ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း အတည်မဟုတ်သေး

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း အတည်မဟုတ်သေး

နေပြည်တော်၊ ဇူလိုင် ၁၄-၂၀၂၀
စွမ်းရဲထွဋ် (VOM)

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ ဥတ္တရသီရိမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း နဲ့ ပက်သက်ပြီး မသိရှိရသေးဘူးလို့ NLD ရဲ့ ဗဟို ပြန်ကြားရေးကော်မတီအတွင်းရေးမှုး မုံရွာအောင်ရှင်က VOM ကို ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။

“အဲ့ဒါက ကျနော်မသိဘူးဗျ။ တစ်ချို့ဟာတွေကို သိပ်တော့ အတည်ကြီးတော့ မယူကြနဲ့ဦးနော်။ ဘာကြောင့်လဲဆိုတော့ အခုထိ ကျနော်တို့တော့ မသိသေးဘူး။ အဲ့ဒီကိစ္စကိုသိတာက ဥပမာဆိုပါစို့ သမ္မတကြီးဆိုရင် တာမွေမြို့နယ်က ပြိုင်မယ်ဆိုတဲ့ စာရင်းရှိတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိတယ်လေ။ ဒေါ်စုတော့ ကျနော်တို့မသိဘူး။ ဒေါ်စု ဘယ်ကပြိုင်မယ်၊ ဘာညာ အခုထိတော့ မသိရသေးဘူး။ ”လို့ မုံရွာအောင်ရှင်ကပြောပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းက စတင်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်က ဝန်ထမ်းတွေနေထိုင်တဲ့ ဥတ္တရသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ပို့စ်တွေ ရေးသားလာသလို၊ သတင်းစာအယောင်စောင် စာမျက်နှာတစ်ခုလည်း ပျံနှံ့လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသတင်းတွေဟာ ဒီကနေ့မွန်းလွဲပိုင်အချိန်အထိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကောလဟ လသတင်းအဖြစ် ပျံနှံနေဆဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး VOM ရဲ့ မေမြန်းမှုမှာ အတည်မယူကြဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္ ေနၿပည္ေတာ္၊ ဥတၱရသီရိမဲဆႏၵနယ္က ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုတဲ့ သတင္း အတည္မဟုတ္ေသး

ေနၿပည္ေတာ္၊ ဇူလုိင္ ၁၄-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

ေဒၚေအာင္ဆန္းစုၾကည္ ေနၿပည္ေတာ္၊ ဥတၱရသီရိမဲဆႏၵနယ္က ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုတဲ့ သတင္း နဲ႔ ပက္သက္ၿပီး မသိရွိိရေသးဘူးလုိ႔ NLD ရဲ့ ဗဟုိ ၿပန္ၾကားေရးေကာ္မတီအတြင္းေရးမႈး မံုရြာေအာင္ရွင္က VOM ကုိ ဒီကေန႔မနက္ပုိင္းမွာ ေၿပာပါတယ္။

“အဲ့ဒါက က်ေနာ္မသိဘူးဗ်။ တစ္ခ်ိဳ႕ဟာေတြကုိ သိပ္ေတာ့ အတည္ၾကီးေတာ့ မယူၾကနဲ႔ဦးေနာ္။ ဘာေၾကာင့္လဲဆုိေတာ့ အခုထိ က်ေနာ္တို႔ေတာ့ မသိေသးဘူး။ အဲ့ဒီကိစၥကုိသိတာက ဥပမာဆုိပါစုိ႔ သမၼတၾကီးဆိုရင္ တာေမြၿမိဳ႕နယ္က ၿပိဳင္မယ္ဆိုတဲ့ စာရင္းရွိတယ္ဆိုတာေလာက္ပဲ က်ေနာ္တုိ႔ သိတယ္ေလ။ ေဒၚစုေတာ့ က်ေနာ္တို႔မသိဘူး။ ေဒၚစု ဘယ္ကၿပိဳင္မယ္၊ ဘာညာ အခုထိေတာ့ မသိရေသးဘူး။ ”လုိ႔ မံုရြာေအာင္ရွင္ကေျပာပါတယ္။

ဇူလိုင္လ ၁၃ ရက္ေန႔ ညပိုင္းက စတင္ၿပီး နုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ ခ်ဳပ္ပါတီ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ေနၿပည္ေတာ္က ဝန္ထမ္းေတြေနထုိင္တဲ့ ဥတၱရသီရိၿမိဳ႕နယ္ကေန ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မွာၿဖစ္တယ္လို႔ လူမႈကြန္ယက္စာမ်က္ႏွာမွာ ပုိ႔စ္ေတြ ေရးသားလာသလို၊ သတင္းစာအေယာင္ေစာင္ စာမ်က္ႏွာတစ္ခုလည္း ပ်ံႏွံ႔လာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီသတင္းေတြဟာ ဒီကေန႔မြန္းလြဲပုိင္အခ်ိန္အထိ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေကာလဟ လသတင္းအၿဖစ္ ပ်ံႏွံေနဆဲၿဖစ္ပါတယ္။ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ ေၿပာေရးဆိုခြင့္ရွိသူကေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး VOM ရဲ့ ေမၿမန္းမႈမွာ အတည္မယူၾကဖုိ႔ ေၿပာဆုိထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW