ကိုဗစ်-၁၉ ကူးစက်မှုနည်းတာကြောင့် မြန်မာကျောင်းသားတွေကို ထိုင်ဝမ်နိုင်ငံကပြန်လက်ခံ

ကိုဗစ်-၁၉ ကူးစက်မှုနည်းတာကြောင့် မြန်မာကျောင်းသားတွေကို ထိုင်ဝမ်နိုင်ငံကပြန်လက်ခံ

တိုင်ပေ၊ ဇူလိုင်-၁၆-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုနည်းပါးတဲ့နိုင်ငံတွေနဲ့ ကူးစက်မှုအလယ်အလတ်ရှိတဲ့နိုင်ငံတွေက ကျောင်းသားတွေကို ထိုင်ဝမ်မှာ ကျောင်းပြန်တက်ဖို့ ပြန်လည်လက်ခံရာမှာ မြန်မာနိုင်ငံက ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ထိုင်ဝမ်ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှ ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ရဲ့အရေးပေါ်အခြေအနေထိန်းချုပ်ရေးဌာနဟာ အဲ့ဒီလိုနိုင်ငံတွေနဲ့ နယ်မြေတွေစာရင်းကို ပြုစုချိန်ကစပြီး နိုင်ငံတကာကျောင်းသား ၄၃၁ ဦးကို ထိုင်ဝမ်မှာ ကျောင်းပြန်တက်ခွင့်ပြုထားတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကူးစက်မှုနည်းတဲ့နိုင်ငံနဲ့ နယ်မြေ ၁၉ ခုမှ နိုင်ငံတကာကျောင်းသားပေါင်း(၆၇၉၅)ဦး ထိုင်ဝမ်ကိုပြန်လာကာ ပညာသင်ကြားဖို့ ခွင့်ပြုပေးလိုက်ပြီး ကျောင်းသားအများစုကတော့ ဟောင်ကောင်က ဖြစ်တယ်လို့ပြောပါတယ်။

လက်ရှိအချိန်ထိ ထိုင်ဝမ်ကို ဝင်ရောက်ခွင့်ပြုထားတဲ့ ကျောင်းသားတွေထဲက ၂၉၂ ဦးပြန်လာကြပြီး နောက်ထပ်ခြောက်ဦးလည်း ဇူလိုင် ၁၆ ရက်မှာ ရောက်ရှိမယ်လို့ ပညာရေးဝန်ကြီးဌာနကပြောပါတယ်။

ယခင်က ပညာသင်လက်စ ကျောင်းသားဟောင်းတွေအပြင် ထိုင်ဝမ်မှာ တက္ကသိုလ်တက်မယ့် ကျောင်းသားသစ်တွေလည်း ဇူလိုင် ၂၂ ရက်ကစပြီး ထိုင်ဝမ်ကို လာရောက်ခွင့်ပြုသွားမှာဖြစ်ပြီး အရေအတွက်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။

ထိုင်ဝမ်မှာ ပညာသင်ကြားဖို့ ကျောင်းသားများကို ဝင်ခွင့်ပြုလိုက်တဲ့နိုင်ငံနဲ့ နယ်မြေ ၁၉ ခုကတော့ မြန်မာ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ ပလာအို၊ သြစတြေးလျ၊ နယူးဇီလန်၊ ဘရူနိုင်း၊ ဖီဂျီ၊ မွန်ဂိုလီးယား၊ ဘူတန်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ သီရိလင်္ကာနှင့် ဂျပန်နိုင်ငံတို့ ဖြစ်ပါတယ်။

Ref :Taiwan News
Photo: CAN
#voiceofmyanmar #VOM #တိုင်ပေ

Zawgyi

ကိုဗစ္-၁၉ ကူးစက္မႈနည္းတာေၾကာင္႔ ျမန္မာေက်ာင္းသားေတြကို ထိုင္၀မ္ႏုိင္ငံကျပန္လက္ခံ

တိုင္ေပ၊ ဇူလိုင္-၁၆-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုဗစ္ ၁၉ ေရာဂါ ကူးစက္မႈနည္းပါးတဲ႔နိုင္ငံေတြနဲ႔ ကူးစက္မႈအလယ္အလတ္ရိွတဲ႔နိုင္ငံေတြက ေက်ာင္းသားေတြကို ထိုင္၀မ္မွာ ေက်ာင္းျပန္တက္ဖို႔ ျပန္လည္လက္ခံရာမွာ ျမန္မာနိုင္ငံက ေက်ာင္းသားေတြလည္း ပါ၀င္တယ္လို႔ ထိုင္၀မ္ပညာေရး၀န္ၾကီးဌာနက ဇူလိုင္ ၁၅ ရက္မွ ထုတ္ျပန္ပါတယ္။

ထိုင္၀မ္ရဲ႕အေရးေပၚအေျခအေနထိန္းခ်ဳပ္ေရးဌာနဟာ အဲ့ဒီလိုနုိင္ငံေတြနဲ႔ နယ္ေျမေတြစာရင္းကို ျပဳစုခ်ိန္ကစျပီး နိုင္ငံတကာေက်ာင္းသား ၄၃၁ ဦးကို ထိုင္၀မ္မွာ ေက်ာင္းျပန္တက္ခြင္႔ျပဳထားတယ္လို႔ ပညာေရး၀န္ၾကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံအပါအ၀င္ ကူးစက္မႈနည္းတဲ႔နုိင္ငံနဲ႔ နယ္ေျမ ၁၉ ခုမွ နိုင္ငံတကာေက်ာင္းသားေပါင္း(၆၇၉၅)ဦး ထိုင္၀မ္ကိုျပန္လာကာ ပညာသင္ၾကားဖို႔ ခြင္႔ျပဳေပးလိုက္ျပီး ေက်ာင္းသားအမ်ားစုကေတာ႔ ေဟာင္ေကာင္က ျဖစ္တယ္လို႔ေျပာပါတယ္။

လက္ရိွအခ်ိန္ထိ ထိုင္၀မ္ကို ၀င္ေရာက္ခြင္႔ျပဳထားတဲ႔ ေက်ာင္းသားေတြထဲက ၂၉၂ ဦးျပန္လာၾကျပီး ေနာက္ထပ္ေျခာက္ဦးလည္း ဇူလိုင္ ၁၆ ရက္မွာ ေရာက္ရိွမယ္လို႔ ပညာေရး၀န္ၾကီးဌာနကေျပာပါတယ္။

ယခင္က ပညာသင္လက္စ ေက်ာင္းသားေဟာင္းေတြအျပင္ ထိုင္၀မ္မွာ တကၠသိုလ္တက္မယ္႔ ေက်ာင္းသားသစ္ေတြလည္း ဇူလိုင္ ၂၂ ရက္ကစျပီး ထိုင္၀မ္ကို လာေရာက္ခြင္႔ျပဳသြားမွာျဖစ္ျပီး အေရအတြက္ကိုေတာ႔ ေဖာ္ျပျခင္းမရိွပါဘူး။

ထိုင္၀မ္မွာ ပညာသင္ၾကားဖို႔ ေက်ာင္းသားမ်ားကို ၀င္ခြင္႔ျပဳလိုက္တဲ႔နိုင္ငံနဲ႔ နယ္ေျမ ၁၉ ခုကေတာ႔ ျမန္မာ၊ ဗီယက္နမ္၊ ေဟာင္ေကာင္၊ မကာအို၊ ထိုင္း၊ ပလာအို၊ ၾသစေၾတးလ်၊ နယူးဇီလန္၊ ဘရူနိုင္း၊ ဖီဂ်ီ၊ မြန္ဂိုလီးယား၊ ဘူတန္၊ လာအို၊ ကေမၻာဒီးယား၊ မေလးရွား၊ စင္ကာပူ၊ ေတာင္ကိုရီးယား၊ သီရိလကၤာနွင္႔ ဂ်ပန္နိုင္ငံတို႔ ျဖစ္ပါတယ္။

Ref :Taiwan News
Photo: CAN
#voiceofmyanmar #VOM #တိုင္ေပ

Related posts

Leave a Comment

VOM News

FREE
VIEW