ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ

ဝှေခါမြေပြိုမှုကြောင့် မြေသားနိမ့်သွားတဲ့နေအိမ်များ ပြောင်းရွှေ့ပေးရာတွင် သဘောထားကွဲလွဲမှုရှိ

မြစ်ကြီးနား၊ ဇူလိုင် ၁၂-၂၀၂၀
ရန်အောင်ထွန်း(VOM)

ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ ဝှေခါကျေးရွာ ၊ မှော်သစ်ကုန်းရပ်ကွက်(၂)မှာ မြေပြိုမှုကြောင့် မြေသားနိမ့်ဆင်းသွားပြီး လူနေထိုင်ဖို့မသင့်တော့တဲ့ အိမ်တွေပြောင်းရွေ့တာ ၊ နစ်နာကြေးပေးတာတွေ ဆောင်ရွက်ပေးရာမှာ သဘောထားကွဲလွဲနေတယ်လို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းနဲ့ နေအိမ်ပျက်စီးသွားသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

လတ်တလောမှာ အိမ်ခြေ(၃၉)လုံးအတွက် သက်ဆိုင်ရာကုမ္ပဏီတွေက ပြောင်းရွှေ့ပေးတာ ၊ ပြင်ဆင်စရိတ်ပေးတာတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပြီး လက်ရှိမှာ မြေသားနိမ့်သွားတဲ့ နေအိမ်တွေအတွက် မှော်သစ်ကုန်းရပ်ကွက်(၅)ကို နေရာပြောင်းရွှေ့ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြေနိမ်လို့ အရေးပေါ်ပြောင်းရွှေ့ဖို့ လိုအပ်နေတဲ့ ရပ်ကွက်နေပြည်သူတွေထဲမှာလည်း နေအိမ်ပြင်ဆင် စရိတ် လာပေးပေမယ့် လက်ရှိနေရာမှာ နေလို့မရလို့ လက်ခံခြင်းမရှိတာ ၈ အိမ်လောက်ရှိနေတယ်လို့ ပြောပါတယ်။

သူတို့ဘက်ကတော့ ကုမ္ပဏီဘက်က ပေးတဲ့မြေကွက်နဲ့ ပြင်ဆင်စရိတ်ထက် နေအိမ်ကိုဈေးဖြတ်ပြီး အပြီးပေးဖို့ တောင်းဆိုမှုရှိနေတာလည်း တွေ့ရပါတယ်။

အခုလိုမြေသားနိမ့်ဆင်းသွားတဲ့ နေအိမ်တွေအတွက် ဧရာရတနာကုမ္ပဏီ၊ ၁၁၁ (တစ်သုံးလုံး)၊ ရတနာကြယ်ကုမ္ပဏီတို့က ဆောင်ရွက်ပေးတာလို့ ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းက ပြောပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Zawgyi

ေဝွခါေျမၿပိဳမႈေၾကာင့္ ေျမသားနိမ့္သြားတဲ့ေနအိမ္မ်ား ေျပာင္းေ႐ႊ႕ေပးရာတြင္ သေဘာထားကြဲလြဲမႈရွိ

ျမစ္ႀကီးနား၊ ဇူလုိင္ ၁၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ဖားကန႔္ၿမိဳ႕နယ္ ၊ ဆိပ္မူေက်း႐ြာအုပ္စု ၊ ေဝွခါေက်း႐ြာ ၊ ေမွာ္သစ္ကုန္းရပ္ကြက္(၂)မွာ ေျမၿပိဳမႈေၾကာင့္ ေျမသားနိမ့္ဆင္းသြားၿပီး လူေနထိုင္ဖို႔မသင့္ေတာ့တဲ့ အိမ္ေတြေျပာင္းေ႐ြ႕တာ ၊ နစ္နာေၾကးေပးတာေတြ ေဆာင္႐ြက္ေပးရာမွာ သေဘာထားကြဲလြဲေနတယ္လုိ႔ ေဝွခါေက်း႐ြာတာဝန္ခံ ဦးေက်ာ္မင္းနဲ႔ ေနအိမ္ပ်က္စီးသြားသူေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

လတ္တေလာမွာ အိမ္ေျခ(၃၉)လုံးအတြက္ သက္ဆိုင္ရာကုမၸဏီေတြက ေျပာင္းေ႐ႊ႕ေပးတာ ၊ ျပင္ဆင္စရိတ္ေပးတာေတြ ေဆာင္႐ြက္ေပးေနတယ္လို႔လည္း သိရၿပီး လက္ရွိမွာ ေျမသားနိမ့္သြားတဲ့ ေနအိမ္ေတြအတြက္ ေမွာ္သစ္ကုန္းရပ္ကြက္(၅)ကို ေနရာေျပာင္းေ႐ႊ႕ဖို႔ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။

ေျမနိမ္လို႔ အေရးေပၚေျပာင္းေ႐ႊ႕ဖို႔ လိုအပ္ေနတဲ့ ရပ္ကြက္ေနျပည္သူေတြထဲမွာလည္း ေနအိမ္ျပင္ဆင္ စရိတ္ လာေပးေပမယ့္ လက္ရွိေနရာမွာ ေနလို႔မရလို႔ လက္ခံျခင္းမရွိတာ ၈ အိမ္ေလာက္ရွိေနတယ္လို႔ ေျပာပါတယ္။

သူတို႔ဘက္ကေတာ့ ကုမၸဏီဘက္က ေပးတဲ့ေျမကြက္နဲ႔ ျပင္ဆင္စရိတ္ထက္ ေနအိမ္ကိုေဈးျဖတ္ၿပီး အၿပီးေပးဖို႔ ေတာင္းဆိုမႈရွိေနတာလည္း ေတြ႕ရပါတယ္။

အခုလုိေျမသားနိမ့္ဆင္းသြားတဲ့ ေနအိမ္ေတြအတြက္ ဧရာရတနာကုမၸဏီ၊ ၁၁၁ (တစ္သုံးလုံး)၊ ရတနာၾကယ္ကုမၸဏီတို႔က ေဆာင္႐ြက္ေပးတာလို႔ ေဝွခါေက်း႐ြာတာဝန္ခံ ဦးေက်ာ္မင္းက ေျပာပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔

Related posts

Leave a Comment

VOM News

FREE
VIEW