လွိုင်ကော်မှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံး၊ ဝက်ခြံများကို အသွားအလာကန့်သတ်

လွိုင်ကော်မှာ အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံး၊ ဝက်ခြံများကို အသွားအလာကန့်သတ်

နေပြည်တော်၊ ဇူလိုင် ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပီကင်း‌ကောခူကျေးရွာက ဝက်မွေးမြူရေးခြံအချို့မှာ ဇွန်လ၂၆ ရက်နေ့ကစတင်ပြီး ဝက်အပြင်းဖျားရောဂါလို့ယူဆရတဲ့ ရောဂါကြောင့် ဝက်ကောင်ရေ ၁၈၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း ဝက်ခြံများကို အသွားလာကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်ခြံတစ်ခြံထဲမှာ ဝက်ကောင်ရေ(၁၆၀)ကျော် ဖျားနာပြီးသေဆုံးတာပါ။ စုစုပေါင်း ဝက်ကောင်ရေ(၁၈၀)ကျော် သေဆုံးခဲ့တာဖြစ်ပြီး ဈေးကွက်ထဲမရောင်းချကြပါဖူး။ မြေမြုပ်ပစ်လိုက် ကြပါတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

လက်တလောမှာ ဒေသခံများတွေရဲ့ ဝက်ခြံတွေမှာ ဝက်သားပေါက်မထည့်ရဲတော့တဲ့အတွက် လက်ကျန်ဝက်တွေကိုသာ အထူးဂရုစိုက်စောင့်ကြည့်နေကြရပြီး ကုသဖို့ဆေးများလည်း ညွန်ကြားမှုမပြုတဲ့အတွက် ထပ်မံသေဆုံးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လွိုင်ကော်မြို့နယ် ပီးကင်ကောခူရွာက ဝက်တွေသေဆုံးတဲ့ကိစ္စမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ စစ်ဆေးချက်များအရ အာဖရိကဝက်အပြင်းဖျားရောဂါလို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင့် လွိုင်ကော်မြို့နယ် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစိုးညွန့်ကပြောပြပါတယ်။

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာ အပါအဝင် ကျေးရွာအချို့မှာ မေလလယ်ခန့်ကစတင်ပြီး အိမ်မွေးဝက်အချို့သေဆုံးခဲ့တဲ့ကိစ္စမှာ ဝက်အားနည်းရောဂါPorcine Circovirus Type-2(PCV-2)ကြောင့်ဖြစ်တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခုလ ဇူလိုင်(၃) ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

မေလလယ်ခန့်ကစတင်ပြီး ဒီမော့ဆိုမြို့၊ ဒေါငံရောက်ကျေးရွာမှာ ဝက်များဖျားနာသေဆုံးမှုစတင်ဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်ရှိ ကျေးရွာအချို့ကိုပါ ကူးစက်လာတာဖြစ်တဲ့အတွက် ဇွန်လ(၁၆)ရက်နေ့အထိ ဝက်ကောင်‌ရေ(၂၀၀)ခန့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဒေါငံရောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝီဇင်းရှိုကပြောပါတယ်။

လက်တစ်လော လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူရွာမှာ ကျန်းမာရေးဌာနမှ ပိုးသတ်ဆေးဖြန်းခြင်းနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေတဲ့အပြင် ဖျားနာတဲ့ဝက်ကို သတ်မစားဖို့၊ သေဆုံးတဲ့ဝက်ကို ချက်ခြင်းမြေမြုပ်ဖို့ မှာကြားနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo – AKH
#voiceofmyanmar #VOM #လွိုင်ကော်

Zawgyi

လြိဳင္ေကာ္မွာ အာဖရိကဝက္အျပင္းဖ်ားေရာဂါေၾကာင့္ ဝက္ေကာင္ေရ(၁၈၀)ေက်ာ္ ေသဆုံး၊ ဝက္ၿခံမ်ားကို အသြားအလာကန႔္သတ္

ေနျပည္ေတာ္၊ ဇူလိုင္ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပီကင္း‌ေကာခူေက်း႐ြာက ဝက္ေမြးျမဴေရးၿခံအခ်ိဳ႕မွာ ဇြန္လ၂၆ ရက္ေန႔ကစတင္ၿပီး ဝက္အျပင္းဖ်ားေရာဂါလို႔ယူဆရတဲ့ ေရာဂါေၾကာင့္ ဝက္ေကာင္ေရ ၁၈၀ ေက်ာ္ ေသဆုံးခဲ့ၿပီးေနာက္ပိုင္း ဝက္ၿခံမ်ားကို အသြားလာကန႔္သတ္ထားတယ္လုိ႔ ေဒသခံေတြဆီကေန သိရပါတယ္။

ဝက္ၿခံတစ္ၿခံထဲမွာ ဝက္ေကာင္ေရ(၁၆၀)ေက်ာ္ ဖ်ားနာၿပီးေသဆုံးတာပါ။ စုစုေပါင္း ဝက္ေကာင္ေရ(၁၈၀)ေက်ာ္ ေသဆုံးခဲ့တာျဖစ္ၿပီး ေဈးကြက္ထဲမေရာင္းခ်ၾကပါဖူး။ ေျမျမဳပ္ပစ္လိုက္ ၾကပါတယ္”လို႔ ေဒသခံ အမ်ိဳးသားတစ္ဦးကေျပာပါတယ္။

လက္တေလာမွာ ေဒသခံမ်ားေတြရဲ႕ ဝက္ၿခံေတြမွာ ဝက္သားေပါက္မထည့္ရဲေတာ့တဲ့အတြက္ လက္က်န္ဝက္ေတြကိုသာ အထူးဂ႐ုစိုက္ေစာင့္ၾကည့္ေနၾကရၿပီး ကုသဖို႔ေဆးမ်ားလည္း ၫြန္ၾကားမႈမျပဳတဲ့အတြက္ ထပ္မံေသဆုံးမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

လြိဳင္ေကာ္ၿမိဳ႕နယ္ ပီးကင္ေကာခူ႐ြာက ဝက္ေတြေသဆုံးတဲ့ကိစၥမွာ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရဲ႕ စစ္ေဆးခ်က္မ်ားအရ အာဖရိကဝက္အျပင္းဖ်ားေရာဂါလို႔ သတ္မွတ္လိုက္ၿပီျဖစ္ေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္ ‌ေမြးျမဴေရးႏွင့္ကုသေရးဦးစီးမႉး ေဒါက္တာစိုးၫြန႔္ကေျပာျပပါတယ္။

ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္၊ ေဒါငံေရာက္ေက်း႐ြာ အပါအဝင္ ေက်း႐ြာအခ်ိဳ႕မွာ ေမလလယ္ခန႔္ကစတင္ၿပီး အိမ္ေမြးဝက္အခ်ိဳ႕ေသဆုံးခဲ့တဲ့ကိစၥမွာ ဝက္အားနည္းေရာဂါPorcine Circovirus Type-2(PCV-2)ေၾကာင့္ျဖစ္တယ္လို႔ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက အခုလ ဇူလိုင္(၃) ရက္ေန႔ကထုတ္ျပန္ခဲ့ပါတယ္။

ေမလလယ္ခန႔္ကစတင္ၿပီး ဒီေမာ့ဆိုၿမိဳ႕၊ ေဒါငံေရာက္ေက်း႐ြာမွာ ဝက္မ်ားဖ်ားနာေသဆုံးမႈစတင္ျဖစ္ပြားခဲ့ၿပီး အနီးဝန္းက်င္ရွိ ေက်း႐ြာအခ်ိဳ႕ကိုပါ ကူးစက္လာတာျဖစ္တဲ့အတြက္ ဇြန္လ(၁၆)ရက္ေန႔အထိ ဝက္ေကာင္‌ေရ(၂၀၀)ခန႔္ ေသဆုံးခဲ့ျခင္းျဖစ္တယ္လို႔ ေဒါငံေရာက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဝီဇင္းရႈိကေျပာပါတယ္။

လက္တစ္ေလာ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ပီကင္းေကာခူ႐ြာမွာ က်န္းမာေရးဌာနမွ ပိုးသတ္ေဆးျဖန္းျခင္းနဲ႔ အသိပညာေပးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနတဲ့အျပင္ ဖ်ားနာတဲ့ဝက္ကို သတ္မစားဖို႔၊ ေသဆုံးတဲ့ဝက္ကို ခ်က္ျခင္းေျမျမဳပ္ဖို႔ မွာၾကားေနတယ္လို႔ ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

Photo – AKH
#voiceofmyanmar #VOM #လြိဳင္ေကာ္

Related posts

Leave a Comment

VOM News

FREE
VIEW