လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ချိန် လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့လျာထား

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၂၀
စွမ်းရဲထွဋ် (VOM)

လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်ကနေ ၁၈ ရက်နေ့အထိ လွှတ်တော်အစည်းအဝေးတွေကို ခေတ္တရပ်နားပေးဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့) နှုတ်ခွန်းဆက်စကားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

တတိယအကြိမ်၊ လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထုတ်ပြန်ချက်များအရ တတိယသက်တမ်းအတွက် ကိုယ်စားလှယ်လောင်းအမည် စာရင်းတင်သွင်းခြင်းနဲ့ စိစစ်ခြင်းဆောင်ရွက်ကြရမယ့် ရက်ကာလများဟာ ၁၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကျင်းပရမယ့် ရက်ကာလအတွင်းမှာ ပါဝင်နေကြောင်းကိုလည်း ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ သတ်မှတ်ကာလမှာတော့ လွှတ်တော်အစည်းအဝေးများကို ဆက်လက်ကျင်းပနေမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မယ့်ကာလအတွက် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ ကာလကိုတော့ လွှတ်တော်အစည်းအဝေးများ ခေတ္တရပ်နားပေးဖို့ လျာထားပါတယ်။ တတိယသက်တမ်းအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ကြမယ့် ပုဂ္ဂိုလ်များအနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထားရှိနိုင်ဖို့နဲ့ လွှတ်တေ်ာကိုယ်စားလှယ်များအားလုံးလည်း သိရှိနိုင်ဖို့ ကြိုတင်ပြော ကြားထားခြင်းဖြစ်ပါတယ်”လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

(၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားနေဆဲကာလမှာ ကျင်းပရ တာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနဲ့ ပူးပေါင်းညှိနှိုင်းပြီး လွှတ်တော်ကိုယ်စားလှယ်များအတွက် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေး၊ သွားလာနေထိုင် စားသောက်ရေးတို့ကို ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနဲ့အညီ တက်စွမ်းသမျှ ဆောင် ရွက်ထားရှိတာကိုလည်း လွှတ်တော်မှာတင်ပြခဲ့ပါတယ်။

ဒါ့အပြင် ဥပဒေကြမ်းတွေမှာပါရှိတဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ရငွေ၊ သုံးငွေတွေကို စိစစ်ကြမယ့် ပူးပေါင်း အဖွဲ့တွေ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတွေအနေနဲ့လည်း အခြေအနေအရ စိစစ်မှုကာလ လျော့ချကန့်သတ်ပေးခဲ့ရတာကိုလည်း နားလည်ပေးစေလိုကြောင်း ပြောခဲ့ပါတယ်။

ဆောင်ရွက်ဖို့ကျန်ရှိနေတဲ့ ဥပဒေကြမ်းတွေနဲ့ အခြားသော လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေကိုလည်း ဦးစားပေးအလိုက် ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ပိုမိုများပြားတဲ့ လုပ်ငန်းတာဝန်တွေကို အချိန်မီနဲ့ အောင်မြင်စွာပြီးမြောက်နိုင်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ပူပေါင်းပါဝင်မှုက အရေးကြီး တာကိုလည်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း စိစစ္ေရြးခ်ယ္ခ်ိန္ လႊတ္ေတာ္အစည္းအေဝးေတြကို ေခတၱရပ္နားေပးဖုိ႔လ်ာထား

ေနၿပည္ေတာ္၊ ဇူလုိင္ ၁၃-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းမ်ား စိစစ္ဖို႔အတြက္ ၂၀၂၀ ၿပည့္ႏွစ္ ၾသဂုတ္လ ၈ ရက္ကေန ၁၈ ရက္ေန႔အထိ လႊတ္ေတာ္အစည္းအေဝးေတြကို ေခတၱရပ္နားေပးဖုိ႔ လ်ာထားတယ္လို႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ဒီကေန႔ၿပဳလုပ္တဲ့ ဒုတိယအၾကိမ္ ၿပည္ေထာင္စုလႊတ္ေတာ္ (၁၇) ၾကိမ္ေၿမာက္ပံုမွန္အစည္းအေဝး(ပထမေန႔) ႏႈတ္ခြန္းဆက္စကားမွာ ေၿပာၾကားလိုက္တာၿဖစ္ပါတယ္။

