အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့ အမေရိကန်ဒေါ်လာ(၁၇၁.၂၇) သန်း ချေးယူခွင့်ပြုရေး ပြည်ထောင်စုလွှတ်တော်ကို တင်ပြ

အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့ အမေရိကန်ဒေါ်လာ(၁၇၁.၂၇) သန်း ချေးယူခွင့်ပြုရေး ပြည်ထောင်စုလွှတ်တော်ကို တင်ပြ

နေပြည်တော်၊ ဇူလိုင် ၁၆-၂၀၂၀
စွမ်းရဲထွဋ် (VOM)

တိုင်းနဲ့ ပြည်နယ်(၄)ခုက အိမ်ထောင်စု လေးသိန်းကျော်ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ (၁၇၁.၂၇)သန်း ချေးယူခွင့်ပြုရေး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အဲ့ဒီချေးငွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကနေ ရယူမှာဖြစ်ပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း(၂၈၁၅)က အိမ် ထောင်စုပေါင်း (၄၀၀၃၀၀)အတွက် နိုင်ငံတော်ဓါတ်အားကနေ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။

စီမံကိန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းက အကောင်အ ထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။

“၂၀၃၀ပြည့်နှစ် တစ်နိုင်ငံလုံး ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အထောက်အကူပြုတဲ့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးဆိုင်ရာစီမံကိန်းများကို အချိန်မီအကောင်အထည်ဖော်ဖို့ ရည်ရွယ်ပါတယ်”လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေဆိုင်ရာစည်းကမ်းချက်တွေကတော့ ဆိုင်းငံ့ကာလ ၈ နှစ်၊ ပြန်ဆပ်ကာလ ၂၄ နှစ်နဲ့ စုစုပေါင်း ချေးငွေသက်တမ်း ၃၂ နှစ်ဖြစ်ပြီး အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွင်း တစ်နှစ်ကို ၁.၀ ရာခိုင် နှုန်း၊ ပြန်ဆပ်ကာလအတွင်း တစ်နှစ်ကို ၁.၅ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

ချေးငွေရဲ့ Grant Element မှာ ၄.၈ ရာခိုင်နှုန်းလောက်ဖြစ်တာကြောင့် သက်သာတဲ့ ချေးငွေတစ်ခုဖြစ်တယ်လို့ ဦးမောင်မောင်ဝင်းက လွှတ်တော်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ချေးငွေရယူဆောင်ရွက်မယ့် စီမံကိန်းကာလကတော့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်ထိ ၇ နှစ်တိတိ ဖြစ်ပြီး ဆောင်ရွက်မယ့်လုပ်ငန်းအပိုင်းတွေနဲ့ သုံးစွဲမယ့် ငွေပမာဏကတော့ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓါတ်အားခွဲရုံနဲ့ ဓါတ်အားလိုင်းတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၂၄.၈၆ သန်း၊ Distribution Automation System (DAS) တပ်ဆင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၄ သန်း၊ စီမံကိန်းအတိုင်ပင်ခံငှားရမ်းဖို့အတွက် အမေရိကန်ဒေါ်လာ ၅.၉၇ သန်း၊ မမျှော်မှန်းနိုင်သော ကုန်ကျစရိတ်အတွက် အမေရိကန်ဒေါ်လာ ၂၁.၂၈ သန်းနဲ့ စီမံကိန်းကာလအတွင်းအတိုး အမေရိကန်ဒေါ်လာ ၅.၁၆ သန်းတို့ပဲဖြစ်ပါတယ်။

ချေးငွေရယူရေးကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် အခုလ ၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားကာ အမည်စာရင်းပေးသွင်းနိုင်ပြီး ၂၄ ရက်နေ့မှာပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခွင့်ပြုဖို့ လျာထားတယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးကြေငြာခဲ့ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အိမ္ေထာင္စု ေလးသိန္းေက်ာ္ကုိ လွ်ပ္စစ္ဓါတ္အားၿဖန္႔ၿဖဴးနုိင္ဖုိ႔ အေမရိကန္ေဒၚလာ(၁၇၁.၂၇) သန္း ေခ်းယူခြင့္ၿပဳေရး ၿပည္ေထာင္စုလႊတ္ေတာ္ကုိ တင္ၿပ

ေနၿပည္ေတာ္၊ ဇူလုိင္ ၁၆-၂၀၂၀
စြမ္းရဲထြဋ္ (VOM)

တုိင္းနဲ႔ ၿပည္နယ္(၄)ခုက အိမ္ေထာင္စု ေလးသိန္းေက်ာ္ကုိ လွ်ပ္စစ္ဓါတ္အားၿဖန္႔ၿဖဴးနုိင္ဖုိ႔အတြက္ အေမရိကန္ေဒၚလာ (၁၇၁.၂၇)သန္း ေခ်းယူခြင့္ၿပဳေရး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးေမာင္ေမာင္ဝင္းက ဒီကေန႔ျပဳလုပ္တဲ့ ၿပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ တင္ၿပခဲ့ပါတယ္။
အဲ့ဒီေခ်းေငြကုိ အာရွဖြံ႔ၿဖိဳးေရးဘဏ္ (ADB)ကေန ရယူမွာၿဖစ္ၿပီး ကရင္ၿပည္နယ္၊ ပဲခူးတုိင္း(အေရွ႕ပုိင္း)၊ မေကြးတုိင္းနဲ႔ ဧရာဝတီတုိင္းအတြင္းမွာရွိတဲ့ ေက်းရြာေပါင္း(၂၈၁၅)က အိမ္ ေထာင္စုေပါင္း (၄၀၀၃၀၀)အတြက္ နုိင္ငံေတာ္ဓါတ္အားကေန လွ်ပ္စစ္ဓါတ္အား ၿဖန္႔ၿဖဴးေပးနုိင္မွာၿဖစ္ပါတယ္။

