အမွှာမောင်နှမ (၂)ဦးကို ပုထွေးဖြစ်သူက မုဒိမ်းကျင့်

အမွှာမောင်နှမ (၂)ဦးကို ပထွေးဖြစ်သူက မုဒိမ်းကျင့်

ကလေး၊ ဇူလိုင် ၁၆-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလှိုင်ရပ်ကွက်မှာ မိန်းမဖြစ်သူဖက်ကနေပါလာတဲ့ သားနဲ့သမီး အမွှာမောင်နှမ (၂)ဦးကို ပထွေးဖြစ်သူ အသက် (၃၂)နှစ်အရွယ် ဦးလားမှူလျန်နာဆိုသူက ဓမ္မတာ အတိုင်းမဟုတ်ဘဲ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

ုပထွေးဖြစ်သူမုဒိမ်းကျင့်ခဲ့တဲ့ မိန်းကလေးနဲ့ ယောင်္ကျားကလေး နှစ်ဦး (အမွှာ)မောင်နှမဟာ အသက်(၉)နှစ်အရွယ်သာ ရှိသေးတာဖြစ်ပြီး အဲ့ဒီကလေးနှစ်ယောက်ကို ၂၀၁၉ ခုနှစ် ထဲကနေ စတင်ကာ မိခင်မရှိတဲ့အချိန် အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို အကြိမ်ကြိမ်မုဒိမ်းကျင့်နေတာကို မိခင်ဖြစ်သူက ဇူလိုင်လ ၁၄ ရက်နေ့မှာသိရှိပြီး ကလေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

“ဒီဖြစ်စဉ် ဖြစ်ပွားပြီး ဦးလားမှူလျန်နာက ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။ ဒီလို တိမ်းရှောင်နေတာကြောင့် ကလေးမြို့မရဲစခန်း က ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာမှာတော့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်”လို့ ကလေးမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမြို့မရဲစခန်း မှာ (ပ)၇၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ နဲ့ အမှုဖွင့်ထားပြီး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကလေး

Zawgyi

အမႊာေမာင္ႏွမ (၂)ဦးကို ပေထြးျဖစ္သူက မုဒိမ္းက်င့္

ကေလး၊ ဇူလိုင္ ၁၆-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ မြန္းလႈိင္ရပ္ကြက္မွာ မိန္းမျဖစ္သူဖက္ကေနပါလာတဲ့ သားနဲ႔သမီး အမႊာေမာင္ႏွမ (၂)ဦးကို ပေထြးျဖစ္သူ အသက္ (၃၂)ႏွစ္အ႐ြယ္ ဦးလားမႉလ်န္နာဆိုသူက ဓမၼတာ အတိုင္းမဟုတ္ဘဲ မုဒိမ္းက်င့္တဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့တယ္လို႔ ကေလးၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ုပေထြးျဖစ္သူမုဒိမ္းက်င့္ခဲ့တဲ့ မိန္းကေလးနဲ႔ ေယာက်ၤားကေလး ႏွစ္ဦး (အမႊာ)ေမာင္ႏွမဟာ အသက္(၉)ႏွစ္အ႐ြယ္သာ ရွိေသးတာျဖစ္ၿပီး အဲ့ဒီကေလးႏွစ္ေယာက္ကို ၂၀၁၉ ခုႏွစ္ ထဲကေန စတင္ကာ မိခင္မရွိတဲ့အခ်ိန္ အႀကိမ္ႀကိမ္ မုဒိမ္းက်င့္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီလို အႀကိမ္ႀကိမ္မုဒိမ္းက်င့္ေနတာကို မိခင္ျဖစ္သူက ဇူလိုင္လ ၁၄ ရက္ေန႔မွာသိရွိၿပီး ကေလးၿမိဳ႕မရဲစခန္းမွာ တိုင္တန္းခဲ့တာ ျဖစ္ပါတယ္။

“ဒီျဖစ္စဥ္ ျဖစ္ပြားၿပီး ဦးလားမႉလ်န္နာက ထြက္ေျပးတိမ္းေရွာင္ေနခဲ့ပါတယ္။ ဒီလို တိမ္းေရွာင္ေနတာေၾကာင့္ ကေလးၿမိဳ႕မရဲစခန္း က ရဲတပ္ဖြဲ႕ဝင္ေတြက လိုက္လံစုံစမ္းခဲ့ရာမွာေတာ့ ဇူလိုင္လ ၁၅ ရက္ေန႔မွာ ဖမ္းဆီးရမိခဲ့တယ္”လို႔ ကေလးၿမိဳ႕မရဲစခန္း က တာဝန္ရွိသူတစ္ဦး ကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ကေလးၿမိဳ႕မရဲစခန္း မွာ (ပ)၇၃၈/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၇ နဲ႔ အမႈဖြင့္ထားၿပီး အေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကေလး

Related posts

Leave a Comment

VOM News

FREE
VIEW