တတိယအၾကိမ္၊ လႊတ္ေတာ္သက္တမ္းအတြက္ အေထြေထြေရြးေကာက္ပြဲဆုိင္ရာ ထုတ္ၿပန္ခ်က္မ်ားကို အားလံုးသိရွိၿပီးၿဖစ္ေၾကာင္း၊ ထုတ္ၿပန္ခ်က္မ်ားအရ တတိယသက္တမ္းအတြက္ ကုိယ္စားလွယ္ေလာင္းအမည္ စာရင္းတင္သြင္းၿခင္းနဲ႔ စိစစ္ၿခင္းေဆာင္ရြက္ၾကရမယ့္ ရက္ကာလမ်ားဟာ ၁၇ ၾကိမ္ေၿမာက္ပံုမွန္အစည္းအေဝး က်င္းပရမယ့္ ရက္ကာလအတြင္းမွာ ပါဝင္ေနေၾကာင္းကုိလည္း ေၿပာပါတယ္။

“လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းဖုိ႔ သတ္မွတ္ကာလမွာေတာ့ လႊတ္ေတာ္အစည္းအေဝးမ်ားကို ဆက္လက္က်င္းပေနမွာၿဖစ္ပါတယ္။ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း စိစစ္မယ့္ကာလအတြက္ ၂၀၂၀ ၿပည့္ႏွစ္ ၾသဂုတ္လ ၈ ရက္မွ ၁၈ ရက္ေန႔အထိ ကာလကုိေတာ့ လႊတ္ေတာ္အစည္းအေဝးမ်ား ေခတၱရပ္နားေပးဖုိ႔ လ်ာထားပါတယ္။ တတိယသက္တမ္းအတြက္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအၿဖစ္ပါဝင္ၾကမယ့္ ပုဂၢိဳလ္မ်ားအေနနဲ႔ လုိအပ္တာေတြကုိ ၿပင္ဆင္ထားရွိနုိင္ဖုိ႔နဲ႔ လႊတ္ေတ္ာကုိယ္စားလွယ္မ်ားအားလံုးလည္း သိရွိနုိင္ဖုိ႔ ၾကိဳတင္ေၿပာ ၾကားထားၿခင္းၿဖစ္ပါတယ္”လို႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ေျပာပါတယ္။

(၁၇)ၾကိမ္ေၿမာက္ပံုမွန္အစည္းအေဝးကုိ ကုိဗစ္-၁၉ကူးစက္ေရာဂါၿဖစ္ပြားေနဆဲကာလမွာ က်င္းပရ တာၿဖစ္တဲ့အတြက္ ၿပည္ေထာင္စုအစိုးရအဖြဲ႔အပါအဝင္ သက္ဆုိင္ရာဌာနအဖြဲ႔အစည္းမ်ားနဲ႔ ပူးေပါင္းညွိနိႈင္းၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအတြက္ သင့္ေတာ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈရရွိနုိင္ေရး၊ သြားလာေနထုိင္ စားေသာက္ေရးတုိ႔ကုိ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဆုိင္ရာ ညႊန္ၾကားခ်က္မ်ားနဲ႔အညီ တက္စြမ္းသမွ် ေဆာင္ ရြက္ထားရွိတာကိုလည္း လႊတ္ေတာ္မွာတင္ၿပခဲ့ပါတယ္။

ဒါ့အၿပင္ ဥပေဒၾကမ္းေတြမွာပါရွိတဲ့ စီမံကိန္းလုပ္ငန္းေတြနဲ႔ ရေငြ၊ သံုးေငြေတြကုိ စိစစ္ၾကမယ့္ ပူးေပါင္း အဖြဲ႔ေတြ၊ ဥပေဒၾကမ္းပူးေပါင္းေကာ္မတီ၊ ၿပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီေတြအေနနဲ႔လည္း အေၿခအေနအရ စိစစ္မႈကာလ ေလ်ာ့ခ်ကန္႔သတ္ေပးခဲ့ရတာကိုလည္း နားလည္ေပးေစလိုေၾကာင္း ေၿပာခဲ့ပါတယ္။

ေဆာင္ရြက္ဖုိ႔က်န္ရွိေနတဲ့ ဥပေဒၾကမ္းေတြနဲ႔ အၿခားေသာ လႊတ္ေတာ္ဆုိင္ရာလုပ္ငန္းေတြကိုလည္း ဦးစားေပးအလုိက္ ေဆာင္ရြက္သြားမွာၿဖစ္ၿပီးေတာ့ ပုိမုိမ်ားၿပားတဲ့ လုပ္ငန္းတာဝန္ေတြကို အခ်ိန္မီနဲ႔ ေအာင္ၿမင္စြာၿပီးေၿမာက္နုိင္ဖုိ႔ဆုိရင္ လႊတ္ေတာ္ကုိယ္စားလွယ္အားလံုးရဲ့ ပူေပါင္းပါဝင္မႈက အေရးၾကီး တာကိုလည္း ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ဒီကေန႔အစည္းအေဝးမွာ ထည့္သြင္းေၿပာၾကားခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW