရွားလာတဲ့အတွက် မော်လမြိုင်မြို့ဆေးရုံကြီးကို ပို့ဆောင်ကုသနေစဉ် ထွက်ပြေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် မနက် ၃နာရီကလည်း မော်လမြိုင်တက္ကသိုလ် ကွာရန်တင်းစခန်းမှာ စောင့်ကြည့်မှုခံယူနေတဲ့ အမျိုးသားတစ်ဦး ဆေးစစ်ဆေးမှုအပြုမခံဘဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ-Nyan Soe
#voiceofmyanmar #VOM #မော်လမြိုင်

Zawgyi

ေမာ္လၿမိဳင္ပညာေရးေကာလိပ္မွာ ကြာရန္တင္းဝင္ေနတဲ့ အမ်ိဳးသားတစ္ဦး စိတ္ေဖာက္ျပန္ၿပီးထြက္ေျပး

ေနျပည္ေတာ္၊ ဇူလိုင္ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ေမာ္လၿမိဳင္ပညာ‌ေရးေကာလိပ္မွာ ကြာရန္တင္းဝင္ေနတဲ့ အမ်ိဳးသားတစ္ဦး စိတ္ေဖာက္ျပန္ၿပီး ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနစဥ္ ဒီကေန႔ ေန႔လယ္ပိုင္းက ထြက္ေျပးေပ်ာက္ဆုံးသြားတယ္လို႔ သိရပါတယ္။

“မြန္းလြဲ တစ္နာရီခြဲေလာက္မွာေပ်ာက္သြားတာပါ။ ထိုင္းကျပန္ေရာက္လာကတည္းက စိတ္ပုံမွန္ ဟုတ္ပုံမရဘူး၊ ေဆး႐ုံပို႔ကုသေနတုန္း ေပ်ာက္သြားခဲ့တာပါ၊ လိုက္ရွာေနၾကတယ္”လုိ႔ က်ိဳက္ဖႏွဲ-၁၆ လူမႈကူညီေရးအသင္းမွ ဦးဥာဏ္စိုးဝင္းကေျပာပါတယ္။

အဲ့ဒီအမ်ိဳးသားဟာ မုဒုံၿမိဳ႕နယ္ဖက္က ေက်း႐ြာတစ္႐ြာမွာေနထုိင္တယ္လို႔ သိရွိရၿပီး ဇူလိုင္လ ၁၀ ရက္ေန႔မနက္က ေမာ္လၿမိဳင္ၿမိဳ႕နယ္ ပညာေရးေကာလိပ္ ကြာရန္တင္းစခန္းမွာ ေစာင့္ၾကည့္မႈခံယူေနစဥ္ စိတ္က်န္းမာေရးအေျခေနဆိုး႐ြားလာတဲ့အတြက္ ေမာ္လၿမိဳင္ၿမိဳ႕ေဆး႐ုံႀကီးကို ပို႔ေဆာင္ကုသေနစဥ္ ထြက္ေျပးသြားျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၁၁ ရက္ မနက္ ၃နာရီကလည္း ေမာ္လၿမိဳင္တကၠသိုလ္ ကြာရန္တင္းစခန္းမွာ ေစာင့္ၾကည့္မႈခံယူေနတဲ့ အမ်ိဳးသားတစ္ဦး ေဆးစစ္ေဆးမႈအျပဳမခံဘဲ ထြက္ေျပးတိမ္းေရွာင္သြားတဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ဓါတ္ပုံ-Nyan Soe
#voiceofmyanmar #VOM #ေမာ္လၿမိဳင္

Related posts

Leave a Comment

VOM News

FREE
VIEW