စီမံကိန္းကုိ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ၾကီးဌာန၊ လွ်ပ္စစ္ဓါတ္အားၿဖန္႔ၿဖဴးေရးလုပ္ငန္းက အေကာင္အ ထည္ေဖာ္ေဆာင္ရြက္မွာၿဖစ္ပါတယ္။

“၂၀၃၀ၿပည့္ႏွစ္ တစ္နုိင္ငံလံုး ဓါတ္အားၿဖန္႔ၿဖဴးေပးနုိင္ေရးအတြက္ အေထာက္အကူၿပဳတဲ့ လွ်ပ္စစ္ ဓါတ္အားၿဖန္႔ၿဖဴးေရးဆုိင္ရာစီမံကိန္းမ်ားကုိ အခ်ိန္မီအေကာင္အထည္ေဖာ္ဖုိ႔ ရည္ရြယ္ပါတယ္”လုိ႔ ဒုတိယဝန္ၾကီး ဦးေမာင္ေမာင္ဝင္းက ေၿပာပါတယ္။

အာရွဖြံ႔ၿဖိဳးေရးဘဏ္ရဲ့ ေခ်းေငြဆုိင္ရာစည္းကမ္းခ်က္ေတြကေတာ့ ဆုိင္းငံ့ကာလ ၈ ႏွစ္၊ ၿပန္ဆပ္ကာလ ၂၄ ႏွစ္နဲ႔ စုစုေပါင္း ေခ်းေငြသက္တမ္း ၃၂ ႏွစ္ၿဖစ္ၿပီး အတိုးႏႈန္းမွာ ဆုိင္းင့ံကာလအတြင္း တစ္ႏွစ္ကုိ ၁.၀ ရာခိုင္ ႏႈန္း၊ ၿပန္ဆပ္ကာလအတြင္း တစ္ႏွစ္ကို ၁.၅ ရာခုိင္ႏႈန္းၿဖစ္တယ္လုိ႔ သိရပါတယ္။

ေခ်းေငြရဲ့ Grant Element မွာ ၄.၈ ရာခုိင္ႏႈန္းေလာက္ၿဖစ္တာေၾကာင့္ သက္သာတဲ့ ေခ်းေငြတစ္ခုၿဖစ္တယ္လုိ႔ ဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္ကုိ တင္ၿပခဲ့တာျဖစ္ပါတယ္။

ေခ်းေငြရယူေဆာင္ရြက္မယ့္ စီမံကိန္းကာလကေတာ့ ၂၀၂၁ ခုႏွစ္ကေန ၂၀၂၇ ခုႏွစ္ထိ ၇ ႏွစ္တိတိ ၿဖစ္ၿပီး ေဆာင္ရြက္မယ့္လုပ္ငန္းအပုိင္းေတြနဲ႔ သံုးစြဲမယ့္ ေငြပမာဏကေတာ့ ၆၆ ေကဗြီ၊ ၃၃ ေကဗြီ ဓါတ္အားခြဲရံုနဲ႔ ဓါတ္အားလုိင္းတည္ေဆာက္ဖုိ႔အတြက္ အေမရိကန္ေဒၚလာ ၁၂၄.၈၆ သန္း၊ Distribution Automation System (DAS) တပ္ဆင္ဖုိ႔အတြက္ အေမရိကန္ေဒၚလာ ၁၄ သန္း၊ စီမံကိန္းအတုိင္ပင္ခံငွားရမ္းဖုိ႔အတြက္ အေမရိကန္ေဒၚလာ ၅.၉၇ သန္း၊ မေမွ်ာ္မွန္းနုိင္ေသာ ကုန္က်စရိတ္အတြက္ အေမရိကန္ေဒၚလာ ၂၁.၂၈ သန္းနဲ႔ စီမံကိန္းကာလအတြင္းအတိုး အေမရိကန္ေဒၚလာ ၅.၁၆ သန္းတို႔ပဲၿဖစ္ပါတယ္။

ေခ်းေငြရယူေရးကိစၥနဲ႔ ပတ္သက္ၿပီး ပါဝင္ေဆြးေႏြးလိုတဲ့ လႊတ္ေတာ္ကုိယ္စားလွယ္ေတြရွိရင္ အခုလ ၂၁ ရက္ေန႔ ညေန ၄ နာရီ ေနာက္ဆံုးထားကာ အမည္စာရင္းေပးသြင္းနုိင္ၿပီး ၂၄ ရက္ေန႔မွာျပဳလုပ္မယ့္ လႊတ္ေတာ္အစည္းအေဝးမွာ ေဆြးေႏြးခြင့္ၿပဳဖုိ႔ လ်ာထားတယ္လို႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က လႊတ္ေတာ္ကုိယ္စားလွယ္ေတြကို အသိေပးေၾကၿငာခဲ့ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW