ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာ၊ဆရာမ တစ်ဦးမှမရှိတဲ့ မူလတန်းကျောင်းတွေရှိလာ

ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာ၊ဆရာမ တစ်ဦးမှမရှိတဲ့ မူလတန်းကျောင်းတွေရှိလာ

ရန်ကုန်၊ ဇူလိုင် ၁၅-၂၀၂၀
စွဲ့ဝတီ(VOM)

ဘိုကလေးမြို့နယ်အတွင်းမှာ ရာထူးပြောင်း/ရာထူးတိုး/အပြောင်း/အသစ်ခန့် Order တွေ ထွက်ပြီးတဲ့နောက်မှာ ဆရာတစ်ဦးမှ မကျန်ရှိတော့တဲ့ မူလတန်းကျောင်းတွေ ရှိလာတယ်လို့ အဲ့ဒီဒေသက ဆရာ၊ဆရာမတွေကပြောပါတယ်။

“ဆရာတွေမရှိတော့တာက ကျေးရွာအနေနဲ့ကတော့ အကုန်ကောင်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ ပြီးတော့ ကျေးရွာက ပညာတတ်မထွက်တော့ ဆရာ၊ဆရာမလုပ်မယ့်သူ မရှိတာပေါ့။ ကျွန်တော်ဆိုရင် မနှစ်ကမှ ပြန်ပြောင်းလာတာ အကုန်လုံးအဆင်ပြေတယ်။ သွားရေးလာရေး ခက်ခဲတယ်။ အဲ့မှာ ကျွန်တော် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ကျစဉ်တုန်းက နှစ်ယောက်ရှိတာပေါ့။ ကျွန်တော်ပြောင်းသွားတော့ အဲ့မှာ ဆရာမတစ်ယောက်ကျန်ခဲ့တယ်။ အဲ့ဆရာမက ဒီနှစ်ပြောင်းရွေ့ပါသွားတော့ အသစ်ခန့်ထားတာ ပြန်မကျဘူးနဲ့ တူပါတယ်။ ပြောင်းရွေ့တွေကလည်း တင်ပြီးတော့ လျှောက်တာမရှိတော့။ ဝန်ထမ်းအင်အားက လုံးဝမရှိဖြစ်သွားတာပေါ့”လို့ ဆရာတစ်ဦးမှမရှိတော့တဲ့ ဘိုကလေးမြို့နယ် ကျွန်းသာယာအုပ်စု၊ မူ/လွန် ကြက်ပြေးကျောင်းမှာ သုံးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မူလတန်းပြ ဆရာမျိုးမင်းဦးကပြောပါတယ်။

ဘိုကလေးမြို့နယ်အတွင်းမှာ ဆရာတစ်ဦးမှ မရှိတော့တဲ့ ကျောင်းတွေအနေနဲ့ စာရင်းကောက်ခံထားတာမှာ ခုနှစ်ကျောင်းရှိနေပြီးတော့ အဲ့ဒီကျောင်းတွေကတော့ မူ/လွန် ကြက်ပြေး၊ အ.မ.က လမုအုပ်၊ အ.မ.က ပွတ်လုံးတိုင်၊ အ.မ.က ခါချဉ်ကျွန်း ၊ အ.မ.က ထိပ်ချောင်း၊ အ.မ.က ကြက်တညင်၊ မ(ခွဲ)ပေါင်းတည်လေး တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာမျိုးမင်းဦးက ဆက်ပြီးပြောပြတာက “အဲ့ဒီကျောင်းမှာ ကျောင်းသားကျောင်းသူက ၁၃၀လောက်ရှိတယ်။ ကျောင်းကော်မတီက ပညာရေးမှူးနဲ့ တက်တွေ့တော့ ပညာရေးမှူးက ပိတ်ရတဲ့အဆင့်အထိတော့ မထားဘူး။ မဖြစ်ဖြစ်အောင် တစ်ယောက်တော့ လုပ်ပေးမယ်လို့ ပြောထားတယ်။ ကျေးရွာကနေငှားပြီးတော့ သင်ရမယ့်အနေအထား ဖြစ်သွားတာပေါ့။ ဆရာ၊ဆရာမ မရှိတာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ဖြစ်တယ်လို့ ထင်ပါတယ်။ ကျန်တာက အကုန်အဆင်ပြေတယ်။ နေရေးထိုင်ရေးကအစပေါ့ ။ ဘိုကလေးကိုလာဖို့အတွက် မော်ကျွန်းကနေ တဆင့်လာရတယ်ဆိုတော့ နှစ်ဆင့်လာရတော့ တနေကုန်သွားရတာပေါ့။ မြို့ထဲရောက်ဖို့အတွက်။ အဲ့ဒီလိုဖြစ်တာပေါ့”လို့ ပြောပါတယ်။

အဲ့ဒီကျောင်းတွေမှာ စေတနာထား ပြောင်းရွေ့တာဝန်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ လိုချင်တယ်လို့ ဖိတ်ခေါ်ထားတာတွေရှိပြီးတော့ ဝန်ထမ်းတွေအတွက် နေရေးစားရေး အဆင်ပြေအောင် ဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင် စေတနာ့ဝန်ထမ်းတွေအတွက် လစာအဆင်ပြေအောင် ညှိုနှိုင်းပေးမယ်လို့လည်း သိရပါတယ်။

Photo – Myo Min Oo
#voiceofmyanmar #VOM #ဘိုကလေး

Zawgyi

ဘိုကေလးၿမိဳ႕နယ္အတြင္းမွာ ဆရာ၊ဆရာမ တစ္ဦးမွမရွိတဲ့ မူလတန္းေက်ာင္းေတြရွိလာ

ရန္ကုန္၊ ဇူလိုင္ ၁၅-၂၀၂၀
စြဲ႕၀တီ(VOM)

ဘိုကေလးၿမိဳ႕နယ္အတြင္းမွာ ရာထူးေျပာင္း/ရာထူးတိုး/အေျပာင္း/အသစ္ခန႔္ Order ေတြ ထြက္ၿပီးတဲ့ေနာက္မွာ ဆရာတစ္ဦးမွ မက်န္ရွိေတာ့တဲ့ မူလတန္းေက်ာင္းေတြ ရွိလာတယ္လို႔ အဲ့ဒီေဒသက ဆရာ၊ဆရာမေတြကေျပာပါတယ္။

“ဆရာေတြမရွိေတာ့တာက ေက်း႐ြာအေနနဲ႔ကေတာ့ အကုန္ေကာင္းပါတယ္။ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတယ္။ ၿပီးေတာ့ ေက်း႐ြာက ပညာတတ္မထြက္ေတာ့ ဆရာ၊ဆရာမလုပ္မယ့္သူ မရွိတာေပါ့။ ကြၽန္ေတာ္ဆိုရင္ မႏွစ္ကမွ ျပန္ေျပာင္းလာတာ အကုန္လုံးအဆင္ေျပတယ္။ သြားေရးလာေရး ခက္ခဲတယ္။ အဲ့မွာ ကြၽန္ေတာ္ သုံးႏွစ္တာဝန္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တာဝန္က်စဥ္တုန္းက ႏွစ္ေယာက္ရွိတာေပါ့။ ကြၽန္ေတာ္ေျပာင္းသြားေတာ့ အဲ့မွာ ဆရာမတစ္ေယာက္က်န္ခဲ့တယ္။ အဲ့ဆရာမက ဒီႏွစ္ေျပာင္းေ႐ြ႕ပါသြားေတာ့ အသစ္ခန႔္ထားတာ ျပန္မက်ဘူးနဲ႔ တူပါတယ္။ ေျပာင္းေ႐ြ႕ေတြကလည္း တင္ၿပီးေတာ့ ေလွ်ာက္တာမရွိေတာ့။ ဝန္ထမ္းအင္အားက လုံး၀မရွိျဖစ္သြားတာေပါ့”လို႔ ဆရာတစ္ဦးမွမရွိေတာ့တဲ့ ဘိုကေလးၿမိဳ႕နယ္ ကြၽန္းသာယာအုပ္စု၊ မူ/လြန္ ၾကက္ေျပးေက်ာင္းမွာ သုံးႏွစ္တာ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ မူလတန္းျပ ဆရာမ်ိဳးမင္းဦးကေျပာပါတယ္။

ဘိုကေလးၿမိဳ႕နယ္အတြင္းမွာ ဆရာတစ္ဦးမွ မရွိေတာ့တဲ့ ေက်ာင္းေတြအေနနဲ႔ စာရင္းေကာက္ခံထားတာမွာ ခုႏွစ္ေက်ာင္းရွိေနၿပီးေတာ့ အဲ့ဒီေက်ာင္းေတြကေတာ့ မူ/လြန္ ၾကက္ေျပး၊ အ.မ.က လမုအုပ္၊ အ.မ.က ပြတ္လုံးတိုင္၊ အ.မ.က ခါခ်ဥ္ကြၽန္း ၊ အ.မ.က ထိပ္ေခ်ာင္း၊ အ.မ.က ၾကက္တညင္၊ မ(ခြဲ)ေပါင္းတည္ေလး တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ဆရာမ်ိဳးမင္းဦးက ဆက္ၿပီးေျပာျပတာက “အဲ့ဒီေက်ာင္းမွာ ေက်ာင္းသားေက်ာင္းသူက ၁၃၀ေလာက္ရွိတယ္။ ေက်ာင္းေကာ္မတီက ပညာေရးမႉးနဲ႔ တက္ေတြ႕ေတာ့ ပညာေရးမႉးက ပိတ္ရတဲ့အဆင့္အထိေတာ့ မထားဘူး။ မျဖစ္ျဖစ္ေအာင္ တစ္ေယာက္ေတာ့ လုပ္ေပးမယ္လို႔ ေျပာထားတယ္။ ေက်း႐ြာကေနငွားၿပီးေတာ့ သင္ရမယ့္အေနအထား ျဖစ္သြားတာေပါ့။ ဆရာ၊ဆရာမ မရွိတာကေတာ့ လမ္းပန္းဆက္သြယ္ေရး ခက္ခဲလို႔ျဖစ္တယ္လို႔ ထင္ပါတယ္။ က်န္တာက အကုန္အဆင္ေျပတယ္။ ေနေရးထိုင္ေရးကအစေပါ့ ။ ဘိုကေလးကိုလာဖို႔အတြက္ ေမာ္ကြၽန္းကေန တဆင့္လာရတယ္ဆိုေတာ့ ႏွစ္ဆင့္လာရေတာ့ တေနကုန္သြားရတာေပါ့။ ၿမိဳ႕ထဲေရာက္ဖို႔အတြက္။ အဲ့ဒီလိုျဖစ္တာေပါ့”လို႔ ေျပာပါတယ္။

အဲ့ဒီေက်ာင္းေတြမွာ ေစတနာထား ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္လိုတဲ့ ဝန္ထမ္းေတြ ေစတနာ့ဝန္ထမ္းေတြ လိုခ်င္တယ္လို႔ ဖိတ္ေခၚထားတာေတြရွိၿပီးေတာ့ ဝန္ထမ္းေတြအတြက္ ေနေရးစားေရး အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးမွာျဖစ္တဲ့အျပင္ ေစတနာ့ဝန္ထမ္းေတြအတြက္ လစာအဆင္ေျပေအာင္ ညႇိဳႏႈိင္းေပးမယ္လို႔လည္း သိရပါတယ္။

Photo – Myo Min Oo
#voiceofmyanmar #VOM #ဘိုကေလး

Related posts

Leave a Comment

VOM News

FREE
VIEW