တရုတ်နိုင်ငံမှာ လူဦးရေ(၃၈)သန်းနီးပါး ရေဘေးသင့်နေ

တရုတ်နိုင်ငံမှာ လူဦးရေ(၃၈)သန်းနီးပါး ရေဘေးသင့်နေ

ပေကျင်း၊ ဇူလိုင်-၁၄-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ယန်ဇီမြစ်တစ်လျှောက် ရေကြီးရေလျှံဖြစ်ပွားမှု တွေဖြစ်ပွားတာကြောင့် လူ(၁၄၁)ဦးသေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး လူ ၃၈ သန်းနီးပါး ရေဘေးသင့်နေတယ်ပါတယ်။

ပြီးခဲ့တဲ့လကစတင်ခဲ့တဲ့ ဆိုးရွားတဲ့ရာသီဥတုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အဓိကအားဖြင့် ဟူဘေးပြည်နယ်နဲ့ ကျန်ဇီပြည်နယ်တို့မှာ အများဆုံးထိခိုက်မှုဖြစ်နေပါတယ်။

ရေဘေးကြောင့် လူပေါင်း ၂ ဒသမ ၂ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး နေအိမ်နဲ့ အဆောက်အဦ ၂၈၀၀၀ ပျက်စီးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။

ယန်ဇီမြစ်တစ်လျှောက်ရှိ မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းပိုင်းရှိ ဆည်တွေနဲ့ရေကန်တွေမှာလည်း ရေပမာဏမြင့်တက်နေနေပြီး အခြေအနေကို စောင့်ကြည့်ကာကွယ်ဖို့ စစ်တပ်ကို ဖြန့်ကြက်ထား ရတယ်လို့ သိရပါတယ်။

ရေဘေးသင့်အခြေအနေကို စောင့်ကြည့်လေ့လာရေးနဲ့ ကယ်ဆယ်ရေးအားထုတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ဒေသခံအာဏာပိုင်တွေကို သမ္မတရှီကျင်းပင်က ဇူလိုင် ၁၂ ရက်မှာ တိုက်တွန်းထားပါတယ်။

Ref : NHK
Photo: Xinhua/ News.CN
#voiceofmyanmar #VOM #ပေကျင်း

Zawgyi

 

တရုတ္နိုင္ငံမွာ လူဦးေရ(၃၈)သန္းနီးပါး ေရေဘးသင္႔ေန

ေပက်င္း၊ ဇူလိုင္-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံမွာ မိုးသည္းထန္စြာရြာသြန္းျပီး ယန္ဇီျမစ္တစ္ေလွ်ာက္ ေရၾကီးေရလွ်ံျဖစ္ပြားမႈ ေတြျဖစ္ပြားတာေၾကာင္႔ လူ(၁၄၁)ဦးေသဆံုး သို႔မဟုတ္ ေပ်ာက္ဆံုးေနျပီး လူ ၃၈ သန္းနီးပါး ေရေဘးသင္႔ေနတယ္ပါတယ္။

ျပီးခဲ႔တဲ႔လကစတင္ခဲ႔တဲ႔ ဆိုးရြားတဲ့ရာသီဥတုေၾကာင္႔ ေရၾကီးေရလွ်ံမႈနဲ႔ ေျမျပိဳမႈမ်ားျဖစ္ပြားခဲ႔ျပီး အဓိကအားျဖင္႔ ဟူေဘးျပည္နယ္နဲ႔ က်န္ဇီျပည္နယ္တို႔မွာ အမ်ားဆံုးထိခိုက္မႈျဖစ္ေနပါတယ္။

ေရေဘးေၾကာင္႔ လူေပါင္း ၂ ဒသမ ၂ သန္းကို ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္းေပးထားျပီး ေနအိမ္နဲ႔ အေဆာက္အဦ ၂၈၀၀၀ ပ်က္စီးခဲ႔တယ္လို႔ တရုတ္နုိင္ငံပိုင္ စီစီတီဗီသတင္းဌာနက ေဖာ္ျပထားပါတယ္။

ယန္ဇီျမစ္တစ္ေလွ်ာက္ရိွ ျမစ္လယ္ပိုင္းနဲ႔ ျမစ္ေအာက္ပိုင္းပိုင္းရိွ ဆည္ေတြနဲ႔ေရကန္ေတြမွာလည္း ေရပမာဏျမင္႔တက္ေနေနျပီး အေျခအေနကို ေစာင္႔ၾကည္႔ကာကြယ္ဖို႔ စစ္တပ္ကို ျဖန္႔ၾကက္ထား ရတယ္လို႔ သိရပါတယ္။

ေရေဘးသင္႔အေျခအေနကို ေစာင္႔ၾကည္႔ေလ႔လာေရးနဲ႔ ကယ္ဆယ္ေရးအားထုတ္မႈေတြကို အရိွန္ျမွင္႔လုပ္ေဆာင္ဖို႔ ေဒသခံအာဏာပိုင္ေတြကို သမၼတရိွီက်င္းပင္က ဇူလို္င္ ၁၂ ရက္မွာ တိုက္တြန္းထားပါတယ္။

Ref : NHK
Photo: Xinhua/ News.CN
#voiceofmyanmar #VOM #ေပက်င္း

Related posts

Leave a Comment

VOM News

FREE
VIEW