သင်္ကန်းဝတ်တစ်ဦး မောင်းလာသည့် ကားပေါ်မှ စိတ်ကြွဆေးပြား ဆယ်သိန်းခန့် ဖမ်းမိ

သင်္ကန်းဝတ်တစ်ဦး မောင်းလာသည့် ကားပေါ်မှ စိတ်ကြွဆေးပြား ဆယ်သိန်းခန့် ဖမ်းမိ

ကလေး ဇူလိုင် ၁၆-၂၀၂၀
ငြိမ်းသူမင်း(VOM)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့မှာ သင်္ကန်းဝတ်တစ်ဦး မောင်းနှင်လာတဲ့ကားကို စစ်ဆေးရာကနေ စိတ်ကြွးဆေးပြား ဆယ်သိန်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ပေါင်းလောင်းမြို့ အတွင်းမှာရှိတဲ့ လိန်းလီတံတားပေါ်မှာ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က တာဝန်ရှိသူတွေ ပိတ်ဆို့ရှာဖွေတာပြုလုပ်နေတဲ့အချိန်မှာ ပင်လောင်းမြို့ဘက်ကနေပြီး ပေါင်းလောင်းမြို့ဘက်ကို မောင်းနှင်လာတဲ့ကားကို တားပြီး စစ်ဆေးရာမှာ အစစ်မခံဘဲ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ကားကိုမောင်းပြီး ထွက်ပြေးတာကြောင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာတော့ ပေါင်းလောင်းမြို့၊ ဖိုးကုန်းရပ်ကွက်မှာရှိတဲ့ နယ်မြေရဲစခန်းရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

“ဖမ်းဆီးရမိတဲ့ကားကို စစ်ဆေးရာမှာတော့ ကားမောင်းလာသူဟာ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ အေ ာင်ဆုပန်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဥုးဓမ္မဝံသ ၊လူအမည် ဦးနိုင်အေး အသက်(၃၉)နှစ် ရဟန်းဝါ (၁၉)ဝါ ဖြစ်ပြီး ကားထဲကနေ စိတ်ကြွဆေးပြား ဆယ်သိန်းခန့် ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်”လို့ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီလို ဖမ်းဆီးရမိတာကြောင့် ဥုးဓမ္မဝံသကို လူဝတ်လဲဖမ်းဆီးထားပြီး အရေးယူနိုင်ရေး နဲ့ ဆက်စပ် တရာခံတွေကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar #VOM #ပေါင်းလောင်း

Zawgyi

သကၤန္းဝတ္တစ္ဦး ေမာင္းလာသည့္ ကားေပၚမွ စိတ္ႂကြေဆးျပား ဆယ္သိန္းခန႔္ ဖမ္းမိ

ကေလး ဇူလိုင္ ၁၆-၂၀၂၀
ၿငိမ္းသူမင္း(VOM)

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္ေလာင္းၿမိဳ႕နယ္၊ ေပါင္းေလာင္းၿမိဳ႕မွာ သကၤန္းဝတ္တစ္ဦး ေမာင္းႏွင္လာတဲ့ကားကို စစ္ေဆးရာကေန စိတ္ႂကြးေဆးျပား ဆယ္သိန္းခန႔္ ဖမ္းဆီးရမိခဲ့တယ္လို႔ ပင္ေလာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

ေပါင္းေလာင္းၿမိဳ႕ အတြင္းမွာရွိတဲ့ လိန္းလီတံတားေပၚမွာ မေန႔ ဇူလိုင္လ ၁၅ ရက္ေန႔က တာဝန္ရွိသူေတြ ပိတ္ဆို႔ရွာေဖြတာျပဳလုပ္ေနတဲ့အခ်ိန္မွာ ပင္ေလာင္းၿမိဳ႕ဘက္ကေနၿပီး ေပါင္းေလာင္းၿမိဳ႕ဘက္ကို ေမာင္းႏွင္လာတဲ့ကားကို တားၿပီး စစ္ေဆးရာမွာ အစစ္မခံဘဲ ထြက္ေျပးခဲ့တယ္လို႔ သိရပါတယ္။

ကားကိုေမာင္းၿပီး ထြက္ေျပးတာေၾကာင့္ တာဝန္ရွိ ရဲတပ္ဖြဲ႕ဝင္ေတြက လိုက္လံဖမ္းဆီးရာမွာေတာ့ ေပါင္းေလာင္းၿမိဳ႕၊ ဖိုးကုန္းရပ္ကြက္မွာရွိတဲ့ နယ္ေျမရဲစခန္းေရွ႕မွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

“ဖမ္းဆီးရမိတဲ့ကားကို စစ္ေဆးရာမွာေတာ့ ကားေမာင္းလာသူဟာ တပ္ကုန္းၿမိဳ႕၊ ဘုရင့္ေနာင္ရပ္ကြက္၊ ေအ ာင္ဆုပန္ေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ဥဳးဓမၼဝံသ ၊လူအမည္ ဦးႏိုင္ေအး အသက္(၃၉)ႏွစ္ ရဟန္းဝါ (၁၉)ဝါ ျဖစ္ၿပီး ကားထဲကေန စိတ္ႂကြေဆးျပား ဆယ္သိန္းခန႔္ ရွိတဲ့ မူးယစ္ေဆးဝါးေတြကို ဖမ္းဆီးရမိခဲ့တယ္”လို႔ ပင္ေလာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဒီလို ဖမ္းဆီးရမိတာေၾကာင့္ ဥဳးဓမၼဝံသကို လူဝတ္လဲဖမ္းဆီးထားၿပီး အေရးယူႏိုင္ေရး နဲ႔ ဆက္စပ္ တရာခံေတြကို ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ ပင္ေလာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

#voiceofmyanmar #VOM #ေပါင္းေလာင္း

Related posts

Leave a Comment

VOM News

FREE
VIEW