အခြေခံပညာ အထက်တန်းအဆင့်စာသင်ကျောင်းတွေ ဒီနေ့ကစပြီး Social Distancing သက်မှတ်ချက်အတိုင်းကျောင်းအပ်လက်ခံနေ

အခြေခံပညာ အထက်တန်းအဆင့်စာသင်ကျောင်းတွေ ဒီနေ့ကစပြီး Social Distancing သက်မှတ်ချက်အတိုင်းကျောင်းအပ်လက်ခံနေ

မန္တလေး၊ ဇူလိုင် – ၁၃- ၂၀၂၀
ရှိုင်းအောင် (VOM)

အခြေခံပညာရေးအထက်တန်းအဆင့်ဖြစ်တဲ့ Grade-10 နဲ့ Grade-11 ကို ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ကစပြီး ၁၇ ရက်နေ့အထိ Social Distancing ကျောင်းအပ်လက်ခံနေတာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ကျောင်းတွေဖွင့်တော့မှာပဲ ဖြစ်ပါတယ်။

“ဖွင့်တဲ့အခါမှာ ကျန်းမာရေးဌာနကနေပြီးတော့ ညွှန်ကြားချက်နဲ့အညီ Social Distancing အရ ကလေးတွေကိုလည်း ဝင်တဲ့အခါမှာ မိဘတွေကိုရော အားလုံးကို တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အကွာကနေပြီးတော့ ဝင်ဖို့၊ Mask တွေတပ်ဖို့၊ Face shield ကတော့ ကျောင်းတွေဖွင့်တဲ့အခါမှာ တပ်ဖို့ပြောထားပါတယ်။မိဘတွေကိုလည်း ကြိုတင်ပြီးတော့ မနေ့ကနေဆွေးနွေးထားတယ်၊ ဒီနေမှာ သူတို့ကိုစပြီး လက်ခံတာဖြစ်ပါတယ်” လို့ မန္တလေး၊ အောင်မြေသာစံမြို့နယ် ၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူသန်း က ပြောပါတယ်။

#VoiceofMyanmar #VOM #ကျောင်းအပ်လက်ခံ #Education\

Zawgyi

အေျခခံပညာ အထက္တန္းအဆင့္စာသင္ေက်ာင္းေတြ ဒီေန႔ကစၿပီး Social Distancing သက္မွတ္ခ်က္အတိုင္းေက်ာင္းအပ္လက္ခံေန

မႏၲေလး၊ ဇူလိုင္ – ၁၃- ၂၀၂၀
ရႈိင္းေအာင္ (VOM)

အေျခခံပညာေရးအထက္တန္းအဆင့္ျဖစ္တဲ့ Grade-10 နဲ႔ Grade-11 ကို ဒီေန႔ ဇူလိုင္ ၁၃ ရက္ေန႔ကစၿပီး ၁၇ ရက္ေန႔အထိ Social Distancing ေက်ာင္းအပ္လက္ခံေနတာျဖစ္ၿပီး ဇူလိုင္ ၂၁ ရက္ေန႔မွာ ေက်ာင္းေတြဖြင့္ေတာ့မွာပဲ ျဖစ္ပါတယ္။

“ဖြင့္တဲ့အခါမွာ က်န္းမာေရးဌာနကေနၿပီးေတာ့ ၫႊန္ၾကားခ်က္နဲ႔အညီ Social Distancing အရ ကေလးေတြကိုလည္း ၀င္တဲ့အခါမွာ မိဘေတြကိုေရာ အားလုံးကို တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပ အကြာကေနၿပီးေတာ့ ဝင္ဖို႔၊ Mask ေတြတပ္ဖို႔၊ Face shield ကေတာ့ ေက်ာင္းေတြဖြင့္တဲ့အခါမွာ တပ္ဖို႔ေျပာထားပါတယ္။မိဘေတြကိုလည္း ႀကိဳတင္ၿပီးေတာ့ မေန႔ကေနေဆြးေႏြးထားတယ္၊ ဒီေနမွာ သူတို႔ကိုစၿပီး လက္ခံတာျဖစ္ပါတယ္” လို႔ မႏၲေလး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ၊ အမွတ္ (၄) အေျခခံပညာအထက္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚမူမူသန္း က ေျပာပါတယ္။

#VoiceofMyanmar #VOM #ေက်ာင္းအပ္လက္ခံ #Education

Related posts

Leave a Comment

VOM News

FREE
VIEW