တရုတ်နဲ့တင်းမာနေစဉ် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်ပြုလုပ်

တရုတ်နဲ့တင်းမာနေစဉ် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်ဝမ်ပြုလုပ်

တိုင်ပေ၊ ဇူလိုင်-၁၄-၂၀၂၀
မျိုးဆက် (VOM)

ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင်မှာ တရုတ်နိုင်ငံရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာပြီး တင်းမာမှုတွေရှိနေစဉ်မှာပဲ ထိုင်ဝမ်စစ်ဘက်ဟာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၃ ရက်မှာ စတင်လိုက်ပါတယ်။

တရုတ်ရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်တဲ့ပုံစံမျိုးအခြေခံထားတဲ့ အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေပါဝင်ပြီး ငါးရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုပထမနေ့မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို ဖြန့်ကြက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ဇီဝလက်နက်နဲ့ တိုက်ခိုက်နိုင်ခြေတွေနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခန်းတွေကိုလည်း ဆေးဘက်ဆိုင်ရာအဖွဲ့တွေက လုပ်ဆောင်ခဲ့ကြပါတယ်။

သမ္မတဆိုင်အင်းဝမ်ဟာ တိုင်ခွျှန်အလယ်ပိုင်းမှာပြုလုပ်မယ့်် လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ခန်းကို ဇူလိုင် ၁၆ ရက်မှာ ကြည့်ရှုညွှန်ကြားဖွယ်ရှိနေပါတယ်။

တရုတ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်အနောက်တောင်ဘက် လေကြောင်းကာကွယ်ရေးဇုန်အတွင်းကို လွန်ခဲ့တဲ့လက လေးရက်ဆက်တိုက် ခေတ္တဝင်ရောက်ပျံသန်းခဲ့ကြဖူးပါတယ်။

Ref : NHK
Photo: Taiwan military
#voiceofmyanmar #VOM #တိုင်ပေ

Zawgyi

တရုတ္နဲ႔တင္းမာေနစဥ္ အၾကီးစားစစ္ေရးေလ႔က်င္႔မႈ ထိုင္၀မ္ျပဳလုပ္

တိုင္ေပ၊ ဇူလိုင္-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္၀မ္ကြ်န္းပတ္၀န္းက်င္မွာ တရုတ္နုိင္ငံရဲ႕စစ္ေရးလႈပ္ရွားမႈေတြ တိုးျမင္႔လာျပီး တင္းမာမႈေတြရိွေနစဥ္မွာပဲ ထိုင္၀မ္စစ္ဘက္ဟာ အၾကီးစားစစ္ေရးေလ႔က်င္႔မႈကို ဇူလိုင္ ၁၃ ရက္မွာ စတင္လိုက္ပါတယ္။

တရုတ္ရဲ႕ စစ္ေရးက်ဴးေက်ာ္မႈကို တံု႕ျပန္တဲ႔ပံုစံမ်ိဳးအေျခခံထားတဲ႔ အဲ့ဒီစစ္ေရးေလ႔က်င္႔မႈမွာ ၾကည္း၊ ေရ၊ ေလ တပ္ဖြဲ႔၀င္ေတြပါ၀င္ျပီး ငါးရက္ၾကာျပဳလုပ္သြားမွာျဖစ္ပါတယ္။

စစ္ေရးေလ႔က်င္႔မႈပထမေန႔မွာ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ေတြကို ျဖန္႔ၾကက္ခဲ႔တယ္လို႔ ထိုင္၀မ္ကာကြယ္ေရးတာ၀န္ရိွသူေတြက ေျပာပါတယ္။

ဒါ႔အျပင္ ဇီ၀လက္နက္နဲ႔ တိုက္ခိုက္နိုင္ေျခေတြနဲ႔ပတ္သက္ျပီး ကယ္ဆယ္ေရးေလ႔က်င္႔ခန္းေတြကိုလည္း ေဆးဘက္ဆိုင္ရာအဖြဲ႔ေတြက လုပ္ေဆာင္ခဲ႔ၾကပါတယ္။

သမၼတဆိုင္အင္း၀မ္ဟာ တိုင္ခႊ်န္အလယ္ပိုင္းမွာျပဳလုပ္မယ္္႔ လက္ေတြ႔ပစ္ခတ္မႈေလ႔က်င္႔ခန္းကို ဇူလိုင္ ၁၆ ရက္မွာ ၾကည္႔ရႈညႊန္ၾကားဖြယ္ရွိေနပါတယ္။

တရုတ္တိုက္ေလယာဥ္ေတြဟာ ထိုင္၀မ္အေနာက္ေတာင္ဘက္ ေလေၾကာင္းကာကြယ္ေရးဇုန္အတြင္းကို လြန္ခဲ႔တဲ႔လက ေလးရက္ဆက္တိုက္ ေခတၱ၀င္ေရာက္ပ်ံသန္းခဲ႔ၾကဖူးပါတယ္။

Ref : NHK
Photo: Taiwan military
#voiceofmyanmar #VOM #တိုင္ေပ

Related posts

Leave a Comment

VOM News

FREE
VIEW