တပ်မတော်နဲ့ RCSSအဖွဲ့တို့တိုက်ပွဲဖြစ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေ

တပ်မတော်နဲ့ RCSSအဖွဲ့တို့တိုက်ပွဲဖြစ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေ

ကျောက်မဲ၊ ဇူလိုင် ၁၅-၂၀၂၀
Voice Of Myanmar

ကျောက်မဲမြို့နဲ့ မိုင်၃၀လောက်ကွာတဲ့ ပိုင်ကျန်နားက တောစပ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ RCSS(ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်/တောင်ပိုင်းတပ်ဖွဲ့)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့မှာ ဇွန်လ(၂၉)ရက်‌နေ့က တပ်မတော်ကနေ ရှမ်းအမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီးသေဆုံးခဲ့တဲ့အပြင် အမျိုးသမီး(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရခဲ့တဲ့ ကိစ္စကို လူပေါင်းထောင်ချီပြီးတော့ ဆန္ဒပြခဲ့ပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပြီး သွားရောက်စစ်ဆေးရာမှာ တိုက်ပွဲကြောင့်မို့ စစ်ဆေးရေးအဖွဲ့တွေပိတ်မိနေတာ ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဒေသခံတစ်ဦးပြောတာက”ကျောက်မဲနဲ့ မိုင်၃၀လောက်ကွာတဲ့ ပိုင်ကျန်နားက တောစပ်မှာ အာစီအက်စ်အက်စ်နဲ့ တပ်မတော် တိုက်ပွဲဖြစ်နေလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပိတ်မိနေပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့က တချို့ပါဝင်တယ်၊ နားလည်မှုလွဲ တိုင်ပင်မှုမရှိ ပွင့်လင်းမြင်သာမှုမရှိတာလို့မြင်တယ်။ကယ်ဆယ်ရေးတွေလည်း သွားလို့မရသေးဘူး စောင့်နေပါတယ်”လို့ပြောပါတယ်။

ဒီလိုလူသေမှုကိစ္စကြောင့် ကျောက်မဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၀)ရက်နေ့က ‌ဆန္ဒပြမှုပြုလုပ်ခဲ့ပြီး ဆန္ဒပြရာမှ ဦးဆောင်ခဲ့သူ (၃)ဦးကိုလည်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့နဲ့ တပ်မတော်က‌ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ကိစ္စကို အတည်ပြုနိုင်ဖို့အတွက် တပ်မတော်နဲ့ RCSSအဖွဲ့ကို ဆက်သွယ်စုံစမ်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

#voiceofmyanmar #VOM #ကျောက်မဲ

Zawgyi

တပ္မေတာ္နဲ႔ RCSSအဖြဲ႕တို႔တိုက္ပြဲျဖစ္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြပိတ္မိေန

ေက်ာက္မဲ၊ ဇူလိုင္ ၁၅-၂၀၂၀
Voice Of Myanmar

ေက်ာက္မဲၿမိဳ႕နဲ႔ မိုင္၃၀ေလာက္ကြာတဲ့ ပိုင္က်န္နားက ေတာစပ္မွာ ဒီကေန႔ ေန႔လယ္ပိုင္းက တပ္မေတာ္စုံစမ္းစစ္ေဆးေရးအဖြဲ႕နဲ႔ RCSS(ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ ရွမ္းျပည္တပ္မေတာ္/ေတာင္ပိုင္းတပ္ဖြဲ႕)တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေက်ာက္မဲၿမိဳ႕မွာ ဇြန္လ(၂၉)ရက္‌ေန႔က တပ္မေတာ္ကေန ရွမ္းအမ်ိဳးသားတစ္ဦးကို အေၾကာင္းမဲ့ပစ္ခတ္ခဲ့ၿပီးေသဆုံးခဲ့တဲ့အျပင္ အမ်ိဳးသမီး(၃)ဦးလည္း ထိခိုက္ဒဏ္ရာရရခဲ့တဲ့ ကိစၥကို လူေပါင္းေထာင္ခ်ီၿပီးေတာ့ ဆႏၵျပခဲ့ပါတယ္။

ဒီကိစၥကို စုံစမ္းစစ္ေဆးေကာ္မတီဖြဲ႕ၿပီး သြားေရာက္စစ္ေဆးရာမွာ တိုက္ပြဲေၾကာင့္မို႔ စစ္ေဆးေရးအဖြဲ႕ေတြပိတ္မိေနတာ ျဖစ္ပါတယ္။

ရွမ္းျပည္ေတာင္ပိုင္း ေဒသခံတစ္ဦးေျပာတာက”ေက်ာက္မဲနဲ႔ မိုင္၃၀ေလာက္ကြာတဲ့ ပိုင္က်န္နားက ေတာစပ္မွာ အာစီအက္စ္အက္စ္နဲ႔ တပ္မေတာ္ တိုက္ပြဲျဖစ္ေနလို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြပိတ္မိေနပါတယ္။ ဗ်ဴဟာမႉး ဗိုလ္မႉးႀကီးတစ္ဦး၊ ေထြအုပ္ဝန္ထမ္းေတြနဲ႔ ရဲတပ္ဖြဲ႕က တခ်ိဳ႕ပါဝင္တယ္၊ နားလည္မႈလြဲ တိုင္ပင္မႈမရွိ ပြင့္လင္းျမင္သာမႈမရွိတာလို႔ျမင္တယ္။ကယ္ဆယ္ေရးေတြလည္း သြားလို႔မရေသးဘူး ေစာင့္ေနပါတယ္”လို႔ေျပာပါတယ္။

ဒီလိုလူေသမႈကိစၥေၾကာင့္ ေက်ာက္မဲၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ဇူလိုင္လ(၁၀)ရက္ေန႔က ‌ဆႏၵျပမႈျပဳလုပ္ခဲ့ၿပီး ဆႏၵျပရာမွ ဦးေဆာင္ခဲ့သူ (၃)ဦးကိုလည္း ၿငိမ္းခ်မ္းစြာစုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ(၁၉)၊ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ(၁၈)တို႔နဲ႔ တပ္မေတာ္က‌ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

တိုက္ပြဲျဖစ္တဲ့ကိစၥကို အတည္ျပဳႏိုင္ဖို႔အတြက္ တပ္မေတာ္နဲ႔ RCSSအဖြဲ႕ကို ဆက္သြယ္စုံစမ္းေနေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။

#voiceofmyanmar #VOM #ေက်ာက္မဲ

Related posts

Leave a Comment

VOM News

FREE
VIEW